(Unicode)
မနက်ကျနော်အလုပ်သွားဖို့ ထုံးစံအတိုင်း Baekhyunကကျနော့်ကို နက်ကတိုင်စီးပေးနေသည်။ ညဘက်အလုပ်ကိစ္စရှိလို့ အိမ်ပြန်နောက်ကျမှာဖြစ်တာကြောင့်
"Baekhyun ဒီနေ့ညစာပြင်မထားနဲ့ ဒီညအလုပ်ကိစ္စရှိလို့ ပြန်မလာဖြစ်ဘူး"ဟုသူ့ကိုပြောမိတော့
"သခင်လေး ကျနော်ကတော့ဖြစ်နိုင်ရင် သခင်လေးကိုမှောင်ခိုလောကက ကိစ္စတွေမလုပ်စေချင်ဘူး သခင်လေးအဲ့တာတွေမလုပ်လို့မရဘူးလား" Baekhyunကစိုးရိမ်သည့်အသံဖြင့်ပြန်ပြောလာသည်။
"မလုပ်နဲ့လို့ပြောရအောင် မင်းကဘာမလို့လဲ ကိုယ့်အဆင့်ကိုယ်သိနော် Baekhyun"
ကျစ်။ ကိုယ့်ပါးစပ်ကတောင်မသိဘဲ မြန်မြန်ဆန်ဆန်ပဲအဲ့လိုပြောထွက်သွားပြန်ပြီ။ Baekhyunအပေါ် လျော့ေပါ့ေပးဖို့ကြိုးစားကြည့်မလို့စဉ်းစားကြည့်ထားတာကို။
ကျနော်အဲ့လိုပြောတော့ Baekhyunမျက်နှာလေးညှိုးခနဲဖြစ်သွားကာ
"တောင်းပန်ပါတယ် သခင်လေး" ဟုပြန်ပြောလာသည်။ညှိုးသွားတဲ့သူ့မျက်နှာကိုဆက်မကြည့်ရက်တော့တာမလို့ "သွားတော့ မနက်စာစားဖို့သွားပြင်ထားလိုက်တော့"ဟုသာပြောပြီး နှင်လွှတ်လိုက်သည်။
ထိုညကကျနော်ဒဏ်ရာရခဲ့ပါသည်။
ကျနော်မြင်နေရသည်။ Baekhyunကကျနော့်ကို မုန်းတယ်ဟုပြောကာ ကျောခိုင်းထွက်သွားသည်တဲ့။ မရဘူး Baekhyun။ ငါ့ခွင့်ပြုချက်မရဘဲထွက်သွားခွင့်မရှိဘူး။ အိပ်မက်လိုလို တကယ်လိုလိုနဲ့ ဝေဝါးနေသလိုပင်။
"Hyun ကိုယ့်နားကမသွားပါနဲ့ " ကျနော့်ကိုကျောခိုင်းထွက်သွားသော Baekhyunကိုကျနော်အော်ခေါ်မိလိုက်သည်။
ဒါနဲ့ကျနော်ဘာလို့ BaekhyunကိုHyunလို့ခေါ်မိပါလိမ့်။
ထို့နောက်ကျနော်သည် အသိစိတ်တွေပျောက်ဆုံးသွားသောလူတစ်ယောက်ဖြစ်သွားသည်။ ဘာမှမမြင်။ဘာမှမကြားရတော့။ဆေးရှိန်ကြောင့် ခေါင်းတွေကိုက်နေသည့်ကြားမှ မျက်လုံးများကို အသာအယာဖွင့်ကြည့်သည်။ မှန်ပြတင်းမှဖြတ်သန်းလာသော အလင်းတချို့ကြောင့် မနက်လင်းပြီဆိုတာကိုပါသိလိုက်ရသည်။
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...