(32) No! he can't be my first love

1K 52 17
                                    

#Unicode

"အစ်ကို ဒီနေ့တော့ အနီးနားက Hotelမှာပဲ
ဖြစ်သလိုလေး တည်းလိုက်ပါနော်။ ကျွန်တော်
မနက်မိုးလင်းတာနဲ့ အစ်ကို့အတွက် နေစရာ
ချက်ချင်းစုံစမ်းပေးပါ့မယ်"

ရေချမ်းက အေးချမ်းရိပ်မှ ကားမောင်းထွက်လာရင်း
ပြောလေသည်။ သူတို့ရပ်ကွက်၏ ကားလမ်းမ
တစ်ဖက်တွင် 3 stars Hotelတစ်ခုရှိသည့်အတွက်
ရေချမ်း အေးချမ်းရိပ်ဂိတ်ပေါက်မှ ထွက်သည်နှင့်
ဘယ်ဘက်သို့ ကွေ့ကာ မောင်းနှင်လိုက်သည်။
သို့သော် မြင်နေရသည့်Hotelရှိရာအခြမ်းသို့
ကားလမ်းမကူးရသေးခင်မှာ အစ်ကိုက
တားလေသည်။

"ရေချမ်း ငါ Hotelမှာ မတည်းဘူး"

"ဗျာ ဘာဖြစ်လို့လဲ။ Hotelက အဆင်ပြေ.."

"ငါ Hotelမှာမနေချင်ဘူး။ မင်းနေတဲ့နေရာကို
လိုက်ခဲ့မှာ"

"ဗျာ!"

ရေချမ်းအထိတ်တလန့် မေးနေစဥ်မှာပင် ထပ်ပြီး
ပြောလာသည့် ပိုင်စေသော်၏ အမိန့်ဆန်သော
စကားတို့ကြောင့် ကားမောင်းနေရင်းက လန့်ပြီး
ဘရိတ်ကို နင်းချမိလိုက်တော့သည်။ ရုတ်တရပ်
ဘရိတ် ဆောင့်အုပ်လိုက်၍ ခန္ဓာကိုယ်များ အရှေ့သို့
ယိုင်ထိုးသွားသော်လည်း ပိုင်စေသော်ကတော့
ဘယ်လိုမှမနေ။ သူ့အတွေးနှင့်သူ ကျေနပ်ကာ
ပြုံးပျော်နေသည်။

"မဖြစ်ဘူးနော် အစ်ကို။ ဟင့်အင်း အစ်ကို ဘာပဲ
စဥ်းစားနေနေ ဒါကတော့မဖြစ်ဘူး။ ကျွန်တော်
မကူညီနိုင်ဘူး"

ရေချမ်းက ကားကို ချက်ချင်း လမ်းဘေးသို့
သွားရပ်လိုက်ပြီးသည်နှင့် သူ့ကိုလှည့်ကြည့်ကာ
​လက်ရောခေါင်းပါ ခါရမ်းပြီး သူ့အကြံကို ငြင်းဆန်လေသည်။

"ဘာလို့လဲ မင်းပြောတော့ ငါ့ကိုကူညီချင်တယ်ဆို"

"မတူဘူးလေ အစ်ကိုရဲ့။ ဒါက ကျွန်တော်ကူညီလို့
ရတာမှမဟုတ်တာ။ ကျွန်တော့်အိမ်မဟုတ်ဘူးလေ။
ပြီးတော့ ကိုထူးက ကျွန်တော့်ကိုစိတ်ဆိုးပြီး လုံးဝ
မခေါ်တော့ရင် ဘယ်လိုလုပ်မလဲ။ အစ်ကိုက
ကျွန်တော့် role modelဆိုပေမယ့် ကိုထူးက
ကျွန်တော့်အစ်ကိုအရင်းလိုပဲ။ ကိုထူးကိုပိုခင်တယ်။
ကိုထူး စိတ်ညစ်၊စိတ်ဆိုးအောင်မလုပ်ချင်ဘူး"

Fall in love with my ex-husband Where stories live. Discover now