(12)Don't worry, I'll give you a grandchild

712 52 6
                                    

#Unicode

"အခု မင်းသွားချင်ရင် သွားကြရအောင်။ ငါ
လက်မှတ် ဝယ်ထားတယ်"

"ဟင့်အင်း မသွားချင်တော့ဘူး။ ငါ့အတွက်
Promထက် မင်းက ပိုအရေးကြီးတယ်။ မင်းနဲ့
အတူရှိနေရပြီပဲ။ ဟိုသွားပြီး အမှတ်တရ မဖန်တီး
ရလည်း ဘာအရေးလဲ"

"အင်း သိတယ်"

စော၏ နားသယ်စပ်မှ ဆံပင်စလေးများအား
ပိုင် လက်ချောင်းများဖြင့် ဖြီးသင်ပေးရင်းက
ဆိုသည်။

"ငါ စဥ်းစားပြီးပြီ"

"အင်း ပြောပါဦး"

"ငါ မင်းနဲ့အတူ အရာအားလုံးကိုရင်ဆိုင်မယ် ပိုင်"

"ဟင်~"

ဆံပင်ကို ဖြီးရင်း ဆော့ကစားနေသည့်သူက မိမိ
စကားကို ကောင်းစွာနားမလည်၍ထင်။ သူ့လက်
များကို ရပ်တန့်လိုက်ပြီး မိမိမျက်ဝန်းများဆီသို့
အကြည့်ရောက်လာသည်။

"ငါပြောချင်တာက ငါ အသင့်ဖြစ်ပြီလို့"

"တကယ်လား"

"အင်း"

"အဲ့တာဆို ငါ ဟိုးအရင်တည်းက လုပ်ချင်ခဲ့တာ
တစ်ခုရှိတယ်သိလား"

အပျော်ကြီးပျော်သွားသည့် ပိုင်ဟာ သူ့လက်အား
ဆုပ်ကိုင်ကာ မျှော်လင့်တကြီးစောင့်စားနေသူ
တစ်ဦးကဲ့သို့ ဆို၏။ ထို့အပြင် ဘောင်းဘီအိတ်ကပ်
ထဲမှ ဖုန်းကို လျင်မြန်စွာ ထုတ်ကာ ကင်မရာကို
ဖွင့်သည်။

သူလုပ်သမျှကို ငြိမ်သက်စွာစောင့်ကြည့်နေသည့်
မိမိကို တစ်ချက်ပြုံးပြကာ သူက မိမိထိုင်နေဆဲ
ဖြစ်သည့် ခုတင်ပေါ် တစ်နည်းအားဖြင့် မိမိဘေးသို့
လာထိုင်လေသည်။ ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ
ဖုန်းကိုထုတ်ပြီး ကင်မရာကို ဖွင့်လေတော့မှ စော
သဘောပေါက်လေသည်။ ချစ်ရသူ ထိုဆန္ဒကို
မိမိကြောင့် အချိန်ကြာမြင့်စွာ အောင့်အီးသည်းခံ
ခဲ့လေသလား။ စော တွေးမိပြန်တော့ စိတ်မကောင်း
ဖြစ်ရသည်။ ထို့ကြောင့် သူ ယခုအချိန်ကစပြီး ပိုင့်ကို
အများကြီး ပိုချစ်ပေးရပါဦးမည်။

*Click

ဖုန်းကင်မရာမှ ထွက်ပေါ်လာသည့်အသံနှင့်အတူ
အံ့သြမှင်သက်သွားပုံရသည့် ပိုင့်ကို ကြည့်ကာ
စော အားရပါးရ ရယ်မိသည်။ ပိုင်တို့ကတော့လေ
ကိုယ့်ရည်းစားကနမ်းတာကိုပဲ သည်လောက်
အံ့သြနေရသည်လို့။

Fall in love with my ex-husband Where stories live. Discover now