꧁𝗢𝗻𝘀𝗲𝘁꧂
Tw // self harm/harsh words
ကြည်လဲ့လဲ့ရေပြာအိုင်နှင့်စိမ်းညိုညိုရေညှိဖတ်နှစ်ရောင်ပေါင်းလို့နောက်ဆုံးထွက်လာတဲ့အရောင်လိုမျိုး
နဖူးအပေါ်လှန်တင်ထားတဲ့ဆံသားအိအိတို့ကိုအသေးစိတ်မှတ်မိနေသည်။
စိတ်အာရုံကစွဲမှတ်ထားသည်မက ဖြူဖြူသွယ်သွယ်လက်ချောင်းတွေကပါသူ့စိတ်အလိုကျ ဝါကျင့်ကျင့် ကင်းဗတ်စပေါ်လှုပ်ရှားနေသည်။
နှာတံချွန်ချွန်ကဘေးတိုက်ကြည့်ရင် အနုပညာမြောက်သည်အထိ လှသည်။
အင်း..နှာတံချွန်ချွန်လေးပြီးတော့ ချယ်ရီရောင်နှုတ်ခမ်းတွေ..။
အတွေးနဲ့တင် ခနတာရပ်တန့်သွားသည့်လက်တစ်စုံ။
ကျောင်းပရောကျက်တစ်ခုအတွက် ကိုယ့်စိတ်ကြိုက် ပန်းချီကားတစ်ချပ်ပေးပါဟုတောင်းဆိုခံထားရသဖြင့် ဆောင်းဟွန်းတစ်ယောက်အလုပ်ရှုပ်နေခြင်းပင်။ စိတ်လွှင့်သွားသည့်ခနတာ..ဆွဲချင်ရာဆွဲနေသည့်သူ့ကိုယ်သူပြန်သတိထားမိတော့ ကင်းဗတ်ပေါ်က ဟိုလူ့ပုံက သူ့ကိုလှောင်ရယ်နေသလိုပါဘဲ။"ရူးနေပြီ ပတ်ခ်ဆောင်းဟွန်း"
သက်ပြင်းတစ်ချက်ချပြီးနောက် အရှေ့တည့်တည့်ရှိကင်းဗတ် ကိုသေသေချာချာကြည့်မိသည်။