(၆)

293 47 0
                                    




(၅၆၃)ခါ။

ကျွန်မ ထိုဂဏန်းကို စိတ်ထဲအလိုလိုရေရွက်လိုက်မိသည်။ ပြီးတော့ ကောင်လေးနှစ်ယောက်ရဲ့ ပြင်းပြသည့်အနမ်းကိုပုံဖော်ရင်း ကျွန်မစိတ်ထဲ ထိုပြင်းပြမှု ကို အလိုမကျဖြစ်မိသည်။ တစ်ညလုံး ဤမျှလောက် အကြိမ်အရေအတွက်ကို မငြီး မငြူဖန်တီးခဲ့သည်က မက်မောသည့်စိတ်ဆန္ဒတစ်ခုတည်းနှင့်လား။ ဒါဆို ထိုမက်မော ခြင်းကိုလည်း ကျွန်မ အလိုမကျဖြစ်မိသလိုပင်။

ဒါကအချစ်လို့ သူပြောရင် လွန်ခဲ့သည့်သုံးနှစ်မှစတင်တွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် (၆)လလောက်မှစကာ ချစ်သူဖြစ်ခဲ့ကြသည့်ကိုကို့ဆီက အနမ်းဆိုတာ တစ်ပွင့်မှမရရှိ ခဲ့သည်ကို ကျွန်မမကျေမနပ်ဖြစ်မိလာသည်။ ဒီညနေပင် လက်ထပ်တော့မည့် ကျွန်မ နှင့်ကိုကိုကြားက စည်းစောင့်ခြင်းဆိုသည်က ကိုကိုရဲ့အနေတည်မှုကြောင့်လား။ ကျွန်မရဲ့စတင်တောင်းဆိုဖို့ အရှက်သည်းမူကြောင့်လား။ ဒါပေမယ့် ဒါကို ကိုကိုရဲ့ ကျွန်မအပေါ်တန်ဖိုးထားမှုဟု တွေးမိလိုက်တော့ ကျွန်မ၏စိတ်ကိုအနည်းငယ်တော့ စိတ်ဖြေစေပြန်သည်။

"အချစ်လို့ ရှင် ပြောလိုက်တာလား"

ကျွန်မ၏စကားကို သူက ခနဲ့သလိုပြုံးလိုက်တော့ ကျွန်မ ထိုလှပသည့်အပြုံး ကိုမနှစ်မြိုသလိုခံစားမိသည်။ တကယ်ဆို သူကကျွန်မကို လှောင်စရာမလိုဘူးထင် သည်။

"စောဟာနူး မင်းက LGBT relationship ကိုဆန့်ကျင်တယ်နော်"

ကျွန်မ မှတ်စုစာအုပ်ကိုပိတ်ကာ သူ့ကို သေချာစွာစိုက်ကြည့်လိုက်သည်။

သေချာပြီ။

သူနှင့်ကျွန်မကြားက မတူညီမှုတွေက ထင်ထားသည်ထက်ပိုများနေသည်။ လူဆိုသည်က ခံယူချက်ချင်းတော့ ဘယ်တူကြမည်လဲ။ လွတ်လပ်သည့်နိုင်ငံမှာ လွတ် လပ်စွာပြောဆိုနေထိုင်နိုင်သည်ဆိုပေမယ့် လူဆိုသည့်သတ္တဝါက အသိပညာမရှိသည့် တိရိစ္ဆာန်မှမဟုတ်တာ။ အသိတရားနှင့်သဘာဝတရားကို အချိုးကျကျ ဖန်တီးရမည် မဟုတ်လား။ အနည်းငယ်မျှတစ်ယူသန်သည်ပဲဆိုဆို ကျွန်မကတော့ သဘာဝတရား ကိုလွန်ဆန်သည့် အခြေအနေကို ဂုဏ်ပြုဖို့စိတ်ကူးလုံးဝမရှိပါ။

အစိမ်းရင့်ရင့်အလွမ်းWhere stories live. Discover now