Chapter 17

1.3K 135 7
                                    

Wang Yibo တက္ကသိုလ်မှာ လျင်မြန်စွာပဲအသားကျသွားခဲ့သည်။ ဝါသနာတူသူငယ်ချင်းတွေနဲ့ ပိတ်ရက်ဆို ဆိုင်ကယ်ပြိုင်ပွဲတွေကို သွားကြည့်တဲ့အထိ လူပေါင်းဆံ့လာသည်။ Xiao Zhanနဲ့ဆက်ဆံရေးကတော့ ထူးမခြားနားပါပဲ။ ၃ပေအကွာခြားနေတဲ့ သူတို့ရဲ့ခုတင်တွေလို နီးလျက်နဲ့ဝေးနေခဲ့သည်။ ကောင်လေး၂ယောက်ရဲ့ ဘယ်သူအောက်ထပ်အရင်ဆင်းမလဲ ဠီကာဟာ မြို့ရောက်ပြီး ၃လကြာပြီးနောက် အဖြေထုတ်ဖို့ အကြောင်းဖန်လာလေတော့သည်။

" ဒီတစ်ပတ်ပိတ်ရက် Zhan geကိုကျွန်တော့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လို့။ "

Wang Yibo စကားစလာတော့ Xiao Zhan ငြင်းရခက် ဖြေရခက်ဖြစ်သွားသည်။

" နေပါဦးဟ။ မင့်သူငယ်ချင်းတွေနဲ့ ခင်တာတောင်မကြာသေးဘူးမလား။ "
" သူတို့ကို ကျွန်တော်မပြောပြထားပါဘူး။ ဒီအတိုင်း အဆောင်အတူနေ အကိုကြီးလို့ပဲပြောထားတာ။ သူတို့က Zhan Geကို တစ်ကြိမ်လောက်မြင်ဖူးချင်လို့ဆိုပြီး နားပူနားဆာလုပ်နေကြတာ။ "

Wang Yiboနဲ့သူ့သူငယ်ချင်းတွေဆုံလိုက်တိုင်း Wang Yiboပါးစပ်ကနေထွက်လာတဲ့စကားလုံးတွေက သူကြိုက်တဲ့အားကစားအကြောင်းမဟုတ်ရင်၊ Xiao Zhanအကြောင်းပါပဲ။ သူငယ်ချင်းအုပ်စုထဲက မိန်းကလေးတချို့က Wang Yiboရဲ့Xiao Zhan gegeကို သိချင်လာကြသည်။

" လူငယ်တွေကြားထဲ ငါအဆင်မပြေလောက်ပါဘူးကွာ။ "
" ဟာ Zhang geကလည်း geက အဲ့လောက်အသက်မကြီးသေးပါဘူး။ လိုက်ခဲ့ပါနော်။ "

Wang Yibo ဆက်တိုက်ပြောလာတော့ Xiao Zhan သဘောတူလိုက်ရသည်။

----------------
ပိတ်ရက်နေ့မှာတော့ Xiao Zhanနဲ့Wang Yibo အပန်းဖြေဥယျာဉ်ကို taxiဌားပြီးသွားကြသည်။ ဝင်ပေါက်မှာ လူငယ်တစ်စုရှိနေပြီး သူတို့အသံတွေက ကျယ်လောင်နေ၏။ Xiao Zhan တတ်နိုင်သလောက် လူငယ်ဆန်ဆန်ဝတ်လာခဲ့သည်။ သူ့ဆံပင်စတိုင်ကိုရောပဲ။

" ဟိုင်း ! "
" Yibo ! "

Wang Yiboနဲ့သူငယ်ချင်းကောင်လေးတွေ အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။ ကောင်မလေးအုပ်စုကတော့ Wang Yiboနဲ့အတူပါလာသော ချောမောတဲ့သူကို အကြည့်စူးစူးတွေလွှတ်နေကြသည်။ Xiao Zhan အနေခက်စွာ Wang Yiboအနောက်မှာပုန်းလိုက်တော့ Wang Yiboက သူ့လက်ကိုဆွဲကာ သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးသည်။

SUMMER DREAM - If I Love You , Would It Be Ok ? Where stories live. Discover now