Ep 12

282 61 12
                                    

ဘယ်လိုပြောပြော ပြန်ဖွင့်မလာတော့တဲ့
တံခါးကို ကြည့်ရင်း လူက ဆွံ့အနေမိသည် ...၊

ဟိုဘက်ခန်းမှာ အိပ်လိုက်ပါ တဲ့ ...။

ပြန်မှတ်မိသွားတဲ့ရက်တည်းက
အနားကနေ တစ်ဖဝါးမှ မခွာရက်ခဲ့တဲ့ သူကို
ပြောသွားလိုက်တာများ ...၊

တစ်ယောက်တည်း နေချင်လို့ တဲ့ ...။

အရင်ဘဝမှာရော၊ အခုဘဝမှာရော
ပြေးကြည့်လိုက်တိုင်း
အတိအကျ နှစ်ယောက်တည်းပဲ ရှိခဲ့တာမို့ ၊

အဆုံးထိ နှစ်ယောက်တည်းပဲ ရှိသွားချင်တာမို့
တခြားအမှိုက်တွေ ဝင်မလာနိုင်အောင်
လက်ထပ်ထားချင်တာ ဘာများ မှားလို့လဲ ?

မချစ်တော့တာများလား လို့ တွေးရအောင်လည်း
တစ်ယောက်ကို ရှာဖွေဖို့ တစ်ယောက်က
မွေးဖွားလာကြရတဲ့ ဆက်နွှယ်မှုတွေကို
အားနာစရာကောင်းလွန်းသွားပြန်တယ် ...၊

အစစ အရာရာလည်း အဆင်ပြေနေခဲ့ကြတာပဲ ၊
ဘာတွေကများ အဲ့လောက်ထိခါးခါးသီးသီးဖြစ်နေစရာလိုတာလဲ ?

တွေးရင်းနဲ့ လှိုက်တက်လာတဲ့ ဝမ်းနည်းမှုဟာ
ဘယ်လိုမှ ဖြေဆည်လို့ မရနိုင်ခဲ့ ....။

အိမ်အလုပ်တွေ လျှောက်လုပ်ပစ်တော့လည်း
ဘာမှ ထူးခြားမလာ ...၊

ပန်းပင်ရေလောင်းလည်း စိတ်မကောင်း၊
ကြမ်းတိုက်တော့လည်း ဝမ်းနည်း၊
သူ့ဖိနပ်ကလေးတွေ ဖုန်သုတ်ပေးပြန်တော့လည်း
ရင်ထဲမကောင်း၊ နေမရ ထိုင်မရ ...။

ဘာလို့များ ငြင်းရသလဲ ?
ဘာလို့ မကောင်းတာကိုပဲ တွေးပြီး
စိတ်ပူတတ်ရတာလဲ ?

အခက်အခဲတွေကြားကနေတောင်
ချစ်လွန်းလို့...၊ မခွဲနိုင်လွန်းလို့...၊
မရမက လက်ထပ်ခဲ့ကြရင်းကနေပဲ ဒီဘဝထိ
အခုလို ပြန်ဆုံနေကြတာပဲလေ ...

တကယ်ဆို ကမ္ဘာ့ရန်ဘက်နိုင်ငံနှစ်ခုမှာ
ပြန်မွေးဖွားလာကြတာတောင်မှ
မရမက ပြန်လာရှာခဲ့တာပဲမဟုတ်လား ?

ဦးနှောက်က မမှတ်မိခင်မှာတောင်
နှလုံးသားထဲစွဲပြီး အသွေး အသားတွေက အစ
​သူ့ရဲ့ အရာရာတိုင်းကို မှတ်မိနေခဲ့တာ ...။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now