My Master-4 (Z+U)

1K 79 0
                                    

(Unicode)

ကျနော်ဒီနေ့မနက်နိုးလာတော့ လက်ကဒဏ်ရာတွေ‌က ယောင်ပြီးနာနေကာ လူကပါနုံးနေသည်။
မနေ့ကဒဏ်ရာကိုဆေးမလိမ်းမိခဲ့တော့ ဒဏ်ရာအရှိန်နဲ့ရော
ညကတော်တော်နဲ့အိမ်ထဲပြန်မဝင်ဘဲ ‌နှင်းဆီတွေနားရပ်မိခဲ့တာကြောင့် လေစိမ်းမိတာပါပေါင်းပြီး
ကျနော်ဖျားနေပြီထင်တယ်။

အိပ်ယာကနေ အားတင်းထပြီး ဆွယ်တာလက်ရှည်လေးဝတ်လိုက်သည်။ထို့နောက်
ထုံးစံအတိုင်းသခင်လေးအတွက်ပြင်ဆင်စရာရှိတာပြင်ပေးရသည်။

သခင်လေးကိုနက်ကတိုင်စီးပေးနေတုန်း သခင်လေးကပြောလာသည်။

"Baekhyunမင်းပုံစံကဘာဖြစ်နေတာလဲ နေမကောင်းရင်လည်းဆေးသောက်စမ်း နေမကောင်းတာအကြောင်းပြပြီး တာဝန်တွေမပျက်စေနဲ့"

"ဟုတ်ကဲ့ပါ သခင်လေး"

ပြင်ဆင်စရာရှိတာပြင်ဆင်ပေးပြီး ထမင်းစားခန်းကိုဆင်းလာကာ သခင်လေးတို့ မနက်စာ အသင့်စားဖို့ပြင်ဆင်ပေးရသည်။ခဏကြာတော့ သခင်လေးတို့သုံးယောက်နဲ့KyungSoo Hyungတို့ဝင်လာကြသည်။

KyungSoo Hyungကအားမရှိပုံပေါ်နေသည့် ကျနော့်ပုံစံကိုစေ့စေ့ကြည့်ကာ

"Baekhyunနေမကောင်းဘူးလား ပုံကလေတိုက်တာနဲ့လဲကျမယ့်ပုံဖြစ်နေပြီ"

"မနေ့ညက လေစိမ်းခံမိတာများလို့ထင်တယ် KyungSoo Hyung"

"ငါခနနေဆေးပေးမယ် သောက်လိုက်နော်"

"ဟုတ်ကဲ့"

"Baekhyunee ဂရုစိုက်ပါဦး လူကမှနဂိုကတည်းကပိန်ပိန်လေးကို ကျန်းမာရေးဂရုစိုက်မှပေါ့" ဟုJonginကစိုးရိမ်နေသည့်ပုံစံဖြင့်ပြောလာသည်။
ကျနော်သခင်လေးကိုတချက်ကြည့်လိုက်တော့ သခင်လေးကဘာမှမဖြစ်သည့်ပုံဖြင့် မနက်စာဆက်စားနေသည်။

ကျနော်သခင်လေးတို့မနက်စာစားနေတာကို မတ်တပ်ရပ်စောင့်ရင်း
လူကမူးလဲချင်သလိုဖြစ်လာတာကိုသတိထားမိသည်။

ကျနော်အားတင်းကာ သခင်လေးတို့မနက်စာစားပြီး ကုမ္ပဏီသွားတဲ့အချိန်ထိအားတင်းကာစောင့်နေမိသည်။
သခင်လေးတို့ကုမ္ပဏီသွားဖို့ ကားတွေထွက်သွားတော့ ကျနော်ဘယ်လိုမှဆက်အားမတင်းနိုင်တော့ပဲ လဲကျသွားသည်။

My Master (Completed) (Z+U)Where stories live. Discover now