August 4 .
August - August ပါတဲ့အနောက်တိုင်းသားနံမည်တော်တော်များများကိုသူကြားဖူးတယ် ။ အဲ့ဒါတော်ဝင်ဆန်သလိုပဲ ။ ငယ်ငယ်ကအတွေးတွေအများကြီးကိုသူမမှတ်မိတော့ဘူး ။ ဘာလို့ဆို လက်ရှိ August က ရိပေါ် မွေးလဆိုတာသူသိခဲ့ရလို့ပဲ ။ သူကလျှောက်တွေးရတာကြိုက်တဲ့ကောင်လေးပေမဲ့ ရိပေါ်ဖွင့်ပြောပြီးကတည်းကဦးနှောက်တွေက ရှုပ်ထွေးလာခဲ့တယ် ။
🌧
ကော်ဖီဆိုင်ထဲသူဝင်ပြီးတာနဲ့သင်းပျံ့တဲ့ရနံ့ကိုသူခံစားလိုက်တယ် ။ ဝတ္ထုစာအုပ်တစ်အုပ် ၊ ကော်ဖီတစ်ခွက် ၊ မိုးစက်တွေကိုကောင်းကောင်းမြင်နိုင်တဲ့မှန်အကာနားကထောင့်စွန်းနေရာ ။ သူ့အတွက်သိပ်ပြည့်စုံသွားပြီ ။ နားရက်မှာအိပ်ပစ်ဖို့တွေးထားပေမဲ့ မေမေအလောတကြီးနဲ့အဝတ်ထွက်ရုပ်တာမြင်ပြီး မိုးရွာပြီဆိုတာသူသိလိုက်တာပဲ ။ စာအုပ်တစ်အုပ်နဲ့ ကော်ဖီဆိုင်ပြေးဖို့လုပ်နေတဲ့သူ့ကိုမေမေကတော့ဆူလိုက်တယ် ။
တကယ်တော့သူစိတ်ပျော်ရာရှာနေခဲ့ရတာကြာပြီ ။ ရိပေါ်ကိုသူ Block လိုက်တယ် ။ သူမနေနိုင်ပါဘူး ။ နေ့တိုင်းလွမ်းတယ် ။ သူစိတ်ဆိုးသလိုပြောရင်အမြန်ချော့တတ်တဲ့စကားတွေ ၊ အသေးစိတ်ဂရုစိုက်တတ်တာတွေ ။ ဒါပေမဲ့ ရိပေါ်ရဲ့ဝေ့ပေါ် Acc ကိုသူရှာတွေ့ခဲ့တဲ့အချိန်မှာ အားလုံးကအလိမ်အညာချည်းပဲဆိုတာသိခဲ့ရတာပဲ ။
အဲ့နေ့ကသူတို့ရုပ်ရှင်ကြည့်ခဲ့တယ် ၊ မသိမသာလက်ချောင်းလေးတွေထိပြီးလျှောက်လည်ကြတယ် ။ ကားရှေ့ခန်းရဲ့အံဆွဲထဲမှာတောင် ရှောင်းကျန့်အတွက်ပစ္စည်းတွေမုန့်တွေအများကြီးထည့်ထားတယ်လေ ။ အိမ်ပြန်ပို့ပေးတော့ ကားပေါ်မှာရှို့တို့ရှန့်တန့်ဖြစ်နေခဲ့ကြပေမဲ့ လမ်းအမှောင်ရိပ်ကိုအခွင့်ကောင်းယူပြီးသူကနမ်းခဲ့တယ် ။ စည်းကမ်းကြီးတဲ့မိဘတွေရှိနေတဲ့အိမ်နားမှာ... ကျွန်တော်ကသူနဲ့နမ်းနေခဲ့ကြတာ ။ မေမေဝရံတာကိုထွက်လာတာတောင်သူမလွှတ်ပေးခဲ့ဘူး ။
ရှောင်းကျန့်ကအချစ်ရူးလေးလိုပဲကြွေဆင်းသွားခဲ့တယ် ။ ထိုညကအချစ်ရူးလေးတစ်ယောက်ပီပီမအိပ်ဘဲ Application အတော်များများကိုကူးယူခဲ့တယ် ။ ဝေ့ပေါ်ဖွင့်ပြီးကောင်လေးနံမည်ရိုက်ရှာကြည့်တော့တန်းပြီးတွေ့ရတာပါပဲ ။