Hi

477 31 7
                                    

အာညော် ယောဒေါဘွန်းတို့

Ongoingလေးကို ဖတ်ပေးလို့ အများကြီးကျေးဇူး
တင်ရပါတယ် ယူတို့ကို။ ကိုယ်ဆိုလည်း completeမှ
ဖတ်တတ်တဲ့သူမလို့ နားလည်ပါတယ်။ အဲ့တာကြောင့်
ဖြစ်နိုင်ရင် တစ်နေ့တစ်ပိုင်းတောင် တင်ပေးချင်တာ။

ဒါပေမယ့် ကိုယ်က အိမ်မှာ ချင်ဒရဲလားလေးလည်း
လုပ်ရပါတယ်။ ထမင်းဟင်းချက်တာ၊ အိုးခွက်ဆေး
တာ၊ သန့်ရှင်းရေး၊ အဝတ်လျှော်မီးပူတိုက် အကုန်
အိုင့်တာဝန်တွေပါ🤧 ပြီးရင် အိမ်က ၄တန်း
ကျောင်းသား အငယ်ကောင်ကိုလည်း စာပြန်သင်
ပေးရသေးတယ်။ (ကျောင်းမထားဘူးနော်။
ကိုယ်တိုင်သင်ပေးတာပါ) အဲ့တာကြောင့် ကိုယ်
အားတဲ့အချိန်ဆိုတာ ညနေခင်းနဲ့ညပိုင်းလောက်ပဲ
ရှိပါတယ်။ အဲ့တာကို လျှာရှည်ပြီး သင်တန်းတွေ
၄ခုလောက် တက်လိုက်မိတာ။ (eng 4 skillsရယ်၊
ထိုင်းရယ်၊ စာအရေးအသားတိုးတက်အောင်ဆိုပြီး
writing claseရယ်၊ personal developဖြစ်
အောင်ဆိုပြီး လျှာရှည်မိလိုက်တဲ့ PD classရယ်)

အခုတော့ အိမ်စာလုပ်ရ၊ assignmentထပ်ရတာ
ကလွဲပြီး ၄မျိုးစလုံး ဘာမှလည်း မတိုးတက်လာဘူး
🤣🤣

အဲ့တော့ ကိုယ့်မှာ စာရေးစရာအချိန်က ညအိပ်ရာ
ဝင်တဲ့အချိန်ပဲရှိတာများပါတယ်။ ဝါသနာပါတော့
အိပ်ချိန်ကို ဖဲ့ပြီး မနည်းကြိုးစားရေးတာပါ။ တစ်ခါ
တစ်လေဆို ရေးရင်း ရေးရင်း မနက်၂နာရီ၊ ၃နာရီထိုး
သွားတာတွေရှိသလို၊ ရေးရင်းက ည၁၀နာရီလောက်
ကြီး typingရိုက်နေရင်း အိပ်ပျော်သွားတာတွေ
လည်း ရှိပါတယ်။ ​

ပြောချင်တာကတော့လေ ကိုယ့်အတွက် words
၄ထောင်လောက်ပါတဲ့ အပိုင်းတစ်ပိုင်းရေးပြီးဖို့ကို
တခြားသူတွေထက် ပိုကြာတတ်ပါတယ်။ ဒါပေမယ့်
ပုံမှန်တင်ပေးဖို့ကိုတော့ ကတိပေးပါတယ်။ အများကြီး စောင့်ရတယ်ဆိုရင် တောင်းပန်ပါတယ်။ ၂ရက်
၁ပိုင်း တင်ပေးဖို့ကိုလည်း တတ်နိုင်သလောက်
ကြိုးစားပါ့မယ်။ အဲ့တာကြောင့် ကိုယ့်ကလေးတွေကို
လက်မလွှတ်သွားရင် ကောင်းမှာပဲ။

ပြီးတော့လေ feedbackပေးရတာ၊ မှတ်ချက်ပေး
ရတာကြိုက်တယ်ဆိုရင် လာပြောလို့ရပါတယ်နော်။
ကိုယ်က ကိုယ့်စာတွေနဲ့၊ ကိုယ့်ကို အပြုသဘော
ဝေဖန်ပေးတာမျိုးရင် အများကြီးသဘောကျတာမလို့
အကြံဉာဏ်ပေးလို့လည်းရပါတယ်။ ပျင်းလို့
စကားလာပြောချင်လည်းရပါတယ်။

Fall in love with my ex-husband Where stories live. Discover now