Ep 22

225 36 1
                                    

အသည်းအသန်ငိုနေခဲ့တဲ့ ငယ်ဟာ
အသက်ရှူရပ်တော့မလိုအထိ ငိုနေခဲ့တာမို့
ဆရာဝန်တွေပါရောက်လာကာ စိတ်ငြိမ်ဆေးနဲ့
အိပ်ဆေးလာထိုးပေးသွားခဲ့မှ အိပ်ပျော်သွားသည်။

ဒါတောင် ကိုယ့်ဖိနပ်တစ်ဖက်ကို
မရမက ရင်ခွင်ထဲပိုက်‌ထားပြီးမှ ဆေးထိုးခံခဲ့တာ။
ဖိနပ်‌တွေက ညစ်ပတ်တာမို့ လက်ကိုပဲတွဲပြီး အိပ်ပါ၊
မဟုတ်လည်း ဖက်ထားပေးပါ့မယ်လို့ ပြောတော့၊

"လက်တွေကို တွဲထားလည်း ကိုယ်အိပ်သွားရင်
ဖြုတ်ချခဲ့နိုင်သလို ဖက်ထားရင်လည်း လွှတ်ခဲ့မှာပဲ။
ဖိနပ်တွေကို သိမ်းထားလိုက်ရင်တော့ မင်းဘယ်ကိုမှ
ထွက်သွားလို့ မရတော့ဘူး" တဲ့လေ။

ခရီးဆောင်အိတ်ထဲကနေ
ငယ့်ရဲ့ခြေအိတ်ဖြူဖြူလေးကို ထုတ်ကာ
ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်ပြီး
ဆေးရုံကုတင်ပေါ်တက်ကာ နဖူးပြင်လေးကို
တစ်ချက်နမ်းလိုက်သည်။

ပြီးတော့ ဖောင်းအိနေတဲ့ ပါးလုံး‌လုံးလေး‌ေတွ။

အနည်းငယ် မို့အစ်နေတဲ့ မျက်ခွံလေးတွေရယ်။

နှုတ်ခမ်းပါးလေးရယ်။ ဆံစပ်လေးတွေရယ်။

ကလေးငယ်လေးလို အိပ်ပျော်နေတဲ့ ကမ္ဘာငယ်လေးရဲ့ မျက်နှာအနှံ့ကို ခပ်ဖွဖွ ဖိကပ်နမ်းရင်း
တစ်စထက် တစ်စပြိုကျလာတဲ့ နှလုံးသားအကျိုးအပဲ့တွေကို အနမ်းတွေအဖြစ် ပြောင်းလဲကာ
ကမ္ဘာငယ်လေးကို ပေးအပ်ခဲ့ဖို့ ကြိုးစားခဲ့သည်။

"ငယ့်ကို ရင်ခွင်ထဲမှာ သိမ်းထားရင်းနဲ့ပဲ
ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ တစ်နေ့ကိုရောက်ရင်
အရာအားလုံးအတွက် အတိုးချပြီး ဒီအထီးကျန်မှုတွေအဆုံးမှာ ငယ့်ကို မလွှတ်တမ်း ဖက်တွယ်ထားပါ့မယ်"

ဆံပင်လေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးတော့
လက်ဖျားတွေကို ဆုပ်ကိုင်လာတဲ့အခါ
ခန္ဓာကိုယ်ငယ်‌လေးကို အလန့်တကြား ဆွဲလှည့်တော့ မျက်ဝန်း‌‌ေတွ ပွင့်မလာပေမယ့်
မျက်ရည်တွေကျနေခဲ့တာ။

သူမအိပ်ဘူးပေါ့။
ကိုယ့်ဖိနပ်‌တွေကို စောင်လေးနဲ့လုံးပြီး
ရင်ခွင်ထဲပိုက်ထားခဲ့ပြီးတာတောင်
သူအိပ်မပျော်‌ေသးဘူးပေါ့။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now