(၇)

294 44 0
                                    




{ အကျင့် }

သူ့စကားများကို နားထောင်ပြီးတော့ မှတ်စုစာအုပ်ထဲ ကျွန်မ နောက်ဆုံး ရေးလိုက်မိသည်က အကျင့်ဆိုသည့်စကားလုံးပင်ဖြစ်သည်။ အလေ့အကျင့်ဆိုသည် မှာ လူသားတွေနေထိုင်သည့်ဘဝအတွက်တော့ မရှိမဖြစ်ကိုလိုအပ်သည့် အပြုအမူ တစ်ခုပင်ဖြစ်သည်။ တစ်ချို့ဆိုးဝါးသည့်ကိစ္စရပ်များကို အလေ့အကျင့်ဖြင့် ကြိုတင် လေ့ကျင့်သင်ကြားခဲ့သည်မဟုတ်လား။ နိစ္စဒူဝ ကျွန်မတို့ဖြတ်သန်းနေသည့် နေ့စဉ် ပုံမှန်အချိန်ဇယားများတောင်မှ မပြောင်းလဲသည့် အလေ့အကျင့်များနှင့်ဖြတ်ကျော်ရ သည်လေ။ မနက်အိပ်ယာနိုးသည်နှင့်မျက်နာသစ်ရသည်ကလည်း ငယ်စဉ်ကတည်းက လေ့ကျင့်ခံရသည့်အလေ့အကျင့်တစ်ခုလေးပဲမဟုတ်လား။ ထို့ကဲ့သို့အလေ့အကျင့်ထဲ တွင် ယခုသူပြောနေသည့် ခွဲခွာခြင်းမျိုးရောရှိသည်တဲ့လား။ 

ခွဲခွာခြင်းက အလေ့အကျင့်တစ်ခုဖြစ်သည်တဲ့လား။

"ခွဲခွာခြင်းက အလေ့အကျင့်တစ်ခုလို ဖြစ်သွားတာလား"

ကျွန်မ၏သိချင်စိတ်ဖြင့် အလိုလိုပွင့်ထွက်လာသည့် စကားကြောင့် ကျွန်မ အရှေ့တွင်ထိုင်နေသည့် သူက ကျွန်မကိုကြည့်လာသည်။ သူ့မျက်ဝန်းလှလှလေးထဲမှာ ယူကျုံးမရဖြစ်နေသည့်ခံစားမူလေးတွေကို ကျွန်မမြင်တွေ့မိတော့ ယောင်္ကျား နှစ်ယောက်ကြားရှိ နှစ်ရှည်လများခံစားချက်များကို ကျွန်မအံ့သြနေမိသည်။ ထိုခံစားမှု များကိုအလိုမကျပေမယ့် ထိုငြိတွယ်ခြင်းတွေက အတွေးများနဲ့တင် လှပလွန်းသည်ကို ကျွန်မ ခံစားမိနေသည်။

"ဟင့်အင်း"

ခေါင်းလေးခါပြီး ဖြေးညင်းစွာထွက်ကျလာသည့် စကားသံက တိုးတိုးလေး သာပင်ဖြစ်သည်။ ဒါပေမယ့် သူ့ဆီက သက်ပြင်းချသံကတော့ ကျယ်လောင်လွန်းလှ ပါသည်။ ထိုကျယ်လောင်သည့် သက်ပြင်းချသံနှင့် ကြေကွဲနေသည့် သူ့မျက်ဝန်းတွေ က ဘာရယ်မသိ ကျွန်မ၏စိတ်ကို မွန်းကြပ်စေပါသည်။ သူက စိတ်ရှုပ်နေမှုကို ထိန်းရန်ထင်သည် ညာလက်ချောင်းလေးများဖြင့် သူရဲ့ဘယ်လက်ရှိလက်သူကြွယ်မှ လက်စွပ်ကို ဆော့ကစားနေသည်။

အစိမ်းရင့်ရင့်အလွမ်းWhere stories live. Discover now