(9) I'm also crazy about him

851 58 16
                                    

#Unicode

"ဘာရယ်"

"မေမေက သနားဖို့ကောင်းတယ် ပိုင်။ သူ့မှာ
ငါပဲရှိတော့တာ။ ငါ မေမေစိတ်ညစ်အောင်
မလုပ်ချင်ဘူး"

စော၏ ငိုရခက် ရယ်ရခက်စကားတို့ကြောင့်
ပိုင် ရပ်နေသည့် ကွန်ကရစ်လမ်းကိုသာ နဖူးဖြင့်
ဆောင့်ကာ အော်ငိုချင်မိတော့သည်။ ဒီကောင်လေး
အမေကို ချစ်လွန်းတာသိသော်လည်း ရည်းစား
ထားဖို့အထိ အမေကို လိုက်ပူပန်မည်ဟု မထင်ခဲ့မိ။

"မေမေက စိတ်ညစ်တယ်ပြောမိလို့လား"

"ဟမ်"

"မေမေက စိတ်ညစ်လားလို့"

"ဒါပေမယ့် ဘယ်အမေက သူ့သားကို ကောင်လေးနဲ့
ရည်းစားထားစေချင်မှာလဲ။ ပြီးတော့ အဲ့ရည်းစားက
မင်းဖြစ်နေရင် ပိုဆိုးမှာပေါ့"

"ဘာဖြစ်လို့လဲ"

ပိုင် မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။
မေမေက သူ့ကို သားအဖြစ်ပဲ သဘောကျပြီး
သားမက်မတော်ချင်လို့များလား။

"မေမေက မင်းကိုလည်း သားတစ်ယောက်လို
သဘောထားတာလေ။ အဲ့တော့ မင်းနဲ့ငါသာ
ချစ်သူတွေဖြစ်သွားရင် မေမေက သား
နှစ်ယောက်စာ ပိုပြီး စိတ်ညစ်ရမှာပေါ့"

ပိုင် ဘုရားသခင်နာမတော်ကိုသာ စိတ်ထဲမှ တ
သ မိတော့သည်။ စော၏ အတွေးများမှာ အမှန်
တကယ်ကိုပင် ဆန်းကျယ်လွန်းသည်။ ပုံမှန်လူဆို
ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲ ဖိတ်သည်မို့ ပို၍
စိတ်ချရသည်ဟုသာ တွေးကြမည်မဟုတ်လား။
mama's boyကိုမှ ချစ်မိသည်မို့ ထိုပြသနာကို
သူ ကောင်းကောင်းကြီး ဖြေရှင်းယူရပါတော့မည်။

"အဲ့တာဆို မင်းက မေမေစိတ်မညစ်ရင်
ခွင့်ပြုရင် ငါနဲ့ တွဲမှာလား"

"အဲ့တာကတော့..."

"စော စကားကို အမျိုးမျိုးပြင်မပြောနဲ့ကွာ"

"ဘယ်မှာပြင်ပြောလို့လဲ ပြောကိုမပြောရသေးဘူး။
အင်း မေမေစိတ်မညစ်ရင်တော့ ငါ မင်းကို ချစ်ချင်
တယ်"

ပိုင် ပီတိ ဂွမ်းစည်ထိကာ အားပါးတရ ပြုံးလိုက်
သည်။ သူချစ်ရသည့် ထို​ကောင်လေးကလည်း
သူ့ကို ချစ်သည်ဆိုသည့် ခံစားချက်က လေပေါ်
မြောက်နေသလိုဖြစ်စေသည်။ သို့သော် အကြာကြီး
ခံစားနေ၍ မရ။ သူ့ချစ်သူဖြစ်စေချင်လျှင် သူ့
အမေဆီမှ ခွင့်တောင်းယူရပါဦးမည်။

Fall in love with my ex-husband Where stories live. Discover now