(8) I want to be your lover, not brother

908 55 10
                                    

#Unicode

"စိုးရိမ်စရာမရှိပါဘူး။ အဖျားကြီးပြီး shock
ရသွားတာပါ။ အုပ်ထိန်းသူရောက်ရင် လက်မှတ်
ထိုးပြီး ဆေးသွင်းထားတာကုန်တာနဲ့ ဆေးရုံက
ဆင်းလို့ရပါပြီ"

စော သတိကောင်းကောင်းရ၍ မျက်လုံးပွင့်တော့
အာရုံဦးမိုးသောက်ချိန်တောင် ရောက်နှင့်နေပြီ
ဖြစ်သည်။ အရေးပေါ်ကုသဆောင်၏ လူနာကုတင်
ပေါ်တွင် သူရောက်နေခဲ့ပြီး ဘေးတွင် စိုးရိမ်တကြီး
စောင့်နေသူက သူတန်ဖိုးထားရသည့် လူသား။
သူနိုးလာသည်ကိုမြင်သည်နှင့် တယုတယပင်
ခုတင်ပေါ်တွင် ထိုင်စေရန် ထူမပေးပြီး

"မစိုးရိမ်ရတာ သေချာတယ်မလား"

ပိုင်၏ စိုးရိမ်ကြီးသည့်မေးခွန်းကြောင့်
ဆရာဝန်က တစ်ချက်ရယ်ကာ

"သေချာပါတယ် ဒီလောက်လေးနဲ့ ဘာမှမဖြစ်ပါဘူး။ ဒါနဲ့ လူနာကို ဒီလောက်စိုးရိမ်နေတာ မင်းနဲ့ဘာတော်
လို့လဲ။ ညီအစ်ကိုတွေလား"

"ဟုတ်တယ်" "မဟုတ်ဘူး"

စော၏ နှစ်လိုဖွယ် ပါးချိုင့်လေးတစ်ဖက်သည်
တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ကြားလိုက်ရသည့်အဖြေကြောင့် သူ ပြောမပြ
တတ်အောင် ဝမ်းနည်းရသည်။ သူ့ဘက်က ပိုင့်ကို
မိသားစုဝင်တစ်ယောက်လို အမြဲ သဘောထားခဲ့
ပါသော်လည်း ပိုင်က ထိုသို့ သဘောမထားခဲ့ပါ။
ရင်ဘက်ထဲက စူးခနဲအောင့်လာသည့်အတွက်
စော ထိုင်နေရာမှ ချက်ချင်းပင် ပိုင့်ကိုကျောပေး
လိုက်ပြီး လှဲအိပ်လိုက်တော့သည်။

"အဟမ်း သူငယ်ချင်းတွေပါ"

ဆရာဝန်၏ မလိုအပ်ပဲမေးသည့် မေးခွန်းကို
သူငယ်ချင်းတွေပါဟု မရမကပြန်ရှင်းပြရသည့်
အထိ ပိုင့်အတွက် သူတို့သားအမိမှာ အရေးမပါ
ခဲ့သည်သလား။

"စော သက်သာရဲ့လား။ ငါ မေမေစိတ်ပူမှာစိုးလို့
Mr. Vanဆီပဲ ဖုန်းဆက်ခေါ်ထားတယ်နော်"

ဆန့်ကျင်ဘက်သို့ လှဲအိပ်နေသည့် သူ့ပုခုံးပေါ်
ပိုင်က လက်ဖဝါးဖြင့် ပုတ်သပ်ရင်း မေးလာသည်။
ထို မကောင်းသည့် အကောင်က မိမိအား ညီအစ်ကို
အဖြစ် သဘောမထားနိုင်ပဲ သူများအမေကိုတော့
မေမေဟု ခေါ်နေပါသေးသည်။

Fall in love with my ex-husband Where stories live. Discover now