Part1

12.3K 548 1
                                    

၁၈၈၅၊နိုဝင်ဘာလ၊၂၉ရက်နေ့မှာမြန်မာဘုရင်သီပေါမင်းကိုဗြိသျှကိုလိုနီတွေကမန္တလေးရတနာပုံနေပြည်တော်ကနေအိန္ဒယနိုင်ငံရတနာဂီရီကိုခေါ်င်ဆောင်သွားခဲ့သည်၊မြန်မာတနိုင်ငံလုံးယူကျုံးမရဖြစ်ရသည့်အချိန်ဖြစ်သည်၊သူ့ကျွန်ဘဝကိုစတင်ရောက်ရှိလာပြီးမင်းမျိုးမင်းနွယ်များဟာလည်းနာမည်ပြောင်းအရပ်ပြောင်းကာနေထိုင်ခဲ့ကြသည်၊
'ဟုတ်ကဲ့ပါမယ်မယ်ကြီး'
'မယ်မယ်ကြီး'
'မခွေးမလေး'
'ရှင်မမလေး'
'မခွေးမလေး၊အကြည်မီးပူထိုးထားတဲ့ထမီနဲ့အကျီ င်္ယူခဲ့ပါ၊´
ထို့သို့ငေးနေတဲ့သူထဲတွင်လှေကားအပေါ်မှဖခင်ဖြစ်သူလက်ကိုချိတ်ပြီးရပ်နေသည့်ကလျာထိုက်လည်းထိပ်ဆုံးတွင်ပါသည်၊ဆေးဆိုးပန်းရိုင်မျက်နုာတွေကြားထဲကသူမဟာအလှဆုံးဖြစ်နေသည်၊ထူးဆန်းစွာရိုးရှင်းနေတဲ့သူမကိုအကြာကြီးငေးနေမိသည်၊လှေကားတစ်ထစ်တက်လာတိုင်းခြေချင်းလေးကအသံပေးနေသည်၊တစ်ကိုယ်လုံးအလှတရားတွေနုင့်ပြည့်နေသူမျက်နုာလေးဟာပွင့်လန်းနေသည်၊မိခင်ဘေးကိုအသာရပ်ကာ
'မယ်မယ်ကြီး'
'တွေ့ရတာဝမ်းသာပါတယ်'
'ကျွန်တော်ဒီမှာပါ'
'အကိုလေး?'
'ကလျာ'
'ဘယ်လို'
'ဒါဆိုလည်းသက်သေဖန်တီးကြတာပေါ့'
Unicode
၁၈၈၅၊နိုဝင်ဘာလ၊၂၉ရက်နေ့မှာမြန်မာဘုရင်သီပေါမင်းကိုဗြိသျှကိုလိုနီတွေကမန္တလေးရတနာပုံနေပြည်တော်ကနေအိန္ဒယနိုင်ငံရတနာဂီရီကိုခေါ်င်ဆောင်သွားခဲ့သည်၊မြန်မာတနိုင်ငံလုံးယူကျုံးမရဖြစ်ရသည့်အချိန်ဖြစ်သည်၊သူ့ကျွန်ဘဝကိုစတင်ရောက်ရှိလာပြီးမငး်မျိုးမင်းနွယ်များဟာလည်းနာမည်ပြောင်းအရပ်ပြောင်းကာနေထိုင်ခဲ့ကြသည်၊
၁၉၁၇ခုနစ်မန္တလေးအမရပူရ၌
'ဟဲ့၊ခွေးမလေး၊ညည်းတို့မမလေးမနိုးသေးဘူးလား၊ဘယ်နုယ်အေ၊တမွန်းတောင်တည့်တော့မယ်၊သွားခေါ်ချေ၊'
'ဟုတ်ကဲ့ပါမယ်မယ်ကြီး'
ဒေါ်ခင်ခင်ကြည်ကသမီးငယ်ကိုနိုးရန်ပြောလိုက်သည်၊
'မမလေး၊မယ်မယ်ကြီးကထပါတော့တဲ့၊'
'နိုးနေပါပြီ ခွေးမလေးရဲ့၊အကြည်ဒီနေ့ဈေးသွားချင်တယ်၊လိုက်ခဲ့ပေးမလား'
'ဟုတ်၊လိုက်ခဲ့ပေးပါ့မယ်၊အခုတော့မယ်မယ်ကြီးခေါ်နေပါတယ်'
ခြံထဲမှာထိုင်ကာကွမ်းအစ်ထဲကကွမ်းရွက်၊ကွမ်းသီး၊ထုံးစသည်တို့ကိုယာကာစားနေသည့်မိခင်ဘေးမှာဝင်ထိုင်လိုက်သည်၊
'မယ်မယ်ကြီးခေါ်တယ်ဆိုလို့'
'ဟုတ်ပ့၊ညည်းကိုလင်ပေးစားမလိုဟေး'
ပွင့်ပွင့်လင်းလင်းပြောတတ်လွန်းတဲ့မိခင်ကြောင့်ခင်မေကြည်နားရှက်ရသည်၊
'ရှင်!အို...အကြည်ယောကျာ်းမယူချင်သေးပါဘူး'
'ခင်မေကြည်!ညည်းကိုညည်းငယ်လှပြီထင်သလား၊ငါညည်းအရွယ်ဆိုညည်းအကို၅ယောက်မွေးပြီးလို့ညည်းကိုယ်ဝန်လွယ်ထားရပြီအေ့'
အကို၅ယောက်ကတော့အိမ်ထောင်ကျသူကကျ၊စီးပွားရေးတိုးချဲ့ရင်းဘိလပ်ရောက်သူကရောက်နုင့်အကိုလေးမင်းနောင်သာရှိတော့သည်၊အကိုလေးမင်းနောင်ကသီးသီးသန်သန်အိမ်ဝယ်ကာနေလေသည်၊နိုင်ငံရေးထဲမှာပါနေသည့်သတင်းတစွန်းတစလည်းကြားနေရသည်၊
'ခင်မေကြည်၊မယ်မယ်ကြီးညနေအရေးပိုင်မင်းဦးရန်ထိုက်ရဲ့သမီးဘိလပ်ကပြန်လာတာညစာစားပွဲရှိတယ်၊သမီးလိုက်ရမယ်၊သမီးအတွက်မယ်မယ်ကြီးဂါဝန်မှာထားတယ်'
'မယ်မယ်ကြီး၊အကြည်တို့ကဗမာတွေလေ၊ဘယ်နုယ့်ဂါဝန်၊ဘိလပ်ပြန်တွေပြည့်နေမယ်ညစာစားပွဲကိုအကြည်မလိုက်ဘူး၊'
'ညည်းမလိုက်လို့မရဘူး၊ဟိုရောက်ရင်အရေးပိုင်မင်းရဲ့သားထိုက်တန်နဲ့ညည်းကိုစေ့စပ်ပေးမယ်၊'
'မယ်မယ်ကြီး'
'တော်တန်တိတ်!ငါစကားကိုလွန်ဆန်ဝံသလား'
ဖခင်ဆုံးပါးသွားပြီးနောက်ရွှေရတနာစံအိမ်တော်မှာအာဏာစက်အပြင်းဆုံးဟာမယ်မယ်ကြီးပါပဲ၊သူမအမိန့်ကိုလွန်ဆန်ဝံရင်လည်းကြီးမားသောပြစ်ဒဏ်ကိုပေးတတ်သည်၊
ခင်မေကြည်ဘာမှဆက်မပြောလိုပဲ၊ခေါင်းငြိမ့်လိုက်ကာ၊မြင်းရထားနဲ့ဈေးသို့ထွက်လာသည်၊ဈေးမှာဝယ်စရာရှိတာဝယ်ပြီးပြန်လာသည်၊ခင်မေကြည်ဟာသိုးမွေးထိုးရတာသဘောကျသည်၊မန္တလေးဟာအလယ်ပိုင်းဒေသဖြစ်တဲ့အတွက်နွေဆိုမီးလိုပူပြီးဆောင်းတွင်းရောက်လျှင်အလွန်အေး၊အလွန်ချမ်းတာမို့၊အိမ်ကအလုပ်သမားတွေအတွက်မာဖလာထိုးပေးလေ့ရှိသည်၊ယခုလည်းသိုးမွေးချည်လုံးတွေဝယ်ကာပြန်လာသည်၊ရထားလုံးပေါ်ကနေမြိုးရိုးကိုငေးကာ
'မခွေးမလေး'
'ရှင်မမလေး'
'တို့တွေကျွန်ခံနေရတာကိုပြည်မကလူတွေမသိပါလားနော်'
'မမလေးရယ်၊မသိတာမဟုတ်ပါဘူး၊ပြည်မမှာကဗြိတိသျှတွေသိပ်များတယ်၊တောင်တန်းမှာတော့ဒီလိုမဟုတ်ပဲ၊ဟိုကအုံကြွဒီကအုံကြွနဲ့လေ၊ဒီလိုနဲ့ပဲရှေ့ဆက်နေကြတာရတာ'
'ကိုလေးတောင်ဘယ်ရောက်နေမလဲနော်'
'ကိုကိုလေးဘေးကင်းမှာပါ၊မမလေးရယ်၊လျှောက်မတွေးပါနဲ့'
'အကြည်အကိုလေးဆီကစာမရတာကြာပြီကွယ်၊သူနောက်ဆုံးပို့တော့တောင်တန်းမှာတော်လှန်တာတွေကိုထောက်ပံနေသတဲ့လေ၊ဘယ်လောက်တောင်အန္တရာယ်များလိုက်သလဲ'
အကိုဖြစ်သူအတွက်တွေးပူကာကျလာသောမျက်ရည်ပူတွေကိုတချက်သုတ်ချပလိုက်သည်၊
ဈေးကလိုသောချည်လုံးများအပြင်အထည်တွေဝင်ကြည့်နေ၍ညနေစောင်းသွားသည်၊
'မမလေး၊မယ်မယ်ကြီးကသူအရင်သွားနုင့်တာမို့ဒါဝတ်ခဲ့ဖို့ပြောပါတယ်´
'မယ်မယ်ကြီးကဒီလိုပဲပြောသလား´
မိခင်ဖြစ်သူစကားကိုလွန်ဆန်တော့မည်ခင်မေကြည်အပြုံးတခုပန်ဆင်ကာ
'မခွေးမလေး၊အကြည်မီးပူထိုးထားတဲ့ထမီနဲ့အကျီ ၤယူခဲ့ပါ၊´
အဖြူရောင်ရင်ဖုံးနဲ့ဆံထုံးလေးထုံးကာစံပယ်ကုံးလေးကိုတစ်ပတ်ရစ်ဆံထုံးပေါ်အသာတင်ကာအဖြူရောင်ပွဲထိုင်ချိတ်ထမီနုင့်ရင်စေ့အကျီ ကိုရွှေကြယ်သီးများနုင့်အလှဆင်ကာပြည်တန်ပတ္တမြားကဲ့သို့ပတ္တမြားကြီးအလယ်မှာကွပ်ထားသည်ရွှေဘယက်ကိုလည်တိုင်ထက်တင်လိုက်သည်၊ဆေးဆိုးပန်းရိုက်မဟုတ်သောမျက်နုာလေးဟာလုပ်ချင်ရာလုပ်ရ၍ပြုံးရွှင်နေသည်၊
စံအိမ်ကြီးထဲရယ်သံမောသံနုင့်တေးသံများကြားနေရသည်၊ဧည့်ခန်းနေရာတွင်လူဖြူတချို့နုင့်ဗြိတိသျှအရာရှိတချို့ရယ်၊ပြေစလွှားနေသည့်ကပြားကလေးငယ်များကိုတွေ့ရသည်၊
လူတွေကြားထဲပွဲထိုင်ချိတ်နဲ့ဗမာရင်ဖုံးဝတ်သူဆိုလို့သူမပဲရှိလို့လူတိုင်းငေးကြည့်နေရသည်၊
ထို့သို့ငေးေနေတဲ့သူထဲတွင်လှေကားအပေါ်မှဖခင်ဖြစ်သူလက်ကိုချိ်တ်ပြီးရပ်နေသည့်ကလျာထိုက်လည်းထိပ်ဆုံးတွင်ပါသည်၊ဆေးဆိုးပန်းရိုင်မျက်နုာတွေကြားထဲကသူမဟာအလှဆုံးဖြစ်နေသည်၊ထူးဆန်းစွာရိုးရှင်းနေတဲ့သူမကိုအကြာကြီးငေးနေမိသည်၊လှေကားတစ်ထစ်တက်လာတိုင်းခြေချင်းလေးကအသံပေးနေသည်၊တစ်ကိုယ်လုံးအလှတရားတွေနုင့်ပြည့်နေသူမျက်နုာလေးဟာပွင့်လန်းနေသည်၊မိခင်ဘေးကိုအသာရပ်ကာ
'မယ်မယ်ကြီး'
မိခင်ဖြစ်သူခင်ခင်ကြည်ကတော့အနောက်တိုင်းဝတ်စုံဝတ်ထားပေ့မယ်
'ခင်မေကြည်?၊ညည်းကိုငါဘာပြောထားသလဲ'
တီးတိုးကာနားနားကပ်ကာပြောလိုက်ပေ့မယ်ခင်မေကြည်ကတော့မကြားချင်ယောင်ဆောင်နေသည်၊
'ဒေါ်ခင်ခင်ရဲ့သမီးကတော့အရမ်းလှပါ့ဗျာ၊မအေတူသမီးလေးပဲ'
ဦးရန်ထိုက်မြှောက်ပင့်ကာပြောလိုက်တော့ဒေါ်ခင်ခင်ကြည့်သဘောကျသွားသည်၊
'ဒါကတော့ထိုက်တန်တဲ့၊ဒါကတော့ကလျာထိုက်၊ဦးလေးရဲ့သားနဲ့သမီးပေါ့၊သမီးလေးကအင်္ဂလန်ကနေဒီကိုလာနေတာလေ၊´
'တွေ့ရတာဝမ်းသာပါတယ်'
'ဒါနဲ့ဒေါ်ခင်ခင်ရဲ့သားငယ်မင်းနောင်လဲမတွေ့ပါလား'
'ကျွန်တော်ဒီမှာပါ'
'အကိုလေး?'
မင်းနောင်ကိုမြင်တော့ခင်မေကြည်ဝမ်းသာသွားသည်၊ဒေါ်ခင်ခင်ကြည်ကတော့အံသြနေသည်၊ညစာစားပွဲဆိုပေမဲ့အနောက်တိုင်းဓလေ့အရကပွဲပါပါသည်၊မင်းနောင်လက်ကိုခင်မေကြည်အတင်းဆွဲကာခြံထဲထွက်လာသည်
'ကိုလေး၊မသေကောင်းမပျောက်ကောင်းကွယ်၊ဘယ်တွေများရောက်နေသလဲ'
ညီမဖြစ်သူကငိုကာပြောလာတော့
'အကြည်ရယ်၊အကိုကဒီနိုင်ငံကြီးအတွက်လုပ်နေတာလေကွယ်၊အကိုဘာမှမဖြစ်ပါဘူး'
'ဒါဆိုလည်းစာပို့မှပေါ့'
'အင်းပါ၊အကိုမှားသွားတယ်နော်'
ခြံထဲကမောင်နုမနုစ်ယောက်ကိုကြည့်နေသူကတော့
'ကလျာ'
'ကိုထိုက်ငါသူတို့နုစ်ယောက်ကိုမသင်္ကာဘူး'
'ဘယ်လို'
'သူ့တိုနုစ်ယောက်ကြည့်ရတာတော်လှန်နေတဲ့လူတွေနဲ့အဆက်အသွယ်ရှိလောက်တယ်'
'သက်သေမရှိပဲဖမ်းလိုမရဘူးဟ၊'
'ဒါဆိုလည်းသက်သေဖန်တးီကြတာပေါ့'
ဒီအမျိုးသမီးလေးမြင်မြင်ချင်းကလျာထိုက်အပိုင်သိမ်းချင်သွားမိသည်၊
ကြိုက်ကြရဲ့လား၊Ericaရေးတာအမှားပါနိုင်တာမို့ခွင့်လွှတ်ပေးကြပါနော်

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now