October

2.7K 488 10
                                    

Oct 5.

ရှောင်းကျန့်ရဲ့မွေးနေ့ရှိတဲ့လ ။ ရှောင်းကျန့်အတွက် October လကသိပ်လှတယ် ။ သူ့ကိုယ်ပိုင်သိမ်းထားတဲ့ ကာလလေးတစ်ခုပဲ ။ ဒီနှစ်မှာ​တော့နည်းနည်းမပျော်မရွှင်ဖြစ်နေရတယ် ။

🌎

အလုပ်မအားဘူးပြောသွားတုန်းက လက်ခံလိုက်တာသူကိုယ်တိုင်ပဲဆိုပေမဲ့ မွေးနေ့ဆုတောင်းစာတိုလေးတောင်မပို့ဘဲနေနိုင်တော့ သူနည်းနည်းစိတ်မကောင်းဖြစ်သွားတယ် ။

မွေးနေ့မှာတစ်ခုခုလုပ်ဖို့တွေးထားပေမဲ့ ရည်းစားကတောင်ဆုတောင်းမပေးတဲ့အခါသူအချိန်ပိုဆင်းလိုက်တယ် ။ ရုံးကထွက်လာ​တော့ နေရောင်ပျောက်နေပြီ ။ Taxi ပေါ်မတက်ခင်သူဘေးဘီဝဲယာလှည့်ကြည့်တယ် ။ ကောင်လေးများ သူ့ကို Surprise လာလုပ်မလားဆိုပြီးစိတ်ကူးယဥ်မိတယ် ။ အိမ်ပြန်ရောက်တဲ့အထိသူလျှောက်ငေးနေတုန်းပဲ ။

"မွေးနေ့မှာ​တောင်အိမ်စောစောပြန်လာပြီးညစာမစားနိုင်ဘူးလား ရည်းစားအခုမှထားဖူးတဲ့အရွယ်လည်းမဟုတ်ဘူး မင်းတအားပျက်ဆီးနေပါလားဟမ် အပြင်မှာညအိပ်ရတာနဲ့ နောက်ကျရတာနဲ့...ငါစကားပြောနေတယ် အရေးမစိုက်သလိုမလုပ်နဲ့ရှောင်းကျန့် "

"ကျွန်တော်ပင်ပန်းနေပြီ အချိန်ပိုဆင်းပြီးပြန်လာတာ "

မိခင်ဖြစ်သူက အချိန်ပိုဆင်းတာသိတော့တိတ်ဆိတ်သွားတယ် ။

"ရည်းစားနဲ့တွေ့နေတာဆိုရင်​တောင် အမေ့သားကယောကျာ်းလေးပါ... အရမ်းမချုပ်ခြယ်ပါနဲ့တော့သားမွန်းကျပ်တယ် "

မိဘတွေမကြည်တော့တာသိတော့သူ
ညစာကိုအခန်းထဲမှာပဲ ခေါက်ဆွဲပြုတ်စားလိုက်တယ် ။

နာရီကတချောက်ချောက်ရွေ့လျားနေတာပဲ ။

ရိပေါ်က စာတစ်စောင်တောင်ပို့မလာခဲ့ပေ ။ 12 နာရီထိုးဖို့နီးလာတော့သူစိတ်ကူးဆက်မယဥ်ချင်တော့ဘဲ အိပ်ယာပေါ်တက်လိုက်တယ် ။

'ဒေါက်ဒေါက် '

မှန်တံခါးခေါက်သံက ဝရံတာဘက်တံခါးကလာတာမို့သူထိတ်လန့်သွားတယ် ။

"အချစ် "

ခပ်တိုးတိုးသံကြားတော့သူအမြန်တံခါးထဖွင့်ပေးလိုက်တယ် ။

~ 𝒴𝑒𝓈 𝒴𝑜𝓊 𝒶𝓇𝑒 𝓈𝓉𝒶𝓇𝒾𝓃𝑔 𝒶𝓉 𝓎𝑜𝓊𝓇 𝒷𝑒𝓉𝓉𝑒𝓇 𝒽𝒶𝓁𝒻~Where stories live. Discover now