March

3.4K 537 6
                                    

March 24 .

ပထမဆုံးလမဟုတ်တဲ့အပြင် မ ဂဏန်းပိုင်ဆိုင်တဲ့ March ကိုသူသိပ်သဘောမကျဘူး ။ ရှောင်းကျန့်က မ ဂဏန်းတွေမုန်းတယ် ။ ဒါပေမဲ့တိုတောင်းပြီး သူရဲကောင်းဆန်တဲ့နံမည်ကိုတော့သူနှစ်ခြိုက်တယ် ။ M ကတော့ ကစားကွင်းမှာတွေ့ရတဲ့ လှေကားတစ်ဖက်ပါလျှောတွေနဲ့တူတယ်လို့သူထင်တယ် ။

🌺

ရှောင်းကျန့်အလုပ်လျှောက်ဖို့အတွက် ပေါ့ပါးတဲ့အနောက်တိုင်းဝတ်စုံကိုဝတ်လာခဲ့တယ် ။ ပေါ့ပါးတဲ့အနောက်တိုင်းဝတ်စုံဆိုတဲ့ဖော်ပြချက်က
ရယ်စရာကောင်းပေမဲ့ ပေါ့ပါးတဲ့အသားနဲ့ချုပ်ထားတဲ့ဝတ်စုံက တကယ်ကိုပေါ့ပါးလှတာပါ ။

ပထမဦးဆုံးအတွေ့အကြုံဆိုပေမဲ့ သူကောင်းကောင်းလုပ်နိုင်လိမ့်မယ်လို့ယုံကြည်တယ် ။ ဘေးနားကအမျိုးသမီးလေးက သူ့နားအသာယိမ်းကျလာပြီး ချုပ်ပင်တစ်ချောင်းလောက်ရှိနိုင်မလားလို့အကူအညီတောင်းတယ် ။ သူ့မှာအပိုပါတာမို့ ပေးလိုက်တော့ အမျိုးသမီးငယ်ကကျေးဇူးတင်သလိုပြုံးပြလာတယ် ။

ရှောင်းကျန့်တွဲခဲ့သမျှထဲ အမျိုးသားတွေပိုများတယ်ဆိုပေမဲ့ရှောင်းကျန့်ပိုနှစ်သက်တာက သည်လိုနူးညံ့တဲ့အမျိုးသမီးပုံစံဖြစ်တယ် ။ မိန်းကလေးတွေကပိုထိခိုက်လွယ်တာကြောင့် ဘဝအတွက်မရည်ရွယ်တဲ့ပက်သတ်မှုမျိုးတွေကို သူစတင်ဖို့အတော်လေးအချိန်ယူစဥ်းစားရတယ် ။ မိန်းကလေးတစ်ယောက်ကိုနာကျင်အောင်သူမလုပ်ရက်ဘူးလေ ။ ရှောင်းကျန့်တွဲခဲ့တဲ့ မိန်းကလေးတွေရဲ့ပြဿနာက ချုပ်ခြယ်လွန်းပြီးရှောင်းကျန့်ကိုရုပ်သေးရုပ်လို ခြယ်လှယ်ချင်တာပါပဲ ။ ဖြတ်သွားဖြတ်လာကိုကြည့်မိရင်တောင် သစ္စာဖောက်မိသလိုပြဿနာရှာလာတာမျိုးကျ ရှောင်းကျန့်ရဲ့ပုံစံနဲ့အံဝင်ဂွင်ကျမဖြစ် ။ သူတစ်ပါးကို ကောင်းကောင်းဆက်ဆံတတ်တယ်ဆိုပေမဲ့မိမိကိုယ်ကို အနစ်နာခံရလောက်တဲ့အထိတော့ သူမရူးမိုက်ချေ ။

"Acc အပ်ရအောင်လေ အလုပ်အတူရလာခဲ့ရင်ငါတို့ဆက်သွယ်လို့ရတာပေါ့ "

"အင်း "

ရှောင်းကျန့် Acc ကို Scan ဖတ်ပြီးတာနဲ့ကောင်မလေးက Add လိုက်တယ် ။

~ 𝒴𝑒𝓈 𝒴𝑜𝓊 𝒶𝓇𝑒 𝓈𝓉𝒶𝓇𝒾𝓃𝑔 𝒶𝓉 𝓎𝑜𝓊𝓇 𝒷𝑒𝓉𝓉𝑒𝓇 𝒽𝒶𝓁𝒻~Where stories live. Discover now