Chapter 27

656 62 3
                                    

မနက်ကစထွက်လာတဲ့ခရီးက ညနေမိုးချုပ်မှရောက်တော့သည်။ တစ်လမ်းလုံးတစ်တီတူးလာတဲ့၂ယောက်ကတော့ ပင်ပန်းလွန်းလို့ကားပေါ်ကဆင်းတာနဲ့ Taxiတစ်စီးဌားလိုက်ရတော့၏။ Taxiစောင့်နေတုန်း အပြင်ဘက်ကခုံတန်းမှာတင် Xiao Zhanတစ်မှေးအိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာ Xiao Zhan သူမရောက်လိုက်ရတဲ့မင်္ဂလာပွဲကိုရောက်နေသည်။ သတို့သမီးဝတ်စုံမဟုတ်တဲ့ အဖြူရောင်ဂါဝန်ရှည်ကိုဝတ်ထားသောYang Chiက Xiao Zhan၏ပုခုံးကိုပုတ်သွားကာ ခန်းမထဲပြေးဝင်သွားသည်။

" ဟဲ့မြန်မြန်လာလေ။ ဘာလို့နောက်ကျနေတာလဲ။ "
" အော် အင်း "

Xiao Zhanအယောင်ယောင်အနနနဲ့ ခန်းမထဲဝင်လာသည်။ သတို့သားဝင်လာပြီဆိုတော့ ဘေးဘီကပွဲလာဧည့်သည်တွေရဲ့အာရုံက Xiao Zhanဆီကျရောက်လာသည်။ Xiao Zhanထူးထူးခြားခြားပဲ သူ့အနေအထားကပုံမှန်မဟုတ်တာသတိထားမိလိုက်သည်။ Xiao Zhanရဲ့ဘေးမှာXiao Papaယှဉ်ရပ်လိုက်ပြီး သူ့လက်အားကွေးကာXiao Zhanကိုပြောလာသည်။

" Zhan Zhan ပါးပါးလက်ကိုတွဲလိုက်လေ။ "

ခန့်ငြားစွာဝတ်ဆင်ထားသော Xiao Papaက ပုံမှန်နေ့ရက်တွေထက်တောင်ပိုနုပျိုနေသည်။ Xiao Zhan Papaရဲ့လက်ကိုတွဲဖို့ပြင်လိုက်ပေမယ့်လည သူ့လက်ကပန်းစည်းအားကိုင်ထားလေ၏။

( ဘယ်လို )

Xiao Zhanပန်းစည်းကိုင်ထားသည့်လက်က ဇာလက်အိတ်ဝတ်ထားသည်။ နောက်တစ်ဖက်လည်းအတူတူပဲ။ ပြီးတော့ထိတ်လန့်စရာကောင်းလောက်အောင် Xiao Zhan အနီရောင်ပြေးသည့်သတို့သမီးဝတ်စုံအားဝတ်ထားလေသည်။ ဂါဝန်ကကားပြီးကြီးလွန်းလို့ အရပ်ရှည်တဲ့Xiao Zhanတောင်ယိုင်လဲသွား၏။

" အို သတို့သမီးလေးသတိထားမှပေါ့။ "

ဧည့်သည်တွေထဲမှXiao Zhanနဲ့အနီးဆုံးမှာရှိနေသော Zhou Chengကစိတ်ပူစွာဆိုသည်။ Xiao Zhan သူ့ကိုလှောင်ပြောတာလားဆိုပြီး ရန်တွေ့ဖို့ပြင်ပေမယ့် Zhou Chengအတည်ပေါက်မျက်နှာဖြစ်နေသည်။

" ဘာလို့ငါကသတို့သမီးလဲ။ ငါကယောကျာ်းကြီးလေ။ "

Xiao Zhan ဂါဝန်ကိုဆွဲချွတ်ဖို့ဟန်ပြင်တော့ Xiao Papaကမျက်နှာလွှဲ၍ကြိမ်းမောင်း၏။

" Zhan Zhan ဒါဘယ်လိုအရှက်မဲ့တဲ့လုပ်ရပ်လဲ။ ပြန်ဝတ်စမ်း။ "
" ပါးပါး သားကယောကျာ်းလေးလေ။ "
" ငါ့မှာသမီး၂ယောက်ပဲရှိတာ။ အိုင်းယိုး အခုတော့ခမည်းခမက်တွေရှေ့မှာသိက္ခာလုံးလုံးကျပါပြီ။ "
" ဟင် "

SUMMER DREAM - If I Love You , Would It Be Ok ? Where stories live. Discover now