ကျွန်မ အံ့သြစွာ သူ့မျက်ဝန်းကိုငေးမောကြည့်နေမိသည်။ လိုအပ်တာမှန်သ မျှဆိုသည့် သူ့စကားထဲ တပ်မက်ခြင်းဆိုသည့်အရာများပါဝင်နေလေမလား သိချင် လာမိသည့်စိတ်ကြောင့် ကျွန်မ သူ၏မျက်ဝန်းကို မျက်တောင်မခတ်ငေးကြည့်နေမိ သည်။ ခန့်မှန်းရခက်သည့်သူ့မျက်ဝန်းက အဓိပ္ပါယ်အချို့ကို ကျွန်မနားလည်ဖို့ ကြိုးစား ကြည့်နေပေမယ့် ကြီးမားစွာလှပနေသည့် သူ့မျက်လုံးအလှက ကျွန်မ ကြိုးစားမူကို အရာမထင်စေဘူးထင်သည်။ ကြိုးစားစွာခံစားမိနေသည့် ကျွန်မခံစားချက်အချို့က သူ့အလှမှာ ဖုံးအုပ်သွားသည်ဆိုတာ အနည်းငယ်တော့စိတ်ပျက်စရာပင်နော်။သူပြောပြသည့် အသက်(၁၈)နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ခံစားမှုကို ကျွန်မ မည်ကဲ့သို့ခေါင်းစဉ်တပ်ရမည်လဲ။ စိတ်ကစားတတ်သည့် ဆယ်ကျော်သက် အရွယ်မှာဖြစ်လာသည့် ခံစားမှုက အရေးမကြီးဘူး၊ ဘာမှမဟုတ်ဘူးဟု လူတစ်ချို့ ပြောကြပေမယ့် ကျွန်မကတော့ ထိုကဲ့သို့မမြင်မိပါ၊၊ တကယ်တော့ လူသားတစ်ဦး၏ ဖွဲ့ဖြိုးဆဲ ထိုဆယ်ကျော်သက်အချိန်ကာလသည် ထိုလူသားတစ်ဦး၏ဖြစ်လာမည့် အနာဂါတ်နှင့် များစွာသက်ဆိုင်နေလိမ့်မည်ဟု ကျွန်မထင်မိသည်၊၊ ဒါဟာ သိပ်ကို အရောင်အဆင်းစွန်းထင်လွယ်ကာ နုငယ်သည့် အရွယ်လေးပင်ဖြစ်သည်။ ထိုနုငယ်မှု က နောင်တစ်ချိန်ဖြစ်လာမည့် ရင့်ကျက်မှုကို ပုံဖေါ်ဖန်တီးနိုင်သည်ဟု ကျွန်မထင်မိ သည်။
ငယ်စဉ်က ဘဝပေးအခြေအနေတစ်ခုကြောင့် ရုန်းကန်ခဲ့ရသည့် ကျွန်မ တောင် အခုအသက်(၂၅)နှစ်တွင် အရာရာကိုဝေဖန်ပိုင်းခြားနိုင်သည်ဟု ယုံကြည်မိပေ မယ့် တကယ်တမ်းတော့ ကျွန်မသည် အခုအချိန်အထိ သိမ်ငယ်နေတတ်ဆဲပင်ဖြစ် သည်။ လူတွေကိုမယုံကြည်တတ်ဆဲပင်ဖြစ်သည်။ ဒါပေမယ့် အရာရာအားလုံးက အဆိုးကြီးပဲမဟုတ်ပဲ အဆိုးအကောင်းဆိုတာ ဖန်တီးသူနှင့်သာသက်ဆိုင်သည်ဟု ကျွန်မထင်သည်။ ကျွန်မရဲ့သံသယစိတ်ဟာ အခုလက်ရှိ ကျွန်မအလုပ်ကို များစွာ အကျိုးရှိစေသည်လေ။
"မင်းမှတ်စုစာအုပ်ထဲ သူဆိုတဲ့ စာလုံးရေးတာ အခုနဲ့ဆို (၃)ကြိမ်ရှိပြီ စောဟာနူး"
