Dec 25 .
ခရစ်စမတ်နေ့ကသူတို့အိမ်အတွက်တော့ထူးခြားတဲ့ရိုးရာမရှိပေမဲ့ ခရစ်စမတ်နေ့ရောက်ရင် သူ့ကိုအလိုလိုက်တဲ့ဖိုးဖိုးဆီလိုက်ပို့ပေးတတ်တာမို့သူအတော်လေးပျော်ပါတယ် ။ ဖိုးဖိုးဆုံးသွားတဲ့နောက်သူ့အတွက်လည်းသိပ်မထူးခြားတော့ပါဘူး ။ ရိပေါ်တစ်ခုခုကိုဝန်မခံခဲ့ချိန်ထိပေါ့ ။
"တကယ်တော့ ကျွန်တော်အစ်ကို့ကိုဆိတ်နှစ်ရဲ့ခရစ်စမတ်မှာတွေ့ခဲ့တာ... 2015 ပေါ့ ၊ ကျွန်တော့်အဖိုးက ပွဲတော်တွေကိုနောက်ပြောင်ရတာသဘောကျတယ်လေ သူကခရစ်စမတ်နေ့မှာ ဆိတ်ပုံစာရွက်အနီတွေကပ်ထားပြီး ကျွန်တော့်ကိုဆိတ်တစ်ကောင်ထွက်ရှာဖို့တိုက်တွန်းခဲ့တယ် မခိုးမဝှက်ဘဲ ၊ မိဘဆီကမတောင်းဘဲ ဆိတ်တစ်ကောင်ရနိုင်ရင် ကျွန်တော့်ကိုဆိုင်ကယ်ဝယ်ပေးမယ်လို့ကတိပေးတယ် "
"ဘာ "
ရှောင်းကျန့်ဟာသရှာတွေ့သလိုရယ်လိုက်တယ် ။
"ကျွန်တော်ကလည်းအဆော့သန်တဲ့ကလေးလေ လူပျိုပေါက်ဆိုတော့ပိုဆိုးတာပေါ့ဆိုင်ကယ်ကြီးဟီးနေအောင်စီးချင်ခဲ့တာ ၊ ဒါပေမဲ့အဲ့နေ့ကငိုယိုပြီးအသုဘဓာတ်ပုံကိုင်ထားတဲ့အစ်ကို့ကိုမြင်တော့ ကျွန်တော်ဆိတ်တစ်ကောင်ဆက်မရှာနိုင်ခဲ့ဘူး "
"ငါကဆိတ်ပဲလေ ဆိတ်နှစ်ဖွား "
"ကျွန်တော့အဖိုးက အစ်ကို့ကိုသိတယ် လောင်ရှောင်းရဲ့မြေးလေးဆိုပြီးပြောတော့ ကျွန်တော်အစ်အောက်ကြည့်ခဲ့တာ ဒါပေမဲ့အများကြီးမသိခဲ့ရပါဘူး ၊ ကျွန်တော်အစ်ကို့ကိုပြန်ရှာတွေ့တော့ကျွန်တော်အထက်တန်းပေါ့ အဲ့တုန်းကကျွန်တော်မိန်းကလေးတော်တော်များများနဲ့တောင်တွဲနေပြီ ၊ အစ်ကို့ကိုစိတ်ဝင်စားပေမဲ့အဲ့ဒါကဒီတိုင်းလေးရိုးသားတယ်ထင်ခဲ့တာ မေ့မေ့ပျောက်ပျောက်လည်းရှိနိုင်ခဲ့ပါသေးတယ် မထင်မှတ်ဘဲအစ်ကို့အရိပ်လေးတွေ့တာနဲ့ကျွန်တော်လိုက်ကြည့်နေခဲ့မိတယ်... တစ်နေ့တခြားမြတ်နိုးလာခဲ့ပြီးကျွန်တော့်အစ်ကိုတက်တဲ့ကျောင်းပဲရွေးလိုက်တာ အစ်ကို့အကြောင်းတွေအသေးစိတ်စုံစမ်းခဲ့တယ် ၊ နောက်ဆုံးတော့အစ်ကို့ကောင်လေးဖြစ်လာခဲ့တယ် "