အိပ်မက်တွေ ....၊
ပြီးဆုံးသွားခဲ့ပြီဟု ထင်ခဲ့သော
အိပ်မက်တွေ ထပ်ရောက်လာပြန်ပြီ ...။ဒီကောင်လေးကို ထပ်တွေ့ပြန်ပြီ ....။
"ဆော့ကီ၊ ဒီနေ့ ညပိုင်းတာဝန်ကျရင်
ကိုယ်ထမင်းလိပ်လာပို့မယ် ကြားလား ...၊
အဆာမခံရဘူးနော်"
မီးဖိုနားကနေ ပြုံးပြနေတဲ့ ပုံရိပ်တွေ ....၊"Hyung ကို ကျုပ်ချစ်တယ်"
အနည်းငယ် ရှက်နေပုံရတဲ့ မျက်ခုံးနက်နက်တွေ၊"Hyung အတွက် တောပန်းလေး ခူးလာတယ်"
ပန်းအဖြူလေးတွေကို လက်ကိုင်ပဝါလေးနဲ့
ထုပ်ပေးလာတဲ့ လက်ချောင်းသွယ်တွေ ...၊"ဆော့ကီက ကိုယ့်အသက်နဲ့ တမျှ "
ခါးကို သွယ်ယှက်လာတဲ့ လက်ချောင်းတွေနဲ့
ပုခုံးကို ဖွဖွနမ်းလာတဲ့ နှုတ်ခမ်းပါးလေး ...၊"Hyung ဒီမှာကြည့်၊
ကိုယ်နှုတ်ခမ်းမွှေးတွေ ပေါက်နေတယ်"
နှုတ်ခမ်းမွှေး စိမ်းဖန့်ဖန့်လေးတွေ ....၊အပြုံးယေးယေးတွေ၊
နှုတ်ခမ်းမွှေးစိမ်းစိမ်းလေးတွေ၊
ခါးကိုသိုင်းဖက်ထားတဲ့ လက်ချောင်းသွယ်သွယ်လေးတွေရယ်....၊
နှုတ်ခမ်းပါးလေးတွေရယ် .....။မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရပေမယ့်
ဒီမြင်ကွင်းတွေ မြင်လာရတာနဲ့
အသက်ရှူတွေ ကြပ်လာပြန်ပြီ .....၊
ဘယ်ဘက်ရင်အုံက စူးအောင့်လာပြန်ပြီ .....။"ကျိန်စာတွေ အသက်ပြန်ဝင်လာပြီ"
ဟင် ! ဒီအသံက အရင်ကြားနေကျ
ကောင်လေးရဲ့ အသံ မဟုတ်ဘူး ....၊
ဘယ်သူလဲ ...၊ သူက ဘယ်သူလဲ?
ပြီးတော့ ဘာကျိန်စာလဲ ...?လန့်ဖျပ်ပြီး ထထိုင်လိုက်တော့
ပါးပြင်ပေါ်စီးကျလာတဲ့ မျက်ရည်ပူတွေ...၊
ဘာလို့မှန်းမသိ ငိုချင်လာပြန်ပြီ...။ရင်ထဲက စို့ပြီးလှိုက်တက်လာတဲ့ ခံစားချက်ကြီး၊
တစ်စုံတစ်ခုကို အသည်းအသန် လိုက်ရှာနေရပေမယ့်
ဘာကိုမှန်းလည်း သိမနေပြန်ဘူး ....၊
ပြီးတော့ ဘာကို လွမ်းနေမှန်းလည်း မသိဘူး...။အိပ်မက်အသစ်တွေ ထပ်ရောက်လာပြန်ပြီ...။
စိတ်ပြေလက်ပျောက် မျက်နှာသစ်၊ ရေသောက်ရန်
အခန်းထဲက ထွက်လိုက်တော့
ဧည့်ခန်းမှာ ထိုင်နေတာက ငိုမဲ့မဲ့နဲ့ ယောင်း....၊
သူအခန်းထဲကလည်း ထွက်လာတာကို မြင်ရော
ကလေးတွေလို မျက်နှာလေးမဲ့ကျသွားပြီး
ထိုင်ရာမှ ထလာကာ ခပ်အီအီအသံလေးဖြင့်...
YOU ARE READING
နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)
Fanfiction"ကိုယ်နမ်းလို့ရမလား Seokie မင်းရဲ့ ခင်ပွန်းအနေနဲ့ တောင်းတဲ့ ပထမဆုံးအနမ်းပါ ကိုယ့်ကို လက်ထပ်မယ်မလား ?" Kim Taehyung "ဒီစိတ်ဝိဉာဉ်တွေ ရှင်သန်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ ငယ့်အပိုင်ပါ .... သံသရာဆုံးတဲ့အထိ အတူအိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ခင်ပွန်းဟာ ငယ်ပါပ...