(Unicode)
"Lee Won Sungနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုငါသိလာတယ်"
ညနေစာစားပြီးလို့ ဧည့်ခန်းထဲမှာထိုင်နေကြတဲ့အချိန် Jonginကစကားစလာခြင်းဖြစ်သည်။ လက်ထပ်ပွဲပြီးလို့ Jonginမိဘတွေရှိရာ USကို Jonginနဲ့ KyungSoo Hyungတို့ဟန်းနီးမွန်းထွက်ပြီးလို့အိမ်ပြန်ရောက်နေကြပြီ။ဆိုဖာလက်ရန်းပေါ်သူ့လက်ကိုတင်ထားတာမလို့ လက်သူကြွယ်မှာစွပ်ထားတဲ့ လက်ထပ်လက်စွပ်ကိုထင်ရှားစွာမြင်နေရသည်။
စိန်ပွင့်လေးတွေက လက်စွပ်မှာပတ်ပတ်လည်တည်ရှိနေကာ ဧည့်ခန်းမီးရောင်အောက်မှာမလို့ တလက်လက်ထနေသလိုပင်။(ဒီလက်စွပ်ပုံစံလေးပါ)
(Photo from Pinterest)Hyun၊Sehunနဲ့ Luhanကတော့ ဝယ်စရာတချို့ရှိတာမလို့ စတိုးတစ်ခုကိုသွားနေကြသည်။
"ဘာသတင်းလဲ Jongin"
"သူ့မှာသွေးမခဲနိုင်တဲ့ရောဂါရှိတယ်တဲ့ "
"ဒါဆိုသူကပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုပဲပေါ့ " KyungSoo Hyungကဝင်ပြောလာတော့
"ဟုတ်တယ် Hyung ဒီအကြောင်းဘယ်သူမှမသိကြဘူး သူလျှို့ဝှက်ထားတာ "
"ဒါကတော်တော်အဖိုးတန်တဲ့လျှို့ဝှက်ချက်လို့ပြောလို့ရတာပဲ "
"ငါသိလာတာနောက်တစ်ခုရှိသေးတယ် လာမယ့်အပတ်စနေ P.A.R.K Hotelမှာ ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲရှိတယ်"
"P.A.R.K Hotelဆိုရင် Chanyeolတို့ရဲ့ Park gpပိုင်ဟိုတယ်ပဲမလား "
"ဟုတ်တယ် Hyung ပြီးတော့ထပ်သိရသေးတာက အဲ့နေ့ညကိုသူနဲ့သူ့မယားငယ်ကအဲ့ဟိုတယ်ရဲ့ VVIP-GOLDအခန်းမှာတည်းကြမှာ သူ့မယားငယ်ကဟိုတယ်မှာဆိုရင်လွတ်လွတ်လပ်လပ်ပဲနေချင်တယ်ပြောလို့ အဲ့အခန်းရှိတဲ့တထပ်လုံးသူ့သက်တော်စောင့်တွေရှိမှာမဟုတ်ဘူး "
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...