Chapter 23

721 70 2
                                    

ညစာထမင်းစားပွဲဝိုင်းမှာ Xiao Zhanရဲ့မိဘ၂ဦးနဲ့Xiao Hwaကတစ်ဖက် Xiao Zhan , Wang Yibo , Wang Shenတို့ကတစ်ဖက် ထိုင်နေကြပြီး Wang Yibo တစ်ယောက်တည်းစိတ်ကျဉ်းကျပ်နေသည်။ ယောက္ခထီးလောင်းက တစ်ချက်တစ်ချက် Wang Yiboကို အကဲခတ်ကြည့်နေသည်။ အိမ်မှာရုတ်တရက်ကြီး Wangမျိုးရိုးက၂ယောက်ရောက်လာတာဟာ Xiaoပါးပါးတိုက်ဆိုင်မှုသက်သက်လို့ မှတ်ယူလိုက်သည်။

" စားကြနော် မြို့ကဧည့်သည်လေးလည်း ထည့်စား "
" ဟုတ် အန်တီXiao "

Xiaoမားမားကတော့ Xiao Zhanအတိုင်းပဲ အင်မတန်မှသဘောကောင်းပြီး ခေတ်ဆန်သည်။ Xiao Zhanပြောဖူးတာက သူ့အဖေနဲ့အမေအသက်မတိမ်းမယိမ်းရှိတယ်လို့ပြောတာကြားဖူးပေမယ့် အခုXiaoမားမားက ရှိရင်းစွဲထက်ပိုငယ်နေသည်။ Xiaoပါးပါးနဲ့Xiaoမားမားတို့တစ်ယောက်ကိုတစ်ယောက် ဟင်းအပြန်အလှန်ထည့်ပေးရင်း ကြည်နူးနေတာကို Wang Yibo အင်မတန်အားကျသွားသည်။ Xiao Zhanက သူ့မိဘတွေရဲ့စိတ်ထားကိုအမွေခံရထားတာပဲ။ Wang Yibo ထမင်းစားလို့ပြီးတာနဲ့ ထိုင်နေရာကထပြီး Xiaoမားမားပန်းကန်ဆေးနေတာကို ဝိုင်းကူညီတော့သည်။ Xiaoပါးပါးက ပန်းကန်တွေကို အဝတ်အသန့်နဲ့သုတ်ရင်း Wang Yiboနဲ့ စကားဖောင်ဖွဲ့နေသည်။ Xiaoပါးပါးက Xiao Zhanကို မသိမသာစိုက်ကြည့်ကာ တခုခုကိုပြောချင်တဲ့ပုံပေါ်နေရဲ့။ ဒါပေမယ့်လည်း Xiao Hwaရဲ့လက်ထပ်ပွဲရှိနေသေးတာကြောင့် မပြောထဲခေတ္တဆိုင်းထားလိုက်သည်။

ညအိပ်ချိန်ရောက်တော့ Xiao Zhan ခုတင်ပေါ်ကိုရောက်နေပြီ။ အဝတ်ဗီဒိုထဲက အဝတ်ဟောင်းတချို့ဆွဲဝတ်ထားတာကြောင့် နဂိုထက်ပိုပြီးကလေးဆန်နေသည်။ အခန်းမီးကို မှိန်ထားပြီး စားပွဲတင်မီးအိမ်ကနေ အဝါဖျော့ဖျော့အလင်းငယ်လေးသာ ထွက်နေသည်။ Xiao Zhan ဖုန်းကိုအထက်အောက်ပွတ်ကာ အချိန်ဖြုန်းနေပေမယ့် သူ့အာရုံကအခန်းတံခါးဆီမှာ။ အောက်ထပ်မှာလူကြီးတွေနဲ့ မင်္ဂလာဆောင်မယ့်၂ယောက် သီးသန့်စကားပြောနေတာကြောင့် Wang Yibo သေချာပေါက်အပေါ်ထပ်တက်လာတော့မှာလေ။

ကျွီ !

တံခါးကတဖြည်းဖြည်းပွင့်လာပြီး Wang Yibo ခေါင်းရေစိုလက်စက်နဲ့ အခန်းထဲဝင်လာသည်။ အခန်းမီးမှိန်ထားတာမို့ Xiao Zhanအိပ်နေပြီလားလို့ လှမ်းကြည့်သည်။ Xiao Zhan ဖုန်းပိတ်ပြီးWang Yiboကို ပြန်ကြည့်သည်။ Wang Yiboဆံပင်အဖျားတွေကနေ ရေတတောက်တောက်ကျနေတာကိုမြင်တော့ သူ့လက်ကိုရှေ့ဆန့်တန်းကာ လှမ်းခေါ်လိုက်သည်။

SUMMER DREAM - If I Love You , Would It Be Ok ? Where stories live. Discover now