Nov. 2
ကျွန်တော် Intro တွေမဝင်တော့ဘူး ။ ကျွန်တော်အသက်ကိုမနည်းလုရှုနေခဲ့ရတယ် ။
🏎
ပြိုင်ပွဲကွင်းက ဘာကိုကြည့်ပြီးအော်ဟစ်အားပေးနေတယ်သူမသိပေမဲ့ ယင်ကောင်လိုမျက်စိနောက်အောင်ဖြတ်ပြေးနေတဲ့ကားစိမ်းလေးကိုကြည့်ပြီးသူရင်တွေတလှပ်လှပ်ခုန်ပေါက်နေခဲ့တယ် ။ ကားဘီးလဲလှယ်ပြီးဆီဖြည့်ပေးဖို့အသင့်ပြေးထွက်လာတဲ့အဖွဲ့ကိုမြင်တိုင်း ကားဘီးနဲ့တက်ကျိတ်မိသွားမှာသူကြောက်လှသည် ။
ရိပေါ်ရဲ့ကားက ပြန်ပြေးထွက်သွားပြီးဘေးဘက်တွေယိုင်ထွက်ကုန်တာ ၊ ညှပ်ပိတ်ခံရတာတွေရှိလာတိုင်းသူက ကွင်းထဲပြေးခုန်ဝင်သွားလိုက်ချင်သည် ။ သူ့လက်တွေအေးစက်လာတဲ့အချိန် လူတွေအော်ဟစ်အားပေးတဲ့အသံကြားလိုက်ရတယ် ။ သူဘာလုပ်ရမလဲမသေချာ ။ ဘယ်သူနိုင်သွားမှန်းသူတကယ်မသိတာပါ ။ ဆုယူတဲ့နေရာမှာ
ရိပေါ်ကပုလင်းဖောက်ရင်း ဆုကိုင်လို့ပွဲခံနေတာမြင်မှသူထခုန်လိုက်တယ် ။ အဲ့ဒါငါ့ရည်းစားပဲ ။ပွဲပြီးသွားတော့ရိပေါ်တို့ရဲ့အဝတ်လဲခန်းမှာသူစောင့်နေလိုက်တယ် ။ ရိပေါ်က ဝတ်စုံနီနဲ့သူ့နားကိုပြေးလာတယ် ။
"အစ်ကို "
"အရမ်းတော်တာပဲ "
"ကျွန်တော့်ကိုဆုချဦး "
အနမ်းတစ်ပွင့်ပေးတဲ့အခါ ရိပေါ်ကမကျေနပ်ဘဲ
သူ့ကို Locker တွေဘက်တွန်းကပ်ရင်း ခပ်ပြင်းပြင်းနမ်းတယ် ။"တက်တက်ကြွကြွနမ်းစမ်းပါအစ်ကိုရဲ့ "
ရှောင်းကျန့်ရယ်လိုက်ပြီး ဒုတိယအနမ်းကိုဦးဆောင်လိုက်တယ် ။ ဒီကောင်လေးကိုကြွေလို့သေတော့မှာပဲ။
. . .
"ကျွန်တော်တို့ အိမ်ခွဲနေရအောင် "
ရှောင်းကျန့်စားနေတဲ့တူကလေထဲရပ်တန့်နေပြီး ရိပေါ်ကိုမော့ကြည့်လိုက်တယ် ။
"ကျွန်တော်လတ်တလောတော့အိမ်မဝယ်နိုင်သေးပေမဲ့ အရွယ်ရောက်ပြီးတဲ့စုံတွဲတွေဖြစ်နေပြီပဲ ကျွန်တော်တို့အတူနေသင့်ပြီလို့ထင်တယ် "