Chapter 3

4.7K 409 2
                                    

Wang Yiboရဲ့ စက်​ဘီးနဲ့ Xiao Zhan စက်​ဘီးစီးသင်​ဖို့ဆုံးဖြတ်​လိုက်​ပြီး အိမ်​အ​နောက်​ဘက်​က ​မြေကွက်​လပ်​မှာပဲ စတင်​ကြသည်။ Wang Yiboက စက်​ဘီးလက်​ကိုင်​ကိုထိန်းထား​ပေးပြီး Xiao Zhanကို စိတ်​​အေး​အေးထားဖို့ သင်​​ပေး​နေသည်။ Xiao Zhan ငယ်​ငယ်​က ​ရောဂါထူတာ​ကြောင့်​ အိမ်​မှာအ​နေများခဲ့ပြီး ပုံဆွဲစာ​ရေးတာနဲ့အချိန်​ကုန်​ခဲ့သည်။ ဒါ​ကြောင့်​အသက်​ကြီးလာ​တော့လည်း ​အေး​ဆေး​နေတတ်​တဲ့သူ ဖြစ်​လာခဲ့သည်။ Wang Yiboက​တော့ လူငယ်​ဘဝကို အပြည့်​အဝခံစားခဲ့ရပြီး လွတ်​လပ်​တဲ့ချာတိတ်​​လေးဖြစ်​လာခဲ့တာ​ကြောင့်​ အားကစားထူးချွန်​သည်။

" gege လဲမှာမ​ကြောက်​နဲ့။ ကျွန်​​တော်​​ဘေးက​နေ လိုက်​ထိန်း​ပေးမယ်​။ "

စက်​ဘီး​နောက်​ထိုင်​ခုံကို Wang Yibo လက်​နဲ့ထိန်း​ပေးရင်း Xiao Zhanကို တတွတ်​တွတ်​​ပြော​ပေးသည်။ Xiao Zhan အစတုန်းက​တော့ ​လက်​တုန်​​နေ​ပေမယ့်​ ပင်​ကိုယ်​ကိုက သိပ်​မသင်​ရတဲ့ဥာဏ်​​ကောင်းသူမို့ ၁နာရီ​လောက်​ စမ်းစီးပြီး​နောက်​မှာ ဟန်​ချက်​ညီလာသည်။

" gege ကျွန်​​တော်​အ​နောက်​က​နေမလိုက်​​တော့ဘူး။ ​ဝေး​ဝေးကိုသာ နင်းသွား​တော့။ "

ပြောလည်း​ပြော လက်​ကလည်း​နောက်​ထိုင်​ခုံကို အားအနည်းငယ်​သုံးကာ တွန်းလိုက်​သည်။ Xiao Zhan တင်​ပါးအနည်းငယ်​ကြွကာ အားစိုက်​နင်းလိုက်​​တော့ စက်​ဘီးက​လေအလျင်​လိုမြန်​ဆန်​လာသည်။ သူ့အ​ရှေ့က ​ဖြောင့်​ဖြူး​နေတဲ့လမ်းရှည်​ကို Xiao Zhan ​တည့်​တည့်​ကြည့်​ရင်း သူ့ပါးစပ်​က​အော်​​ပြောလိုက်​သည်။

" ​ဟေးး Yibo အကို့ကိုကြည့်​ပါဦး ​တော်​တယ်​မလား။ "

သူ​ပြောရင်း စက်​ဘီးလက်​ကိုင်​ကိုလှည့်​ကာ ဘရိတ်​ဖမ်းလိုက်​သည်။ တဖြည်းဖြည်းစက်​ဘီးကို အ​နောက်​ပြန်​လှည့်​ရင်း Wang Yiboဆီ လှမ်းကြည့်​လိုက်​တဲ့အခါ Xiao Zhanကို သူ​ငေးကြည့်​​နေတာမြင်​ရသည်။ Wang Yibo အ​ဝေးက​နေလက်​မ​ထောင်​ပြပြီး ပြန်​​ဖြေသည်။

" gegeက တကယ်​​တော်​တယ်​။ "

Xiao Zhan သူ​မေ့​​နေတဲ့အ​ကြောင်းအရာကို ပြန်​သတိရသွား​စေသည်။ Wang Yiboနဲ့အတူရှိ​တာ ဒီတစ်​နှစ်​​နွေက ​နောက်​ဆုံးပဲ။ ​နောက်​နှစ်​​နွေဦး​ရောက်​တဲ့အခါ Wang Yiboဆိုတာ မရှိ​တော့ဘူး။ Xiao Zhan ဘာ​ကြောင့်​အချိန်​​နောက်​ပြန်​​ရောက်​သွားသလဲဆိုတာ ​သေချာနားမလည်​​ပေးမယ့်​လည်း တချို့အရာ​တွေကို မတားနိုင်​မှာ​ကြောက်​​နေမိသည်။

SUMMER DREAM - If I Love You , Would It Be Ok ? Where stories live. Discover now