(15) I will marry you

668 48 2
                                    

#Unicode

"ဟက် မင်း ငါ့သားကို အဲ့လောက်တောင် ပိုင်တယ်။
စိတ်ချရတယ်လို့ ငါ့ကိုပြချင်နေတာလား။ ဒါမှမဟုတ်
ယုံကြည်ချက်ကပဲ လွန်ကဲနေတာလား"

"အဲ့လိုဖြစ်လာခဲ့ရင် အပျော်ဆုံး ဖြစ်နေမယ့်အန်တီက
ကျွန်တော့်ကိုစိတ်ပူလို့ ပြောတာတော့ မဟုတ်လောက်
ဘူးထင်တယ်။ ဒါပေမယ့် အန်တီကတော့ အဲ့လိုဖြစ်
မလာမှာကို စိုးရိမ်နေပုံပဲနော်။ အကယ်၍များပေါ့
ပိုင်က တနေ့နေ့တချိန်ချိန်မှာ ကျွန်တော့်ကို မချစ်
တော့ဘူးဆိုတဲ့ စိတ်ရှိလာခဲ့ရင် ကျွန်တော်က သူ့ကို
ဆွဲထားမယ့်သူမဟုတ်ပါဘူး အန်တီ"

"သေရောသေချာရဲ့လား။ မင်း သားငယ်နဲ့တွဲတာ
အချစ်တစ်ခုတည်းကြောင့်ဆိုတာ။ တကယ်လို့များ
ငွေကြေးကြောင့်ဆိုရင် မင်းလိုသလောက် ငါထုတ်
ပေးနိုင်တယ်နော်။ ငါ့သားရဲ့ အချစ်က ကစားစရာ
မဟုတ်လို့ မကစားနဲ့"

ခါးသီးစွာကြားရသည့် စိတ်ရင်းအမှန်တို့ကို စော
အံကြိတ်ပြီး သည်းခံကာ နားထောင်မိသည်။ အန်တီ့
ဘက်ကကြည့်လျှင် သူမသားဖြစ်သူကို ချစ်သည့်
စိတ်ကြောင့် ထိုသို့တွေးတောမေးမြန်းနိုင်သည်ကို
နားလည်သဘောပေါက်သော်လည်း ကိုယ်တိုင်
ကြားရသည့်အခါ ရင်ဘက်ထဲမှနာကျင်စူးနင့်စွာ
အောင့်တက်လာသည်။ သူတို့သားအမိတွင် ပိုင်ဆိုင်မှု
ဟူ၍ မယ်မယ်ရရမရှိသည်အထိဆင်းရဲပါသော်လည်း
သိက္ခာတရားအထိတော့ မဆင်းရဲသေးပါ။

"အဲ့တာလည်း မစိုးရိမ်ပါနဲ့ အန်တီ။ ကျွန်တော်က
ပိုင်ဆိုင်မှုမရှိတဲ့ ဆင်းရဲတဲ့ဒုက္ခသည်တစ်ယောက်မလို့
ချမ်းသာကြွယ်ဝမှုကို တပ်မက်နေရင် အန်တီတို့ထက်
ချမ်းသာတဲ့သူတွေမှ အများကြီးပါ။ သူတို့ဆီမှာ
ချဥ်းကပ်မှာပေါ့။ မဟုတ်ရင်တောင် ကန်တော့ပါရဲ့
သူဌေးသားထက် သူဌေးကိုရွေးချယ်ရမှာထင်တယ်။
ငွေကိုလိုချင်ရင်လေ။ အဲ့တာကမှ ပိုငွေရနိုင်မယ်ထင်ပါတယ်"

"တောက်ခ် မင်းပြောချင်တာက ငွေမက်ရင်
ငါ့သားကိုမဟုတ်ပဲ ငါ့ယောက်ျားကို မြူဆွယ်မှာ
ဆိုတဲ့ သဘောပေါ့"

"အဲ့လိုအဓိပ္ပါယ်ဖြစ်သွားတာတော့ စိတ်မကောင်းပါ
ဘူး။ ဒါပေမယ့် ကျွန်တော်က ငွေမမက်လို့ ပူစရာ
မလိုပါဘူး။ စိတ်အေးအေးထားပါ ဒီအိမ်ကြီးမှာ
ကျွန်တော်လိုချင်တာဆိုလို့ ပိုင်ကလွဲရင် ကျန်တာ
ဘာမှမရှိပါဘူး"

Fall in love with my ex-husband Where stories live. Discover now