July 20 .
July ... ရှောင်းကျန့်ငယ်ငယ်က မိုးကာအင်္ကျီအသစ်လေးတွေရနေကျလတစ်လပေါ့ ။ သူငယ်ငယ်ကတော့ မိုးဖွဲဖွဲကျလာရင် July လ ရောက်ပြီဆိုတာတန်းသိနိုင်တယ် ။ ဒါပေမဲ့ လူသားတွေကသဘာဝတရားကြီးကို နိုင်ထက်စီးနင်းပြုပြီးဒါဏ်ရာတွေထပ်ခါထပ်ခါပေးလာတော့ သဘာဝတရားကြီးကလည်း လူတွေအပေါ်သိပ်မချစ်တော့ဘူးထင်မိတာပဲ ။ ဂျူလိုင်လကုန်ခါနီးတေင် မိုးရိပ်ကိုသူမမြင်ခဲ့ရပေ ။ တောက်ပနေတဲ့ သစ်ရွက်စိမ်းလေးတွေကိုကြည့်ပြီး ကော်ဖီဆိုင်ထိုင်ဖို့သူထပ်မစောင့်ချင်တော့ဘူး ။
🌱
ကောင်လေးက သူ့ကိုထူးဆန်းတဲ့စာတစ်စောင်ပို့လာခဲ့တယ် ။
-ကျွန်တော့်အခုပုံစံကို အစ်ကိုဘယ်လိုထင်လဲ -
"အင်း အမြဲအလုပ်များပြီး စိတ်ထားကောင်းတဲ့ကောင်လေး? "
"ရန်ဖြစ်တာ ၊ ဆင်းရဲတာ တွေကရော? "
"အဲ.. လူကိုကြည့်ရင်ကောင်းတဲ့ဘက်ပဲကြည့်မှာပေါ့ အဲ့ဒါဆိုကိုယ်စိတ်ချမ်းစရာကောင်းတယ်လေ ၊ လောကမှာပျော်ဖို့ဆိုတာက အကြည်ဓာတ်အနောက်ဓာတ်ခွဲရမှာမဟုတ်ဘူး ညီရဲ့ ၊ကိုယ့်အတွက်ပျော်ရွှင်စေမဲ့ အကြည်ဓာတ်ကိုပဲရှာဖွေရမှာ ... ပြီးတော့ ရန်ဖြစ်တာဆင်းရဲတာကလည်း မကောင်းတာမှမဟုတ်ဘဲ "
ရန်ဖြစ်လာတိုင်း ကျွန်တော်နိုင်လာခဲ့တယ်လို့ပြောရင် ကိုယ်ကျေနပ်ပါပြီဆိုတာလည်းမင်းကိုပြောပြချင်ပါရဲ့ ။
-ကျွန်တော် အစ်ကို့ကိုပြောစရာရှိတယ် -
-မနက်ဖြန် ရုပ်ရှင်ရုံမှာတွေ့လို့ရမလား-
"ရတယ်လေ ကိုယ်ဘောနပ်စ်ရထားတာ မင်းကိုဒကာခံမယ် "
သူဖုန်းကိုပွတ်နေရင်းကောင်လေးရဲ့နံမည်ကိုတောင်မသိရသေးတာသတိရသွားတယ် ။
"နံမည်မသိရသေးဘူးနော် "
-မနက်ဖြန်ပြောပြမယ် -
စျေးကိုင်လိုက်တာ ။ စိတ်ကူးထဲမှာ ကောင်လေးရဲ့နံမည်ကိုပုံဖော်နေလိုက်တယ် ။ သူ့ရာသီခွင်ကိုရောပေါ့ ။ ကောင်လေး Aura က Strong ဖြစ်တယ်ဆိုတော့ နဂါး? နွားထီး? ကျား? ဒါပေမဲ့ မြွေလိုမျက်ဝန်းတွေနဲ့ မြင်းလိုလည်း သန်မာတာပဲ ။ လူတွေက ရှောင်းကျန့်ကိုတော့ ယုန်နှစ်မှာမွေးတယ်လို့ ခန့်မှန်းလေ့ရှိတယ် ။ ဒါပေမဲ့သူကဆိတ်နှစ်ဖွားလေးပါ ။ ဆိတ်ကလေးတစ်ကောင်နဲ့သူတူတယ်မလား ။ အရာရာကိုအေးအေးချမ်းချမ်းဖြတ်သန်းသွားမဲ့ဆိတ်ကလေးပေါ့ ။ ကောင်လေးနဲ့အရင်နှစ်ကသူတွေ့ခဲ့ရရင်ကောင်းမယ် ။ အဲ့ဒါက ဆိတ်နှစ်လေ ။ ကိုယ့်မွေးနှစ်မှာ ရင်ခုန်စရာလူသာရှာတွေ့ခဲ့ရင် ... ။