(25) Just call me Andrew

1.2K 68 6
                                    

#Unicode

"မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ တစ် အလုပ်က
မထွက်ပဲ ဒီတိုင်းဆက်ပြီးရှိနေတာ။ ဒါမှမဟုတ်
အလုပ်ထွက်ပြီး ဘယ်ကိုသွားသွား မင်းနောက်ကနေ
ငါ တကောက်ကောက်လိုက်နေတာ"

"ငါ ဘာကိုမှမရွေးဘူး"

"မဟုတ်ဘူး။ မင်း တစ်ကိုရွေးလိမ့်မယ်။ ဘာလို့လဲ
ဆိုတော့ မင်း အဲ့တာကိုရွေးလိုက်မှ မေမေချန်ထား
ခဲ့တဲ့ သေတမ်းစာကို ပေးလို့ရမှာလေ"

"မေမေ~ မေမေရဲ့သေတမ်းစာလား"

မေမေချန်ရစ်ခဲ့သည့် သေတမ်းစာဆိုသည့် အသံ
ကြားရသည့်အခါ စောက တုန်တုန်ယင်ယင်ဖြင့်
တိုးလျစွာမေးသည်။ ပိုင် ခေါင်းငြိမ့်ပြကာ

"မေမေက ငါတို့နှစ်ယောက်အတွက် တစ်စောင်စီ
ချန်ထားခဲ့တာ။ ရှာတွေ့တဲ့အချိန် မင်းမရှိတော့လို့
ပြန်တွေ့မယ့်အချိန်ကျပေးဖို့ ငါ သိမ်းထားတာ"

"ဘယ်မှာလဲ ငါ့ကို အခုချက်ချင်းထုတ်ပေး"

"မင်းကို ဒီမှာတွေ့ရမယ်မှန်းမသိတော့ ထည့်မထား
ခဲ့မိဘူး။ အဲ့တာကြောင့် ငါ နံပါတ်တစ်ကိုရွေးခိုင်းတာ
ပေါ့။ ၆လပြည့်လို့ ငါပြန်တဲ့အခါကျ မင်းလိုက်ပြီး
ယူပေါ့"

စော ပိုင့်အပြုအမူကြောင့် အံ့သြမှင်သက်ကာ ပါးစပ်
အဟောင်းသားဖြစ်မိသည်။ ပိုင်သည် သူ့မျက်နှာကို
တစ်ချက်အညှိုးမခံခဲ့သည့်လူ နှင့်မတူတော့ပဲ များစွာ
ပြောင်းလဲသွားသည်။ ယခင်က ပိုင်သည် သူ့အား
ယခုလိုလုပ်ရပ်များဖြင့်ဟချိန်းခြောက်ပြီး အနားတွင်
ဆွဲခေါ်ထားမည့်သူမျိုးမဟုတ်ပါ။ သို့မဟုတ် ပိုင်၏
တကယ့်ပုံရိပ်အစစ် အမှန်များကို ယခင်က သူမမြင်
ခဲ့မိခြင်းများဖြစ်လေမလား။ စော မဝေခွဲတတ်တော့။

"ဘယ်လိုလဲ စော"

"ကောင်းပြီ။ မင်းစကားမင်းတည်။ ၆လပြည့်ပြီးရင်
ငါ့ကို ထပ်မရှုပ်နဲ့တော့"

"ရတယ်လေ မရှုပ်ဘူး"

"ဟုတ်ပြီ။ ဟက် ပြီးတော့လေ ငါက အနည်းဆုံးတော့
မင်းမှာ မေမေနဲ့ ပက်သက်ပြီး အားနာတတ်တဲ့စိတ်ရှိ
မယ်ထင်ခဲ့မိတာ။ မေမေက မင်းအမေအရင်းမဟုတ်
ပေမယ့် မင်းကို သားတစ်ယောက်လို စောင့်ရှောက်
ပေးခဲ့တာ။ အဲ့တာကို မင်းကတော့ မေမေ့နောက်ဆုံး
အချိန်လေးတောင် ရောက်မလာဘူး။ အခုလည်း
မေမေ့သေတမ်းစာနဲ့ပါ ငါ့ကိုချိန်းခြောက်တယ်"

Fall in love with my ex-husband Where stories live. Discover now