Chapter 6

4.4K 404 11
                                    

ကျောင်းမှာတော့ Wang Yiboက စာတော်သူတစ်ယောက်မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် အားကစားတော်တဲ့သူတစ်ယောက်ဖြစ်လို့ နာမည်ကြီးတဲ့အထဲပါသည်။

" ဒီတစ်လအတွက် အမှတ်စာရင်းတွေထွက်လာပြီ။ လာယူကြတော့။ "

ဆရာက အမှတ်စာရင်းတွေကို စားပွဲပေါ်တင်လိုက်ပြီး ကျောက်သင်ပုန်းပေါ်မှာ စာမေးပွဲအချိန်စာရင်းရေးချသည်။ Wang Yibo သူ့အမည်နဲ့အမှတ်စာရင်းစာရွက်ကို ယူကြည့်လိုက်ပြီး ဘယ်သူ့မှမမြင်ခင် ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။ တခြားသူမြင်ရင်ရှက်စရာကြီး။ သူတိတ်တဆိတ်နဲ့ ထိုင်ခုံမှာပြန်ထိုင်လိုက်ချိန်မှာ ဘေးခုံမှာထိုင်နေတဲ့ Zhu Zan Jinက ထိုင်ခုံကနေဖင်ကြွကာ လှမ်းမေးသည်။

" ဘယ်လိုလဲ အခြေအနေ "

Wang Yibo မျက်မှောင်ကြုံ့ကာ Zhu Zan Jinကိုပြန်ကြည့်သည်။ Zhu Zan Jinက သူ့ရဲ့မျက်တောင်ရှည်တွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သိလိုစိတ်ပြင်းပြနေသည်။

" ငါပြောမယ်ကွာ ငါ့အဆင့်က B"

Zhu Zan Jinက သူ့ရလဒ်ကိုအမှန်အတိုင်းပြောပြလိုက်သည်။ အဲဒီအခါကျမှ Wang Yiboက လက်နဲ့ကွယ်ပြီး တိုးတိုးလေးပြောပြသည်။

" B "
" ငါထင်သားပဲ။ "

Wang Yiboသာ အမှတ်မကောင်းမှန်း အကိုJi Liသာသိရင် ထိုင်ငိုနေတော့မလား။ Ji Liက အခုတော့သူ့ကျောင်းကစာမေးပွဲတွေကြောင့် စာမပြတာ၁လလောက်ရှိပြီဆိုပေမယ့် အိမ်ကတော့ Ji Liထက်ပိုတော်မယ့် ဂိုက်ဆရာတစ်ယောက်ထပ်ခေါ်ဖို့ တိုင်ပင်နေကြသည်။ အဲဒီလိုသာခေါ်မယ်ဆို Wang Yibo လည်း အရင်ကလို အနေအစားချောင်တော့မှာမဟုတ်ဘူး။

" ဒီညနေ Hao Xuanအိမ်မှာ ညလုံးပေါက်ဂိမ်းဆော့ကြရအောင်။ သူ့မှာ ခိုးဝယ်ထားတဲ့ဘီယာတွေလည်း ရှိတယ်တဲ့။ "

Zhu Zan Jinကတော့ မကောင်းတာဆို အဖော်ဆွယ်ဖို့ဝန်မလေးဘူး။ Wang Yibo ချက်ချင်းငြင်းပယ်သည်။

" မရဘူး။ ငါသောက်တတ်တာသာ ငါ့အိမ်ကသိသွားရင် အကြိမ်းခံရလိမ့်မယ်။ ပြီးတော့ တစ်စုံတစ်ယောက်ကို ငါ့အပေါ်အထင်သေးသွားမှာမလိုချင်ဘူး။ "
" ဘယ်သူလဲ။ မင်းcrushတဲ့မိန်းကလေးလား။ "
" အင်း "

SUMMER DREAM - If I Love You , Would It Be Ok ? Dove le storie prendono vita. Scoprilo ora