"မိုးသက်လေပြည်"

298 42 13
                                    

မိုးသက်လေပြည်ကိုခံစားမိရင် အဲ့ဒီမိုးကကိုယ်နဲ့ တစ်ယူဇနာအကွာမှာရှိသတဲ့။

🌧

ကျွန်တော့်ရဲ့ မိုးသက်လေပြည်ကလည်း တစ်ယူဇနာအကွာတိတိမှာ ရှိနေပါတယ်။

🌧

ဝင်းဖန့်ဖန့်အသားအရည်နဲ့ ဒေါင်ကောင်းကောင်းအဲ့ဒီအကိုကြီးက ကျွန်တော့်အတွက်တော့ စိတ်ဝင်စားဖွယ်အဖုံဖုံ။

သူ့ညာဘက်နားမှာ ပန်ဆင်ထားတဲ့ လှုပ်လီလှုပ်လဲ့ နားဆွဲလဲ့လဲ့လေးနဲ့ ရယ်လိုက်ရင် ပိတ်ကျသွားတဲ့မျက်ဝန်းတွေအဆုံး အကုန်လုံးက ငေးနေချင်စရာ။

Hairstylist ဆိုသလို ဆံပင်အရောင်မျိုးစုံနဲ့ ပုံစံမျိုးစုံထားလေ့ရှိတဲ့ အကိုက သာမန်တွေထက် ထင်းထွက်နေတာတော့အမှန်ပဲ။

လက်ဖြူဖြူသွယ်မှာ ကစားနေတဲ့ ကတ်ကြေးအရွယ်စုံရယ်၊ ခါးသွယ်သွယ်မှာ စတိုင်ကျကျချိတ်ထားတဲ့ styling bag ရယ်က ဒီလူ့ကို professional ဆိုတဲ့ ခေါင်းစဉ်နဲ့ ပနံသင့်နေစေရော။

🌧

အကိုက အပေါင်းအသင်းများတယ်။ အပြုံးအရယ်နည်းတယ်။ မလိမ္မာဖူးလို့လည်း ထင်ရတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်မှ ကွက်ပြီး အေးချမ်းနေပါတဲ့လောကပါလငြိမ်းချမ်းရေးတရားလေး။

Hair Salon ကြေညာတစ်ခုမှာ တွေ့ပြီး အရမ်းကာရောဖြစ်မိသွားတဲ့ ကိုယ့်ကိုယ်ကိုလည်း နားမလည်သလို၊ ၁၂ မိုင်ဝေးတဲ့ ဒီနေရာအထိ အကြောက်အလန့်မရှိ လာရှာဖူးတဲ့နေ့ကလည်း ကျွန်တော့ဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားရတဲ့နေ့တွေထဲကတစ်နေ့ပေါ့။

အဲ့ဒီနေ့ အကို့ဆီ သွားတဲ့နေ့က နေသာပါတယ်။

အကို့ကို တိုက်ရိုက်ဝင်မရောရဲလို့ ခပ်ဝေးဝေးကနေ လှမ်းငေးရင်း ဆိုင်ထဲက ဝန်ထမ်းအမကြီးကို အပီပေါင်း မုန့်ကျွေးပြီး အကို့ရဲ့ IG acc ကို မနည်းတောင်းခဲ့ရတာ။

Acc ရပြီးတော့လည်း တော်တော်နဲ့ သွားမaddရဲဖူး။ ဆေးဖယောင်းတိုင်တွေပါထွန်း ပိုင်ရာဆိုင်ရာတွေဆီ ဆုတောင်းပစ်ရတာ။

🌧

@clover_325hj တဲ့။ အကိုက မထင်ရဖူး။ ကျွန်တော့် request ကို တန်း accept သွားတယ်။

ပန်းအိHikayelerin yaşadığı yer. Şimdi keşfedin