ယောင်းငယ်သည် ကျူးလစ်ပန်းတွေကြားက
ပြန်လာပြီးတဲ့နောက် အချိန်ပြည့်ပြုံးစိစိဖြစ်နေသည်၊ပြီးတော့ ပိုပွင့်လင်းလာသည် ....။
ယခင်က ထမင်းအတူစားကြလျှင်
ပန်းကန်ထဲရောက်လာတတ်သော ဟင်းများသည်
ယခုအခါ ပါးစပ်နားသို့ တန်းရောက်လာသည် ...။LA က ပြန်ရောက်ရောက်ချင်း
ဖုန်းတစ်လုံးဝယ်ပေးထားသောကြောင့်
ယောင်းငယ်သည် ဘာတွေ့တွေ့ ဖုန်းလှမ်းဆက်သည်၊အိမ်တွင် တစ်ခုခုပြန်ယူခိုင်းသော အချိန်မျိုး...၊
ပန်းလိုက်ပို့ခိုင်းသော အချိန်မျိုး...၊
ကုန်ကုန်ပြောရရင် လမ်းထပ်စတိုးဆိုင်သွားရင်း
မုန့်အသစ်ရောက်တာအထိ မြင်မြင်သမျှ
ဖုန်းဆက်ကာ လှမ်းပြောသည်...။"Hyung ဒီနေ့ ပန်းယူတဲ့ အန်တီကြီးက လှလိုက်တာ"
"Hyung စတိုးဆိုင်မှာ ဒီနေ့မုန့်အသစ်ရောက်တယ်"
"Hyung အိမ်ရှေ့က ဝရန်တာမှာ
ငှက်ကလေးတစ်ကောင် လာနားနေတယ်""Hyung ဘာစားဦးမလဲ?"
စသဖြင့် စသဖြင့် Hyung ချင်းထပ်အောင်ခေါ်ကာ
နှစ်ယောက်အတူမရှိတိုင်း ဖုန်းတွေဆက်သည် ...၊ယခုလည်း ပန်းသွားပို့တာမို့
ဘယ်ချိန် ဖုန်းဆက်လာဦးမလဲမသိတာကြောင့်
ဖုန်းကို အနားယူထားလိုက်သည် ...၊"Ring"
ဟော ... ကြည့် ၊ ပြောလို့ပဲ မဆုံးဘူး ...။
"ပြော ယောင်းငယ်ရေ၊ ဘာဖြစ်ပြန်ပြီလဲ"
"ကျွန်တော် ပန်းမှာချင်လို့ပါ "
တစ်ဖက်က အသံခပ်ဩဩအား
ကြားလိုက်ရပြီးနောက် ဟိုဆော့အားနာသွားသည်။"အော် ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျ...၊
ကျွန်တော့်ညီဆက်တာထင်လို့...၊
ဘာပန်းလိုချင်တာလဲမသိဘူးခင်ဗျာ""ကျူးလစ်ပန်းကို အဝါဖျော့နဲ့ အဝါရောင်
ရောပြီး စည်းပေးပါ ""အာ ... တစ်ယောက်ယောက်ကို ပေးဖို့ထင်တယ်"
"ဟုတ်ကဲ့ ...၊
ကျွန်တော့်အတွက် ဖြစ်မလာနိုင်တဲ့သူကို ပေးဖို့ပါ"
YOU ARE READING
နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)
Fanfiction"ကိုယ်နမ်းလို့ရမလား Seokie မင်းရဲ့ ခင်ပွန်းအနေနဲ့ တောင်းတဲ့ ပထမဆုံးအနမ်းပါ ကိုယ့်ကို လက်ထပ်မယ်မလား ?" Kim Taehyung "ဒီစိတ်ဝိဉာဉ်တွေ ရှင်သန်နေသမျှ ကာလပတ်လုံး ကိုယ်ဟာ ငယ့်အပိုင်ပါ .... သံသရာဆုံးတဲ့အထိ အတူအိုမင်းသွားချင်တဲ့ ကိုယ့်ရဲ့ ခင်ပွန်းဟာ ငယ်ပါပ...