(Unicode)
ကျနော် ညဘက်တွေပါမနားမနေဆွယ်တာထိုးဖြစ်သည်။
နေ့ခင်းဘက်တွေဆိုလျှင် အိမ်အလုပ်လုပ်ရတာကြောင့်ရော Jonginအနားေရာနေပေးရတာကြောင့် အားလပ်ချိန်သိပ်မရှိ။ Jonginကသူ့အနားမနေလျှင်ရစ်သည်လေ။
ထို့ကြောင့် ညဘက်ပန်းချီဆွဲတာတွေဘာတွေအကုန်ပစ်ထားကာ ဆွယ်တာကိုသာအားကြိုးမာန်တက်ထိုးဖြစ်သည်။ထိုးရင်းတပတ်လောက်ကြာတော့ မျက်ရိုးတွေကမခံမရပ်နိုင်အောင်ကိုက်ကာ မျက်ရည်ပူတွေပါကျလာတာကြောင့် KyungSoo Hyungဆီအပြေးအလွှားဆေးသွားတောင်းရသည်။
"Hyung ကျနော် မျက်ရိုးတွေကိုက်ပြီး မျက်ရည်ပူတွေကျကျနေလို့"ဟုပြောတော့ KyungSoo Hyungက ကျနော့်ကိုဆူသည်။
"မင်းကို ငါဘာပြောထားလဲ နားနားနေနေထိုးပါဆို "
ဆူလည်းဆူရင်း ဆေးတွေလည်းထုတ်ပေးသည်။
"ဒီလိုမှမထိုးရင်အချိန်မမီလို့ပေါ့ Hyungရဲ့ ခုတောင်တပတ်ရှိနေပြီ နောက်ခြမ်းမပြီးချင်သေးဘူး"
"မနိုင်ဘူး မင်းကိုတော့"
KyungSoo Hyungက ဆေးကိုဘယ်လိုသောက်ရမည်ဖြစ်ကြောင်းရှင်းပြသည်။
"မနက်တလုံး ညတလုံးသောက် ဆွယ်တာလျှော့ထိုးဖို့တော့ မမှာတော့ဘူး မင်းနားမထောင်မှန်းသိလို့"
"ဟီးဟီး ကျနော်သွားတော့မယ် ဆွယ်တာထိုးဦးမလို့" ဟုပြောကာဆေးတွေကိုယူပြီး KyungSoo Hyungထပ်ပြီးပူညံပူညံမလုပ်ခင် ပြေးထွက်လာလိုက်သည်။
Jonginကတော့ ဒဏ်ရာတွေရထားတာကြောင့် အိမ်မှာသာနားဖြစ်သည်။ သူလည်းတော်တော်သက်သာလာပါပြီ။
ညနေပိုင်းရောက်တော့ Jonginကဆန်ပြုတ်မစားဘူးဟုအိမ်အကူလေးတွေကိုရစ်နေတာကြောင့် အိမ်အကူကောင်မလေးတွေ ကျနော့်ကိုလာပြောတော့ကျနော်သူ့အခန်းထဲဝင်သွားလိုက်သည်။
"ဆေးသောက်စရာတွေရှိလို့ ဆန်ပြုတ်စားရပါမယ် သခင်လေးJongin"
"Baekhyuneeကိုယ်တိုင်ခွံ့ကျွေးမှစားမယ်"
"KyungSoo Hyungကိုကျွေးခိုင်းလို့ရပါတယ်"
"မရဘူး မင်းကျွေးမှစားမယ် Baekhyunee"
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...