(42) I am exhausted! Paing

645 37 13
                                    

#Unicode

"ကိုချမ်း"

"အင်း ပြောလေ ရောင်ခြည်"

Sunshine ကားအနောက်ခန်းတွင် မှန်ကြည့်နေရင်း ရေချမ်းအားလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။ ရေချမ်း ချက်ချင်း ပြန်ထူး‌လိုက်ပေမယ့် သူမကတော့ လိမ်းလက်စ skincareကိုသာ ပြီးအောင်ဆက်လိမ်းနေသည်။ ပြီးမှ

"အဲ့ဒီသတင်းကရော အမှန်ပဲလား"

"ဘယ်သတင်းကိုပြောတာ"

"အဲ့ဒီလူရဲ့သတင်းလေ။ အိမ်ထောင်သည်ဆိုတာ တကယ်လား"

"အာ အဲ့တာကလေ..."

သူမနှုတ်ခမ်းနီဆိုးပြီးသည်အထိ အချိန်အတော်ကြာ‌ အဖြေမပေးနိုင်ပဲ သံရှည်စွဲနေသည့် ကိုချမ်းကြောင့်

"ချက်ချင်းမငြင်းပုံထောက်ရင် အမှန်ပဲပေါ့"

"မှားတာတော့ မဟုတ်ပေမယ့် မှန်တာလည်းမဟုတ်ပြန်ဘူး ရောင်ခြည်ရယ်။ ကိုချမ်းက ကာယကံရှင်လည်းမဟုတ်တော့ ဖြေ‌ပေးဖို့ကတစ်မျိုးပဲ။ အစ်ကို့ကိုပဲ တိုက်ရိုက္မေးကြည့်ပါလား"

"မဟုတ်ဘူးလေ။ ခဏနေရင် Sunshineက သတင်းစာရှင်းလင်းပွဲလုပ်ရမယ့်ဟာ ဒီကိစ္စတွေနဲ့ပက်သက်ပြီး အကုန်သိထားမှဖြစ်မှာပေါ့။ ဒါပေမယ့် အဲ့လိုဆိုပြီး သူ့ကို တိုက်ရိုက်မမေးချင်ဘူး။ အဲဒီ့လက်ပေါက်ကပ်တဲ့လူက မေးလည်းကောင်းကောင်းဖြေမှာမဟုတ်ဘူး"

"အဲ့တာဆို ကိုချမ်းပြောနိုင်သလောက်ပဲပြောပြမယ်။ အစ်ကိုက တကယ်ပဲအိမ်ထောင်ကျဖူးတယ်။ လောလောဆယ်တော့ ပြဿနာ‌လေးနည်းနည်းရှိလို့ ကွဲနေကြတယ်။ ဒါပေမယ့် အစ်ကိုက ပြန်ပြီးအဆင်ပြေအောင် အစွမ်းကုန်ကြိုးစားနေတာ။ အဲ့ဒီအချိန်မှာ ဒီပြဿနာတွေတက်သွားတော့ သူလည်း တော်တော်စိတ်ညစ်နေတာ။ အဲ့တာကြောင့် သူ စကားကောင်းကောင်းမပြောလည်း နားလည်ပေးလိုက်ပါ"

"တစ်ဖက်လူက ဒီကိစ္စတွေသိတယ်ဆိုတော့ ဒီမှာရှိနေတဲ့သူပဲပေါ့။ အဲ့ဒီလူက အခုမှရန်ကုန်ရောက်တာ လပိုင်းပဲရှိသေးတာ မဟုတ်ဘူးလား"

"ကိုချမ်း ဒီထပ်ပိုပြီးပြောပြဖို့ တကယ်အဆင်‌မပြေဘူး ရောင်ခြည်။ ဒီလောက်သိရရင် ညီမလေးဖြေဖို့အတွက် လုံလောက်ပြီလို့ထင်တယ်"

Fall in love with my ex-husband Where stories live. Discover now