သူ၏စကားတွေထဲမှာ ကျွန်မ အတန်ကြာနစ်မျောနေခဲ့မိသည်။ သူပြောနေ သည့်စကားလုံးများနှင့် သူငေးကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းတွေထဲ ထူးဆန်းသည့် အတွေးများနှင့် နားမလည်နိုင်သည့် ခံစားမူများကို ကျွန်မခံစားနေရပေမယ့် သူ၏ စကားရဲ့ဆိုလိုရင်းကို ကျွန်မ အခုထိ သေချာသဲသဲကွဲကွဲ အဓိပ္ပါယ်မဖေါ်နိုင်သေးပါ။ စဉ်းစားရကျပ်နေသည့် ကျွန်မ၏အတွေးများကြား ကျွန်မမှတ်စုစာအုပ်ထဲ နောက်ဆုံး ရေးလိုက်မိသည်က။{ သူ }
ကျွန်မ၏စိတ်ထဲ ထိုသူဆိုသည့်ပုဂ္ဂိုလ်ကိုသိချင်စိတ်က ပိုမိုများပြားလာခဲ့ သည်။ သူ့ဘဝကို အနည်းငယ်မျှလွှမ်းမိုးခဲ့သောသူ၊၊
ဟင့်အင်း၊၊
ထိုသူက သူ၏ဘဝကို အလုံးစုံလွှမ်းမိုးခြင်းလည်း ဖြစ်နိုင်တာပဲနော်၊၊
TIME မဂ္ဂဇင်းတွင် သုံးကြိမ်မြောက် ရွေးချယ်ခံခဲ့ရဖူးသည့် ကမ္ဘာ့ဆွဲဆောင်မှု အရှိဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး ကင်(မ်)ဂျယ်ဂျွန်ဆိုသူရဲ့ စိတ်ခံစားမှုကို လွှမ်းမိုးနိုင်သူဆို တာ ဘယ်လောက် လူတွေစိတ်ဝင်စားလိမ့်မည်လဲ။ ပြီးတော့ ထိုသူက ယောက်ျား တစ်ယောက်ဆိုသည်က ကျွန်မ သူ၏နောက်ဆက်တွဲ အဖြေတွေကြား သက်သေယူ နိုင်ခဲ့ရင် ဒါဟာဒီအနုပညာလောကကြီးကိုတောင် ဂယက်ရိုက်သွားနိုင်လိမ့်မည်။ ကျွန်မစိတ်အတွေးတွေကိုစုစည်းရန် ဘောလ်ပင်ကို တစ်ချက်နှိပ်လိုက်သည်။ တိတ် ဆိတ်နေသည့်အခန်းထဲ ကျွန်မ၏ဘောလ်ပင်နှိပ်သံက ကျယ်လောင်စွာထွက်ပေါ်လာ သည်။ တကယ်ဆို ဂီတသံလေးတစ်ခုခုအဖြစ် သူ ဖွင့်ထားသင့်တာ၊၊ ဒါဆို အခုလောက် ကျွန်မ၏စိတ်ကို မွန်းကြပ်နေမည်မဟုတ်ပါ။
"ဒါဆို အဲဒီဖိနပ်ကို ရှင်ဘယ်အရွယ်မှာ စီးခဲ့လဲ"
"ဟင့်အင်း ကျွန်တော် မစီးခဲ့ဘူး"
ကျွန်မ၏ဘောလ်ပင်နှိပ်သံ ရပ်တန့်သွားသည်။ သူ့ကို အထူးအဆန်းလို ငေးကြည့်မိတော့။ သူက ကျွန်မကိုကြည့်ပြီး ပုခုံးတစ်ချက်တွန့်ကာ ပြုံးလိုက်သည်။ အသက်(၂၈)နှစ်နှင့်လိုက်ဖက်သည့် အပြုံးဆိုပေမယ့် အသက်ထက်ပိုပြီး နုဖက်နေ သည့်သူ့မျက်နာနှင့်တော့ အနည်းငယ်မျှကလေးဆန်သလိုပင်၊၊ ဒါပေမယ့် ဘယ်လို နေနေ သူကကြည့်ကောင်းလွန်းသူဆိုသည်ကိုတော့ ကျွန်မလက်ခံမိသည်၊၊
