(၅)

320 47 1
                                    




ကျွန်မ မျက်စိအရှေ့မှာမြင်နေရသည့် အလိုမကျဖြစ်နေသော သူ၏မျက် ဝန်းကိုငေးကြည့်ရင်း ပြုံးလိုက်မိသည်။ ထိုအချိန်ကတော့ လိုအပ်မှုဆိုသည့်အရာကို ဘာမှန်းညာမှန်းမသိပဲ ပျော်ရွှင်မှုလေးတစ်ခုကိုသာ မလွတ်တမ်းဖမ်းဆုပ်ထားခဲ့သော ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်က အခုတော့ သူ ဘာကိုလိုအပ်နေ လဲဆိုတာကို ရှင်းလင်းပြတ်သားစွာခံစားနေရတော့ မိုက်မဲခဲ့မိသည့် အချိန်များကို နှမျှောနေသည်ထင်သည်။

ဘာရယ်မသိ လှမ်းမြင်နေရသည့် အလိုမကျသလိုအရိပ်တွေနှင့် စိတ်ထဲ ဆိုးနွဲ့ချင်နေသည့် သူ့ပုံစံနှင့် သူရဲ့အနည်းငယ်စူထွက်နေသည့် ပန်းနုရောင်နှုတ်ခမ်းက ကျွန်မကို သူ့အပေါ်ထားသည့် မကျေနပ်စိတ်ကို လျော့နည်းစေသည်။

ကြည့်စမ်းပါဦး။

အတွေးလေးတစ်ခုနဲ့တင် ထိုလူက ဘာလို့ သူ့အပေါ်လွှမ်းမိုးလွန်းရတာလဲ နော်။ ပြီးတော့ တစ်နှစ်ဆိုသည့်ဝေးကွာခြင်းက သူတို့နှစ်ယောက်ကို ဘာမှမပြောင်း လဲစေဘူးလား။ ဘယ်အရာမှ သူတို့နှစ်ယောက်ကြား မပျက်စီးစေဘူးလား။ နားလည် ရခက်သည့် ကောင်လေးနှစ်ယောက်၏ငြိတွယ်မူက ကျွန်မကို တအံ့တသြနှင့် အားကျ မှုကို ခံစားရစေပြီး တစ်ဆက်တည်းမှာပင် ထိုခိုင်မြဲလွန်းသည့် ငြိတွယ်ခြင်းကို အနည်း ငယ်မနာလိုဖြစ်မိသည်။ သူက ရပ်နေသည့်မှန်ပြတင်းပေါက်နားမှ ကျွန်မထိုင်နေသည့် ထိုင်ခုံအရှေ့၊ စောစာက သူထိုင်ခဲ့သော အစိမ်းနုရောင်ဆိုဖါ ထိုင်ခုံတွင် ပြန်ထိုင်လိုက် သည်။

"အခုရော သူ အိမ်ထောင်ကျပြီလား"

သိချင်စိတ်နှင့်အတူ အလိုလိုပွင့်ထွက်လာသည့် ကျွန်မစကားကြောင့် ကျွန်မ သူ့ကို အားနာသလိုကြည့်လိုက်မိသည်။ တကယ်ဆို ကျွန်မဒီမေးခွန်းကို မမေးသင့်ဘူး နော်။ ဒါပေမယ့် ကျွန်မတို့စကားဝိုင်းထဲ သူ့ထက် ထိုလူအကြောင်းက ပိုပြီးစိတ်ဝင်စား စရာဖြစ်လာသည်က နည်းနည်းတော့ဆန်းကြယ်စရာပင်နော်။ သူက ဆိုဖါထိုင်ခုံကို ကျောမှီလျှက် ကျွန်မကို စိုက်ကြည့်လာသည်။

"ဟင့်အင်း"

ခေါင်းခါကာပြောလိုက်သည့် သူ့အဖြေစကားက ကျွန်မကို အနည်းငယ်တော့ အံ့သြမှုကိုဖြစ်စေသည်။ ဒါပေမယ့် ဘာရယ်မသိ ကျွန်မကိုကြည့်နေသည့် သူ့မျက်ဝန်း ကနာကြည်းရိပ်တွေကို ဘာမဆိုင်ညာမဆိုင် ကျွန်မခံစားမိတော့ ကျွန်မ ထိုအကြောင်း အရာကို ဆက်မမေးဖို့ စိတ်ကူးလိုက်ကာ ဘောလ်ပင်ကို တစ်ချက်နှိပ်လိုက်သည်။

အစိမ်းရင့်ရင့်အလွမ်းWhere stories live. Discover now