Ep - 11

327 63 27
                                    

"ဘယ်သွားမလို့လဲ ?!!"

"ပန်းဆိုင်ကို ..."

ရုတ်တရက် အကြည့်လွှဲပြီး ထထွက်သွားခဲ့သူကို
အနောက်ကနေ လှမ်းခေါ်မိတော့
ပြန်ဖြေသွားတဲ့ပုံစံက ခပ်တည်တည်ပဲ ...။

"စားစရာတွေတော့ ကုန်အောင် စားသွားပါဦး"

"လီနာ လာမရှုပ်နဲ့ !
ငါသွားစရာရှိတယ် ...၊
စားစရာတွေအတွက် ကျေးဇူးပဲ"

တစ်ချက်တောင် လှည့်မကြည့်။

ခြံထဲက ကားထွက်သွားပြီးတဲ့နောက်မှာ
ဝမ်းနည်းခံပြင်းရတဲ့ စိတ်အခံဟာ
ကြိုးလွှတ်လိုက်တဲ့ မြားတစ်စင်းလိုမျိုး
ထိန်းမနိုင် သိမ်းမရပဲ ...၊

နာတယ် ၊
ရင်ထဲက နာတယ်။

ချက်ထားခဲ့သမျှ ဟင်းတွေအကုန် သွန်ပစ်ပြီး
ပန်းကန်တွေ ရိုက်ခွဲပစ်ရင်း စားပွဲပေါ်မှာ ရှိသမျှ
ဝိုင်ခွက်တွေကို တစ်ခွက်ချင်းစီ
ပစ်ချခွဲပစ်လိုက်သည် ...၊

အဖတ်ဆယ်မရအောင်
ပြိုပျက်ကျသွားရတဲ့ စိတ်နှလုံးအစုံဟာ
ကျကွဲသွားတဲ့ ဝိုင်ခွက်ကလေးတွေလိုမျိုးပဲ

တစ်စစီ ပြန့်ကျဲလို့ ....။

အခန်းထဲကို ပြေးဝင်သွားလိုက်ပြန်တော့
မြင်ကွင်းထဲဝင်လာတာက လက်ဆောင်ပေးဖို့
ရည်ရွယ်ရေးဆွဲထားခဲ့သော ပန်းချီကား ...၊

ဂင်ဂိုတွေကြားက အပြုံးနုနုလေးကို
အသေးစိတ် ရေးခြယ်ထားခဲ့သော ပန်းချီကား ...၊

ဆောင်းဝင်ခါစတည်းက ထိုးပေးနေခဲ့သော
ဆွယ်တာ၊

ပေးခဲ့ပြီးသော ..၊
မပေးရတော့ပါသော Cosmos ပန်းတွေ ...၊

စတွေ့စဉ်တည်းက ခိုးရိုက်ပြီး သိမ်းဆည်းခဲ့သော
ပုံရိပ်ပေါင်းစုံရဲ့ ဓာတ်ပုံတွေ ...၊

ဆွဲလက်စ ပုံတူပန်းချီကားတွေက အစ
အနှစ်နှစ် အလလ ရေးဆွဲစုဆောင်းခဲ့ပါသော
ပုံရိပ်တွေအထိ အကုန်ရိုက်ချိုးပစ်လိုက်သည်။

တစ်ရက် နှစ်ရက်လောက် နေရင်
တစ်ပုံမကျန် အကုန်ပြန်ဆွဲဦးမှာကိုလည်း
ကိုယ့်ကိုယ်ကို သိသည်၊

အမှတ်မရှိဘူးပြောလည်း လီနာတို့က
မကြားချင်ယောင် ဆောင်နေလိုက်မှာပဲ ...၊
ချစ်တာကိုး ....။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now