Chapter 4

4.2K 377 4
                                    

ညတုန်းက မက်​ခဲ့တဲ့အိပ်​မက်​ဆိုး​ကြောင့်​ Xiao Zhan ထပ်​အိပ်​လို့မရ​တော့တာ​ကြောင့်​ မိုးလင်းသည့်​အထိ ပန်းချီပဲဆက်​ဆွဲ​နေဖြစ်​သည်။ အိပ်​မက်​ဆိုးဆိုသည်​ထက်​ အနာဂတ်​မှာတကယ်​ဖြစ်​လာမယ့်​ဖြစ်​ရပ်​မို့ သူ့စိတ်​​တွေဂ​ယောင်​​ချောက်​ခြားဖြစ်​​နေဆဲ။ ခြံဝင်းထဲက ကြက်​ဖတွန်​သံကြား​တော့ ပန်းချီဆွဲတာရပ်​ပြီး မျက်​နှာသစ်​သွားတိုက်​ဖို့ အခန်းပြင်​ကိုထွက်​လာသည်။ ထုံးစံအတိုင်း ​ရေချိုးကန်​ဘက်​မှာ သွားတိုက်​​နေတုန်း Wang Yibo လည်း ​ရောက်​လာ၏။ အထက်​တန်း​ကျောင်းသား​တွေက ​စော​စောအိပ်​ရာထတတ်​ကြသည်​ကိုး။ Wang Yiboက သူ့ကိုမြင်​​တော့ လက်​ပြနှုတ်​ဆက်​ကာ ​ဘေးချင်းကပ်​ သွားတိုက်​​​နေသည်။ Wang Yiboရဲ့ မျက်​နှာအသားအ​ရေ​ကောင်းမွန်​ချက်​က​တော့ Xiao Zhan မနာလိုဖြစ်​ချင်​စရာ။

" အသားအ​ရေဘယ်​လိုထိန်းသိမ်းလဲ Yibo "

Wang Yiboက သူ​မေးတာကို​ကြောင်​ကြည့်​လိုက်​ပြီး​တော့မှ ပလုပ်​တစ်​ချက်​ကျင်းလိုက်​သည်။ မျက်​နှာ​ပေါ်​ရေခွက်​ထဲက​ရေ​လောင်းလိုက်​ပြီး ပုခုံး​ပေါ်ကပဝါဖြင့်သုတ်​သည်။ သူ့အလုပ်​​တွေပြီး​မှ Xiao Zhan အ​မေးကိုတစ်​လုံးခြင်းပြန်​​ဖြေသည်။

" လူငယ်​မို့လို့ အသားအ​ရေထိန်းသိမ်းဖို့မလိုဘူး။ "
" အင်​ ? "

Wang Yiboရဲ့ ကိုယ်​ရည်​​သွေးနိုင်​စွမ်းက​တော့ အနာဂတ်​မှာ​ကော အခုမှာပါ ​ပြောင်းလဲနိုင်​မှာမဟုတ်​​လောက်​ဘူး။ သူ့ကိုယ်သူ ပြစ်​ချက်​ကင်းသ​ယောင်​ဟန်​​ဆောင်​တတ်​တဲ့ ​အ​ကောင်​​ပေါက်​​လေးက စိတ်​ထဲမှာ​တော့ Xiao Zhanဆိုတဲ့သူ့ကို ကြိတ်​​ကြွေ​နေ​လေသတဲ့။ တစ်​ကြိမ်​​သေဖူးပျဉ်​ဖိုးနားလည်​ဆိုသလို Wang Yibo မီးနီမပြခင်​ကတည်းက Xiao Zhanက ရပ်​​ပေးဖို့ ​တွေးလိုက်​ပြီဖြစ်​သည်။

" ဒီ​နေလည်​ အိမ်​ကိုလာမယ့်​သူရှိတယ်​ Zhan ge။ အခန်းထဲက​နေ မထွက်​ရင်​ပို​ကောင်းမယ်​။ "
" ဘယ်​သူမို့လဲ။ "

Wang Yiboက ကြက်​သီးထဟန်​နဲ့ သူ့လက်​​မောင်း၂ဖက်​ကို သူကိုယ်​တိုင်​ဖက်​လိုက်​သည်။ ပြီး​တော့ ​ဘေးဘီကြည့်​ကာ​ပြောသည်။

SUMMER DREAM - If I Love You , Would It Be Ok ? Where stories live. Discover now