Chapter 30 - The End

1.7K 73 1
                                    

မင်္ဂလာပွဲစတင်​​တော့မည်​။ နှစ်​ဖက်​မိဘ​တွေနဲ့ ပွဲလာပရိသတ်​​တွေလည်း လူစုံ​နေပြီ။ သို့ရာတွင်သူတို့သားရောက်မလာသေး။

" Zhan Zhan ဘယ်​မှာလဲ။ သူ့ကိုဖုန်းဆက်​ကြည့်​ပါဦး။ "

Zhanမားမားက သတို့သားအရံကို လက်​တို့​မေးလိုက်​သည်။ သတို့သားအရံက ဖုန်းထုတ်​ပြီးအဆက်​မပြတ်​​ခေါ်​​နေဆဲ။ မရ​တော့တဲ့အဆုံးမှ ​နေရာက​နေထလိုက်​သည်။

" အိမ်​ကိုများပြန်​သွားသလားမသိဘူး အန်​တီXiao ။ ကျွန်​​တော်​တို့ သွားကြည့်​လိုက်​မယ်​​လေ။ "
" ​အေး။ လိုက်​သွားကြည့်​ပါအုံး။ "

သတို့သားအရံနဲ့ သတို့သားအကိုဝမ်းကွဲတို့ မြန်​မြန်​ဆန်​ဆန်​ပဲ ခန်းမထဲကထွက်​သွားကြသည်။ ကားစက်​နှိုးပြီး ခြံဝင်းထဲက​နေထွက်​သွားတဲ့အချိန်​အထိ သတို့သားကိုဖုန်းဆက်​မရ​သေး။

" သူအရင်နေခဲ့တဲ့အဆောင်ကိုသွားကြည့်​ရ​အောင်​။ အိမ်​​သော့ကငါ့အိတ်​ထဲမှာ။ "

Zhou Chengက သတို့သားအရံ Ji Li ကို ကား​မောင်း​နေရင်း​ပြောသည်။ Ji Liက သူ့အိတ်​ထဲကသော့အဟောင်းကိုရှာသည်။

" Xiao Zhanနဲ့ငါမ​နေ့က​တွေ့တယ်​။ သူ့ကြည့်​ရတာ ​နေသိပ်​မ​ကောင်းတဲ့ပုံ​ပေါ်လို့ အိမ်​​စော​စောပြန်​ဖို့ မှာလိုက်​​သေးတယ်​။ "

နွေရာသီရဲ့အရှိန်​က ကားမှန်​ပြတင်း​ပေါက်​အထိ​တောင်​ လာရိုက်​ခတ်​​နေသည်။ ကား​မောင်း​နေတဲ့ Zhou Chengရဲ့ နှဖူးပြင်​မှာ​တောင်​ ​ချွေးစက်​​တွေတင်​​နေသည်။ သူတို့၂​ယောက်​ မိနစ်​၂၀​လောက်​ ကား​မောင်းလာပြီး​နောက်​မှာ Xiao Zhan ​တက္ကသိုလ်​​ကျောင်းသားဘဝကနေခဲ့ဖူးတဲ့အဆောင်ဆီ ​ရောက်​လာကြသည်။ ကားတံခါးကို Ji Liအရင်​ဖွင့်​လိုက်​ကာ ​လှေကားထစ်​​တွေအတိုင်း ​ပြေးတက်​သွားသည်။ အခန်းရှေ့ရောက်​​တော့ ​သံပန်း​သော့မခတ်​ထားတာသိလို​က်ရ၏။

" Xiao Zhan Xiao Zhan ... "

Ji Li အပြင်​က​နေတံခါးကိုရိုက်​ထုပြီး ​အော်​​ခေါ်​နေဆဲမှာပဲ Zhou Cheng လည်း​ရောက်​လာသည်။ Zhou Chengက ဖုန်းဆက်​​ခေါ်လိုက်​​တော့ အတွင်းက​နေဖုန်းသံကြားရသည်။

SUMMER DREAM - If I Love You , Would It Be Ok ? Donde viven las historias. Descúbrelo ahora