(Unicode)
မနေ့ကJonginဖွင့်ဟဝန်ခံသွားမှုကြောင့် ကျနော်စိတ်တွေထွေပြားနေသည်။မနက်သခင်လေးအတွက်ကော်ဖီဖျော်ပြီးစားပွဲပေါ်အသင့်ချဖို့လုပ်တော့ ဘေးကLuhanက
"Baekhyun သကြားထည့်ဖို့မေ့နေတယ်"
"ဟမ် ငါသကြားမထည့်မိဘူးလား"
"စိတ်တွေဘယ်ရောက်နေတာလဲ ဒီတခါနဲ့ဆိုသကြားထည့်ဖို့မေ့နေတာ သုံးခါရှိနေပြီ"
ဒီနှစ်လအတွင်း ကျနော်တော်တော်မေ့တတ်လာသည်။အသက်ကဖြင့်ငယ်ငယ်လေးရှိသေးတာကို။
ဒီနေ့သကြားထည့်ဖို့မေ့တာကတော့ မနေ့ကကိစ္စကြောင့်ဟုသာမှတ်ယူလိုက်သည်။
မနက်စာစားပြီး သခင်လေးတို့ကုမ္ပဏီသွားကြတော့
ကျနော်လည်းလုပ်စရာရှိတာလုပ်နေလိုက်သည်။အလုပ်လုပ်ပြီး အိမ်အတွက်ဝယ်စရာတွေရှိနေတာကြောင့် KyungSoo Hyung နဲ့ကုန်တိုက်သွားလိုက်သည်။KyungSoo Hyungမျက်နှာမကောင်းတာကြောင့်
"Hyungနေမကောင်းဘူးလား "
"မဟုတ်ပါဘူး Baekhyunရယ် ကောင်းပါတယ်"
ကျနော်ပြုံးပဲပြုံးပြလိုက်ကာ ဝယ်စရာတွေဆက်ဝယ်နေလိုက်သည်။ခါတိုင်းလို KyungSoo Hyungရယ်ရယ်မောမောမရှိဘဲ
မရွှင်မလန်းဖြစ်ပြီး စကားနည်းနေတာကိုကျနော်သတိထားမိသည်။ပြန်လာတော့ ကျနော်သခင်လေးအဝတ်တွေလျှော်ဖို့ပြင်လိုက်သည်။ အဝတ်တွေမလျှော်ခင်
သခင်လေးရဲ့ချွေးနံ့နဲ့ကိုယ်သင်းနံ့ရောနေတဲ့ အနံ့လေးကိုတဝကြီးရှူပစ်ရတာအမော။
ပုံမှန်ဆို အဝတ်လျှော်စက်နဲ့လျှော်ပေးလို့ရပေမယ့် ကျနော်ကတော့လက်နဲ့တထည်ချင်းသေချာလျှော်ဖွတ်ပေးချင်သည်။ညပိုင်း ကျနော့်အခန်းထဲ
ပန်းချီဆွဲနေတုန်း သခင်လေးကကော်ဖီဖျော်ခိုင်းတယ်ပြောတာကြောင့်
ကော်ဖီဖျော်ပေးပြီး သခင်လေးအခန်းထဲသွားပို့လိုက်သည်။
သခင်လေးကကော်ဖီသိပ်ကြိုက်သည်။
သကြားနှစ်ဇွန်းထည့်ဖျော်သော ကော်ဖီကို တနေ့နှစ်ခွက်လောက်တော့ပုံမှန်သောက်သည်။
သခင်လေးအခန်းထဲ ကော်ဖီသွားပို့တော့ သခင်လေးကစာရွက်စာတမ်းတွေနဲ့အလုပ်ရှုပ်နေပြီး
အလုပ်ကိစ္စဖုန်းပြောနေလေသည်။
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...