(Unicode)
"သူတို့ကိုဘာလို့ခေါ်လာတာလဲ Appa"
မိဘမဲ့ဂေဟာမှပြန်လာပြီး 2လလောက်ကြာပြီးနောက် ရက်တရက်မှာဖြစ်သည်။ ထိုနေ့မှာ Appaသည်ခါတိုင်းလို ပုံမှန်အလုပ်ဆင်းချိန်မှာပြန်မလာဘဲ တနာရီလောက်နောက်ကျပြီးမှအိမ်ပြန်လာခဲ့သည်။
ခြံထဲမှာရပ်လိုက်တဲ့ကားသံကြားတော့ ကျနော်နဲ့Sehunက Appaကိုသွားကြိုသည်။ Appaနဲ့အတူကားပေါ်မှ ကလေးလေးနှစ်ယောက်ပါဆင်းလာခဲ့သည်။
ထိုကလေးနှစ်ယောက်က ကျနော်နဲ့မိဘမဲ့ဂေဟာမှာတွေ့ခဲ့တဲ့ Baekhyunနဲ့ သူ့ရဲ့သူငယ်ချင်း Luhanဆိုသည့်ကလေးဖြစ်သည်။"စစ္စတာကြီးက ရုတ်တရက်လေဖြတ်သွားလို့ ဆေးရုံမှာရောက်နေတယ် ဂေဟာကလည်းအစိုးရကပိတ်ခိုင်းနေပြီမလို့ ကလေးတွေကိုမွေးစားဖို့လူတွေရှာနေတာ Appaကငွေရေးကြေးရေး အဆင်ပြေလို့ ဒီကလေးနှစ်ယောက်ကိုတော့Appaတာဝန်ယူပေးချင်တယ်"
"ကျနော်နဲ့ Sehunရှိနေတာကို Appaကထပ်ပြီးမွေးစားဦးမယ်ပေါ့ "
"Appaတတ်နိုင်သလောက်ကူညီပေးတာပါ"
"ရတယ် မွေးစားချင်ရင်မွေးစားပေါ့ ကျနော်ကတော့သူတို့ကိုမိသားစုစာရင်းထဲမထည့်နိုင်ဘူး Appa "
ကျနော်ဆိုလိုတဲ့သဘောက ဒီကလေးနှစ်ယောက်ဟာ Parkမျိုးနွယ်တွေဖြစ်မလာရဘူး။ ဒီကလေးနှစ်ယောက်ဟာကျနော်နဲ့တတန်းတည်းဖြစ်မလာရဘူး။"Chanyeolရယ်"
"မိသားစုစာရင်းထဲထည့်လိုက်ရင် ကျနော်Appaသားမဟုတ်တော့ဘူး"
5နှစ်အရွယ်နဲ့မလိုက်တဲ့ စကားတွေကျနော်ပြောခဲ့မိတယ်ထင်တာပဲ။Appaက သက်ပြင်းချလိုက်ကာ
"ဒါဆိုလည်း Appaသူတို့ကိုမိသားစုစာရင်းထဲမထည့်တော့ပါဘူး ခုတော့ညစာစားကြရအောင်နော်"
Appaသည်ထိုကလေးနှစ်ယောက်ကိုအိမ်ထဲခေါ်သွားပြီး ထမင်းစားခန်းထဲခေါ်သွားသည်။
"ထမင်းစားဖို့ပြင်တော့"
"ဟုတ်ကဲ့ သခင်ကြီး"
ထမင်းဟင်းတွေအကုန်ပြင်ပြီးတော့ Appaကထိုကလေးနှစ်ယောက်ကို
"သားတို့စားကြနော် မကြောက်နဲ့"
YOU ARE READING
My Master (Completed) (Z+U)
Fanfictionသူသာလျှင်ကျွန်တော့်အား အစိုးရသူ သူသာလျှင် ကျွန်တော့်ဘဝနဲ့ စိတ်ဝိဉာဏ်အား လွှမ်းမိုးချုပ်ကိုင်နိုင်သောသူ သူသာလျှင် ကျွန်တော့်အားရှင်လျက်နှင့်အကြိမ်ကြိမ်သေစေနိုင်သူ သူသာလျှင် သူ့လောင်းရိပ်အောက်ကျွန်တော့်အား မြုပ်နှံထားသူ ထိုသူသာလျှင် ကျွန်တော့်ရဲ့အရှင်...