(၂)

535 51 2
                                    




ကျွန်မ သူ့လည်တိုင်အထက်က အနီရောင်အမှတ်သားလေးတစ်ခုကို ငေး ကြည့်ရင်း သူပြောနေသည့်အကြောင်းအရာအချို့ကို မှတ်စုစာအုပ်ထဲ ထည့်ရေးနေမိ သည်၊၊ သူပြောသည့်အကြောင်းအရာ၊စကားလုံးများထဲမှ ကျွန်မဘာကိုလိုက်မှတ်ထား ရမည်လဲ၊၊

မိဘမဲ့ကျောင်းလား၊၊

အဆိုတော်ကြီး ကင်ကွမ်ဆော့၏ though I loved you ဆိုသည့် ခပ်ဆွေး ဆွေးသီချင်းခေါင်းစဉ်လား၊၊

ကျွန်မစိတ်ထဲ ထိုသီချင်းသံစဉ်ထဲမှသီချင်းစာသားအချို့ကို အလိုလိုကြား ယောင်လာကာ စိတ်ထဲလွမ်းဆွေးမူကို တောင်ဖြစ်ပေါ်စေသည်၊၊

"သိပ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ"

ကျွန်မ၏မှတ်ချက်စကားကို သူက နှုတ်ခမ်းတွန့်သွားရုံမျှပြုံးကာ ခေါင်းငြိမ့် ပြလေသည်၊၊ သူ့အပြုံးကိုကြည့်ပြီး သူကြေကွဲနေသည်လားလို့ အလိုလိုအတွေးဝင်မိ တော့ ကျွန်မထိုအတွေးကို အနည်းငယ်မျှတော့ အံ့သြမိသည်၊၊

ကင်(မ်)ဂျယ်ဂျွန်ဆိုသည့် သူက လိုချင်သည်ကို လက်ညိုးထိုးတောင်းဆိုနိုင် သည်အထိ လူတစ်ဖက်သားကို  လွှမ်းမိုးနိုင်သည်ကို ကျွန်မတို့အားလုံးသိနေပြီးသားပဲ နော်၊၊ ကျွန်မ သူ့မျက်ဝန်းကို တစ်ချက်ကြည့်ကာ မှတ်စုစာအုပ်ထဲ စကားလုံးတစ်ခုကို ချရေးလိုက်သည်၊၊

{ သူ }

သူပြောသည့် သူဆိုသည့်အရာကို ကျွန်မသိချင်လာမိသော်လည်း ဆက်မေး ဖို့အတွက်တော့ သူ့အနေအထားကို ကျွန်မဆက်လေ့လာရဦးမည်လေ၊၊ ကျွန်မ၏ မေးခွန်းအနည်းငယ်မျှ မှားယွင်းသွားသည်နှင့် သူစိတ်အနှောက်အယှက်ဖြစ်ကာ အင်တာဗျုးကို ရပ်တန့်ပစ်တာမျိုး ကျွန်မအဖြစ်မခံနိုင်ပါ၊၊

သူက အစိမ်းနုရောင် တန်ဖိုးကြီးဆိုဖါထိုင်ခုံနောက်မှီကိုမှီလျှက် သူ့လည်ပင်း အထက်က အနီရောင်အမှတ်ကို လက်ဖြင့် အမှတ်တမဲ့ပွတ်သပ်နေသည်၊၊

တစ်ချိန်က ထိုသူ၏လည်တိုင်ဖွေးဖွေးပေါ်ရှိ အနီရောင်အမှတ်ကြောင့် ပရိတ် သတ်တွေငိုကြွေးခဲ့ဖူးကြသည်၊၊ ရေရေရာရာမသိသည့် အကြောင်းအရာတွေကြား အနမ်းတစ်ချက်ကြောင့် ထိုအမှတ်အသားဖြစ်ပေါ်လာသည်ဆိုသည့် လူမူကွန်ယက် ဝက်ဆိုဒ်တွေမှ အကြောင်းအရာတွေကြောင့် အထက်တန်းကျောင်းသူနှစ်ဦး ကိုယ့် ကိုယ်ကိုအဆုံးစီရင်ခဲ့သည့် ဖြစ်ရပ်တစ်ခုရှိခဲ့သည်လေ၊၊ ကျွန်မ သူ့ရဲ့လှပသည့် မျက်ဝန်းကိုငေးကြည့်ကာ ကြင်နာသည့် စိတ်လေးအနည်းငယ်ဖြစ်ပေါ်လာသည်၊၊ ထို အချိန်က သူတော်တော်ခြောက်ခြားနေခဲ့မည်လား။၊ အခုတော့ ဒါဟာမွေးရာပါ အမှတ် တစ်ခုဆိုတာ ကျွန်မသိလိုက်တော့ ထိုကျောင်းသူနှစ်ဦးကိုပင် ရူးမိုက်လှချည်လားဟု အပြစ်တင်စိတ်နှင့်အတူ မိဘဖြစ်သူတွေအစား နှမျှောခံစားမိပြန်သည်၊၊

အစိမ်းရင့်ရင့်အလွမ်းWhere stories live. Discover now