February

3.8K 546 5
                                    

Feb -14

ဖေဖော်ဝါရီလ ။ ရှောင်းကျန့်က ဇီဇာကြောင်တာလားမသိပေမဲ့ လနံမည်တွေအပေါ်လေးနက်တဲ့ခံစားချက်ရှိတယ် ။ ဖေဖော်ဝါရီလက F နဲ့စတာမို့ ကြံခိုင်တဲ့တိုက်အိမ်တစ်လုံးလိုခံစားရပြီး အလှဆုံးလို့ထင်မိတယ် ။

🌼

နွေဦးပွဲတော်အငွေ့အသက်တွေပြည့်နေတဲ့ လမ်းမပေါ်ကို ရှောင်းကျန့်ထွက်လာခဲ့တယ် ။ လေထုကမအေးပေမဲ့ အနွေးထည်ပါးပါးလေးကိုသူဝတ်ထားတယ် ။ ဒါမှသူလုံခြုံစိတ်ချမှုတစ်ခုရှာတွေ့နိုင်မှာ ။ လူတွေကသူ့အရေပြားတစ်ထောက်စာအတွက် စည်းကျော်ချင်စိတ်ပြင်းပြင်းနဲ့ငေးနေမှာမျိုးသူမလိုလားဘူး ။ ကိုယ်ပိုင်တဲ့ ရုပ်ရည်သွင်ပြင်နဲ့ ဘုရားပေးတဲ့ကောင်းခြင်းမှန်သမျှကိုသူကောင်းကောင်းနားလည်တယ် ။ ဒါကိုဖုံးကွယ်ထားချင်မိတယ် ။

ကားဆီဆိုင်ရှေ့ရောက်တော့ ဆီဖြည့်ပေးနေတဲ့ဂျူနီယာလေးကိုသူတွေ့လိုက်ရတယ် ။ တိုက်ဆိုင်လွန်းတာမဟုတ်ဘူးလား ။ သူနေ့တိုင်းဒီနေရာကနေကျောင်းသွားတတ်ပေမဲ့ အေးအေးလူလူလမ်းလျှောက်ဖူးတာတော့ဒါပထမဆုံးပါပဲ ။ ပထမဆုံးအချိန်မှာပဲကောင်လေးကိုသူတွေ့လိုက်ရတာ ။ လိမ္မော်ရောင်မိုးကြိုးတွန့်လေးတွေပါတဲ့ဆွယ်တာကိုသူရင်ဘတ်လုံအောင်စေ့ရင်း ဆက်လျှောက်သွားဖို့ခြေထောက်တွေကိုဖိအားပေးနေမိတယ် ။ ဆိုင်ကဝန်ထမ်းလူငယ်လေးတွေရဲ့ဆင်တူဝတ်စုံပုံစံနဲ့ကွဲထွက်နေတဲ့ကောင်လေးက ဆီတွေညစ်ပေနေတာတောင် ​သန့်စင်တဲ့ဓာတ်ကလေးလွှမ်းခြုံထားသည် ။

သူနောက်ဆုံးကြိမ်အဖြစ်ကြည့်လိုက်တော့ကောင်လေးကခေါင်းမော့လာရင်း သူ့အကြည့်တွေကိုဖမ်းမိသွားသည် ။ သူတို့ကစိုက်ကြည့်တာကိုမရပ်တန့်နိုင်ခဲ့ကြပေ ။ သည်တစ်ကြိမ်တော့
ရှောင်းကျန့်ကဦးအောင်ပြုံးပြလိုက်တယ် ။

ကောင်လေးက ကားဆီဖြည့်တဲ့ဆိုင်ထဲကထွက်လာပြီးရှောင်းကျန့်နားမကပ်ရဲသလိုခပ်လှမ်းလှမ်းမှာရပ်တယ် ။

"အစ်ကို (...)ကျောင်းကမလား "

"အင်း "

ရှောင်းကျန့်ခေါင်းညိတ်ပြပြီး ဂုတ်ကိုအကြောင်းပြချက်မရှိပွတ်သပ်နေလိုက်တယ် ။

~ 𝒴𝑒𝓈 𝒴𝑜𝓊 𝒶𝓇𝑒 𝓈𝓉𝒶𝓇𝒾𝓃𝑔 𝒶𝓉 𝓎𝑜𝓊𝓇 𝒷𝑒𝓉𝓉𝑒𝓇 𝒽𝒶𝓁𝒻~Where stories live. Discover now