September 1 .
နံမည်ခေါ်ရခက်တဲ့လမို့ရှောင်းကျန့်ကတော့
ကိုးလပိုင်းလို့သာအလွယ်ပြောတတ်တဲ့လ ။
ဒီနှစ်ကိုးလပိုင်းမှာတော့အတော်လေးမိုးသည်းပါတယ် ။💫
"အစ်ကို "
ကားပေါ်ကပြေးဆင်းလာတဲ့ရိပေါ်က ထီး
သယ်လာပေမဲ့ဖွင့်စောင်းဖို့သတိမရပုံပါပဲ ။"ဘာဖြစ်သွားသေးလဲ "
"အစ်ကိုမိုးမိရုံပါ... မိုးမိလို့လာကြိုခိုင်းတာကို မင်းကမိုးရေထဲပြေးလာတေ့ဘယ်လိုလုပ်မလဲ "
"ဟား.... ကြွက်စုတ်လေးလိုရပ်နေတာကို မြင်လိုက်ရတော့စိတ်ပူပြီး ပျာယာခတ်သွားတာ "
"ချမ်းနေပြီ "
"ကားထဲဝင်ရအောင် "
"မင်းအလုပ်အားရဲ့လား "
"အစ်ကိုကအရေးကြီးဆုံးအလုပ်ပဲ... ကျွန်တော်ကအစ်ကို့ အရေးပေါ်ကားလေးပါဆို "
"မင်းပြောပြန်ပြီ "
ရှောင်းကျန့် ရှက်ပြုံးလေးနဲ့ခေါင်းငုံ့ပြီး ရိပေါ်ပေးတဲ့တဘက်စနဲ့ခေါင်းအသာသုတ်လိုက်တယ် ။ ရိပေါ်ကမိုးရေတွေကြားကားကိုထိန်းမောင်းရင်း သူ့အိမ်ရှိရာခေါ်သွားတယ် ။ ရှောင်းကျန့်အတွက်ရိပေါ်ပေးတဲ့အဝတ်တွေကတော်တော်ကြီးပေမဲ့သိပ်သဘောကျရတယ် ။ ရိပေါ်ရဲ့ ကိုယ်သင်းနံ့လေး ဒီမှာရှိနေပါတယ် ။
မွေ့ယာပေါ်ထိုင်စောင့်နေတဲ့သူ့အတွက် ရိပေါ်ကနွေးထွေးတဲ့ဂျင်းပြုတ်ရည်တစ်ခွက်ယူလာတယ် ။ တိုင်းရင်းဆေးတွေကအတော်လေးခါးပေမဲ့အာနိသင်ကောင်းရင်သူအမြဲသောက်ဖြစ်တယ် ။
"နွေးသွားတာပဲ "
"ဂျင်းရည်က ကိုယ်အတွင်းပိုင်းထိနွေးထွေးစေတယ်လေ ၊ ကျွန်တော်ကအပြင်ဘက်ပဲဖက်ထားပေးနိုင်တော့ အထဲမှာအေးနေမှာစိုးလို့ "
သိပ်ပိုလွန်းတဲ့သူရယ်လို့ သူမပြောရက်ပါ ။ ရိပေါ်ကစကားနဲ့အညီသူ့ကိုထွေးပွေ့ထားတယ်မဟုတ်ပါလား ။ ရှောင်းကျန့်နှာစေးချင်သလိုဖြစ်လာတော့ နှာစေးပျောက်ဆေးမျိုးစုံရှာလာပြီးသောက်နေကျဆေးကိုရွေးချယ်ခိုင်းတယ် ။ သူသောက်နေကျ အပြာရောင်ဆေးလုံးလေးထောက်သောက်ပြီး သူတို့ကြားမှာပြောစရာစကားရှာမတွေ့တော့ ။