(26) Strange

1.1K 66 19
                                    

#Unicode

"အစ်မ ကိုထူးကို စတွေ့တာ လွန်ခဲ့တဲ့ ၂နှစ်လောက်
ကပေါ့။ အဲ့ဒီတုန်းက အပြင်ပန်းက ကြည့်ရင်တောင်
ကိုထူးက လုံးဝအဆင်မပြေနေခဲ့ဘူး။ အခုထက်
အများကြီး ပိန်ခြောက်ပြီး အပြုံးအရယ်ဆိုတာ
မရှိသလောက်ပဲ"

"..."

"တဖြည်းဖြည်းနဲ့မှ ကိုထူးက အဆင်ပြေသလိုရှိလာတာ။ တစ်ယောက်တည်း သီးသန့်ချည်းမနေတော့ပဲ
ကလေးတွေနဲ့ စကားတွေပြောပြီး ပျော်ပျော်နေလာ
တယ်။ အပြည့်အဝမပျော်ပေမယ့်ပေါ့"

"..."

"ဒါပေမယ့်လည်း ကိုထူးမျက်လုံးတွေက အမြဲလိုလို
ဝမ်းနည်းနေတတ်တယ်။ တခါတလေဆို ဘာမှမရှိတဲ့
နံရံကြီးကိုဖြစ်ဖြစ် သူ့ကားသော့Keychainလေးကို
ဖြစ်ဖြစ် အသိစိတ်လွတ်တဲ့အထိ ငေးငိုင်ပြီး စိုက်
ကြည့်နေတတ်တာ"

သူမစကားကို ငြိမ်သက်ကာ နားထောင်နေသည့်
ကောင်လေး၏ မျက်နှာအရိပ်အကဲကို တစ်ချက်
စူးစမ်းမိသည်။ ထိုကောင်လေးထံတွင် ကိုထူးကို
စိတ်ဒုက္ခပေးလိုသည့် အရိပ်အယောင်မျိုးက
မြူမှုန်လောက်ပင် ရှိမနေ။ အပြင်လူတစ်ယောက်
ကြည့်ရင်တောင် မြင်ရနိုင်သည့် တန်ဖိုးထားမှုမျိုးသာ
ရှိသည်။ သို့သော်လည်း သူမက သူစိမ်းတစ်ယောက်
ဖြစ်သည့်အလျောက် သူတို့ဖြစ်ခဲ့သည့် ပြဿနာကို
မသိနိုင်သလို မည်သူ့အမှားဆိုတာလည်းမသိနိုင်။
သူမ သေချာခိုင်မာစွာသိနေသည့် တစ်ခုတည်းသော
အကြောင်းအရာမှာ သူတို့နှစ်ဦးစလုံး အပြန်အလှန်
ခံစားချက်တစ်ချို့ရှိနေသေးသည်ကိုဖြစ်သည်။

"အစ်မ ဒါတွေကို အစက နားမလည်ခဲ့သလို မကြုံဖူး
တော့ ကိုယ်ချင်းလည်း မစာတတ်ခဲ့ဘူး။ ဒါပေမယ့်
ကိုယ်တိုင်ကြုံတွေ့ဖူးသွားတဲ့အချိန်မှာ ကိုထူးကို
နားလည်သွားတယ်။ ဘာလို့ ဒီလိုတွေ လုပ်နေတယ်။
သန်မာချင်ယောင်ဆောင်နေရတယ်ဆိုတာတွေကို
အလိုလိုသိလာတယ်"

သိင်္ဂီဦး သူမပေါင်ပေါ်တင်ထားသည့် လက်နှစ်ဖက်ကို
တဖြည်းဖြည်းချင်း စိုက်ကြည့်မိသည်။ အမာရွတ်
ပျောက်ဆေးပုံမှန်လိမ်းနေသော်လည်း သိပ်မကြာ
သေးသည့်အချိန်က ရရှိခဲ့သည့်အမာရွတ်ဖြစ်သည့်
အတွက် မမှေးမှိန်ပဲရှိနေသေးသော ဘယ်ဘက်
လက်ကောက်ဝတ်ပေါ်မှ ဘလိတ်ဓားဒဏ်ရာကို
ညာဘက်လက်ဖြင့် ခပ်ဖွဖွဖိအုပ်လိုက်မိသည်။

Fall in love with my ex-husband Where stories live. Discover now