(Unicode)
အခု ကျနော့်ခေါင်းထဲအဖြေမရှိတဲ့ ပုစ္ဆာတွေကို အဖြေရှာရန် အဆောက်အဦးအကြီးကြီးတစ်ခုရှေ့ကိုကျနော်ရောက်နေသည်။
Lee Eun Young၏အဖေ၊ Lee gp၏ CEO Lee Won Sungထံမှ ကျနော်အက်စီးဒင့်ဖြစ်တုန်းက ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်တွေကိုသိရမလားဟူသော မျှော်လင့်ချက်နဲ့ ဒီ Lee Companyကိုကျနော်ရောက်နေသည်။ ဒီ Lee Companyရဲ့လိပ်စာကို ကျနော်စူပါမားကတ်မှအပြန်အင်တာနက်ဆိုင်မှာတုန်းကတစ်ခါထဲရှာကြည့်ခဲ့ခြင်းဖြစ်သည်။ကုမ္ပဏီကြီးကိုတချက်မော့ကြည့်ကာ အားမွေးပြီး ကုမ္ပဏီအထဲကိုဝင်သွားလိုက်သည်။ Reception counterကိုသွားကာ
"ကျနော်တခုလောက်အကူအညီတောင်းချင်လို့ပါ "
"ဘာကူညီရမလဲရှင့်"
ကောင်တာမှကောင်မလေးက ကျနော့်ကိုရိုသေစွာပြန်မေးလာတော့"ဒီကုမ္ပဏီရဲ့ CEO Lee Won Sungနဲ့တွေ့ချင်လို့ပါ"
"ကြိုချိန်းဆိုထားတာမျိုးရှိပါသလားရှင့်"
"အဲ့လိုတော့မရှိဘူးဗျ"
"အဲ့တာဆိုရင်တော့ တွေ့လို့မရပါဘူးရှင့်
တွေ့ချင်ရင်ကြိုပြီးချိန်းဆိုချက်ယူထားရမှာပါ ပြီးတော့ CEOကအပြင်သွားနေပါတယ်"ကျနော်ခေါင်းစားသွားရသည်။ တွေ့ရမှဖြစ်မှာကို။ မရှိတော့လည်းနောက်တစ်ရက်ပြန်လာရုံပဲပေါ့။ စိတ်ညစ်ညစ်နဲ့ပဲ ကောင်တာကနေပြန်ထွက်လာပြီး ကုမ္ပဏီအထွက်ပေါက်ဆီကိုသွားေနတုန်း တိုက်တိုက်ဆိုင်ဆိုင် CEO Leeဆိုသူကဝင်လာလေသည်။
ကျနော်လည်းသူ့နားပြေးသွားကာ
"ကျနော် ခင်ဗျားနဲ့စကားပြောချင်လို့ပါ"
"Byun Baekhyunမလား "
"ဟုတ်ပါတယ် ကျနော်မေးစရာရှိလို့ပါ"
"မင်းမေးတာတွေဖြေရလောက်အောင် CEO Leeက အဲ့လောက်မအားဘူး"
"ရတယ် အတွင်းရေးမှူးမင်"
သူ့အတွင်းရေးမှူးမင်ဆိုတဲ့တစ်ယောက်က ကျနော့်ကိုဖြတ်ပြောလာတာကြောင့် CEO Leeကသူ့အတွင်းရေးမှူးကိုလက်ကာပြလိုက်တာ အဆင်ပြေကြောင်းပြလာသည်။"Byun Baekhyunကြည့်ရတာအရမ်းအရေးကြီးနေတဲ့ပုံပဲ ရုံးခန်းကိုလိုက်ခဲ့ပါ"
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...