(Unicode)
'တီ.....တီ.....တီ'
6နာရီထိုး Alarmသံကြောင့် အိပ်မောကျနေသောစိတ်အစုံသည် နိုးကြားသွားခဲ့ရသည်။ မျက်လုံးမဖွင့်ဘဲ ခုတင်ဘေးစားပွဲပေါ်ရှိနေမယ့် နာရီကိုပိတ်လိုက်ပြီး ပြန်နှပ်နေမိသည်။
ငါးမိနစ်လောက်နှပ်ပြီးတာနဲ့ မျက်လုံးအစုံကိုဖွင့်ပြီး မထချင်ထချင်နဲ့ထကာ အပျင်းကြောဆန့်လိုက်သည်။ ခုတင်ဘေးမှာမတ်တပ်ရပ်လိုက်ကာ အိပ်ရာခင်းကိုပြန့်အောင် သေချာဆွဲဆန့်လိုက်သည်။ ပြီးတာနဲ့ ပြတင်းခေါက်ဆီသွားကာ ဂျက်ကိုဖွင့်ပြီး ပြတင်းပေါက်ကိုဟလိုက်တော့ လတ်ဆတ်လန်းဆန်းတဲ့လေတွေကြောင့် လူကလန်းဆန်းသွားရသည်။
ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက် လုပ်စရာရှိတာတွေလုပ်ပြီးတာနဲ့ အခန်းထဲပြန်လာကာ ဝတ်ထားသော ညအိပ်ဝတ်ချည်သားဝမ်းဆက်ကို အိမ်နေဝတ်မျှော့ကြိုးဘောင်းဘီနဲ့ တီရှပ်ပွပွနဲ့လဲလှယ်လိုက်သည်။
ပြီးတာနဲ့ မီးဖိုခန်းထဲဝင်ကာ 7နာရီရောက်ရင် သတင်းစာဝေရာကပြန်လာမယ့် Luhanအတွက်ရယ် ကျနော့်အတွက်ရယ်မနက်စာကိုပြင်ဆင်ေနသည်။
7နာရီထိုးတာ Luhanပြန်လာတာနဲ့ကျနော်လည်း မနက်စာအဆင်သင့်ဖြစ်သွားပြီ။
"မနက်စာရပြီပေါ့ Baekhyun"
"ဟုတ်တယ် မြန်မြန်လာထိုင် မင်းဗိုက်ဆာနေပြီမလား မင်းအတွက်ကော်ဖီပါဖျော်ပေးထားတယ်"
Luhan ကထမင်းစားပွဲဆီမြန်မြန်လာကာ ခုံကိုဆွဲပြီးထိုင်လိုက်သည်။
ကျနော်ပြင်ဆင်ပေးထားတဲ့ ပေါင်မုန့်မီးပင်ရယ်၊ ကြက်ဥကြော်ရယ်ကိုစားပြီး သူ့အတွက်ချပေးထားတဲ့ ကော်ဖီခွက်ထဲမှကော်ဖီကိုတငုံသောက်လိုက်သည်။
"အား...ခါးလိုက်ကာ" ကော်ဖီကိုတငုံသောက်လိုက်ပြီး ရှုံ့မဲ့သွားတဲ့ Luhanကြောင့်
"ဘာဖြစ်လို့လဲ Luhan"
"ကော်ဖီထဲနွားနို့မထည့်မိပြန်ဘူးလား Baekhyun"
ထိုအခါမှကျနော်သတိထားမိသွားသည်။ဖျော်ခါနီးနွားနို့ထည့်ရန်သေချာမှတ်ထားပေမယ့် ဖျော်တဲ့အချိန်ကြနွားနို့မထည့်မိတော့။
YOU ARE READING
My Master (Completed) (Z+U)
Fanficသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...