မွန်းတည့်ချိန်မှာတော့ Xiao Zhanတို့စီးလာတဲ့ကားကြီးဟာ အဝေးပြေးဂိတ်ကိုဆိုက်ရောက်လေတော့သည်။ Xiao Zhanရဲ့ပုခုံးကိုမှီပြီး အိပ်ပျော်နေတဲ့ Wang Yiboက ကားရပ်ပြီးလူတွေဆင်းသွားတာတောင် မနိုးလာတော့ Xiao Zhanက Wang Yiboနှာထိပ်ကိုလက်နဲ့ဖွဖွတောက်လိုက်သည်။
" ထတော့ ! "
Wang Yibo မျက်လုံးပွင့်နိုးလာတော့မှ Xiao Zhan ကားပေါ်ကနေအရင်ဆင်းလိုက်ပြီး အထုပ်တွေဆင်းယူလိုက်သည်။ ကားပေါ်ကနေ လွယ်အိတ်လွယ်ပြီး Wang Yiboဆင်းလာတော့ Xiao Zhan Taxiတောင်ဌားပြီးနေပြီ။
" Yibo မြန်မြန်လာ "
Xiao Zhanက လှမ်းခေါ်လိုက်တော့ Wang Yiboခြေလှမ်းစိပ်စိပ်နဲ့ ပြေးလာလိုက်သည်။ Wang Yiboကားအနောက်ခန်းမှာ Xiao Zhanနဲ့အတူထိုင်လိုက်သည်။
" ××××××ကိုပို့ပေးပါ "
Xiao Zhanနဲ့Wang Yibo Taxiစီးပြီးမြို့ထဲကိုရောက်လာခဲ့သည်။ မြို့ထဲရောက်လာလေ သူတို့စိတ်တွေလေးလံလေပဲ။ Xiao Zhanရဲ့အိမ်ကိုလိုက်လာဖို့
Wang Yiboဆုံးဖြတ်ခဲ့ပြီး အခုမှမချင့်မရဲဖြစ်လာသည်။" Zhan ge ကျွန်တော်တို့အဆင်ပြေမှာပါနော် "
" အဆင်ပြေမှာပါ "ပေါင်ပေါ်တင်ထားတဲ့Xiao Zhanရဲ့လက်ကို Wang Yibo မသိမသာဆုပ်ကိုင်လိုက်ပြီး သူတို့တစ်ဦးနဲ့တစ်ဦး ကြည့်လိုက်မိသည်။ Xiao Zhanရဲ့အကြည့်က ဆုံးဖြတ်ပြီးပုံ။
" ရောက်ပါပြီ "
Taxiက လမ်းသွယ်ရှေ့ရောက်တော့ ရပ်လိုက်လေငည်။ Taxiခကို Xiao Zhanရှင်းလိုက်ပြီး ကားပွေကနေဆင်းလိုက်ကြသည်။ Xiao Zhanနဲ့အတူ လမ်းသွယ်လေးတစ်လျှောက် ဖြည်းဖြည်းချင်းလျှောက်လာကြရင်း ခပ်လှမ်းလှမ်းကနေ၂ထပ်အိမ်လေးကိုမြင်နေရသည်။ Xiao Zhanလွန်ခဲ့တဲ့ရက်ပိုင်းက ဒီအိမ်ကိုတစ်ခေါက်ရောက်ခဲ့ဖူးပြီ။ အိမ်ရှေ့ရောက်တော့ Xiao Zhan အိမ်ထဲကကြားအောင် လှမ်းအော်လိုက်သည်။
" မားမား သားရောက်လာပြီ "
အိမ်ထဲကနေXiao Mamaထွက်လာပြီး လာကြိုသည်။ မတွေ့ရတာကြာပြီဖြစ်တဲ့သားကို ထွေးပွေ့လိုက်ပြီးနောက် အတူပါလာတဲ့ကောင်လေးကို Xiaoမားမားလှမ်းကြည့်လိုက်သည်။ Xiao Zhan ကြားကနေ အပြန်အလှန်မိတ်ဆက်ပေးလိုက်၏။
VOCÊ ESTÁ LENDO
SUMMER DREAM - If I Love You , Would It Be Ok ?
Fanfic" တစ်ခုသောနွေရာသီမှာ သူကျွန်တော့်ဘဝထဲကနေ ရုတ်တရက်ထွက်သွားခဲ့တယ်။ " ချစ်တတ်လွန်းခဲ့တဲ့ကောင်လေးတစ်ယောက် ချန်ထားရစ်ခဲ့တဲ့ ချစ်ခြင်းလက်ဆောင်။ " ကျွန်တော်အလိုချင်ဆုံးအရာက အကို့ရဲ့နှလုံးသားဆိုရင် စိတ်ဆိုးမှာလား။ " လမ်း...