Part17

2.1K 232 0
                                    

ပုဂံေျမမွာအခ်စ္နဲ႔အတူေနခဲ့သည္၊
ဝမ္းနည္းစရာအခ်စ္ဇာတ္လမ္းေတြ
ေၾကကြဲစရာသမိုင္းေၾကာင္းေတြ
ေသြးစြန္းေနတဲ့က်ိန္စာမ်ားရွိရာ
မဟာပုဂံမွာအခ်စ္နဲ႔အတူရွိခဲ့သည္၊
ေတြးမိေလ့ရဲ႕အၾကည္မ်က္ႏုာဟာ
အရင္ကထက္ပိုၿပီးပြင့္လန္းေနရသလဲ
အၾကည္မ်က္ႏုာလွလွေလးကိုနမ္းရတာၾကည္ႏူးဖို႔ေကာင္းေပ့မယ္ေနာက္ဆက္တြဲခံစားခ်က္ကဟာတာတာနဲ႔ဝမ္းနည္းဖို႔ေကာင္းေနတယ္၊အိမ္မက္တခုကိုမက္ေနရသလိုမ်ိဳးတခ်ိန္က်ရင္အဆံုးသတ္ရမယ္ဆိုတာမ်ိဳးဟာဘာေၾကာင့္မွာအပူတျပင္းေခါင္းထဲေရာက္ေနသလဲ
စဥ္းစားေနရင္းေခါင္းကကိုက္လာသည္၊မခံမရပ္နိုင္ေအာင္ကိုထိုးေအာင့္လာသည္၊
'အား....´
'ကလ်ာ...ဘာျဖစ္လို႔လဲ၊´
'ဘာ...ဘာမွမဟုတ္ပါဘူး၊တို႔ေခါင္းနည္းနည္းကိုက္ေနလို႔´
'ေဟာေတာ္၊အဆင္ေျပရဲ႕လား၊အၾကည္ဆရာဝန္ေခၚရမလား´
'ရတယ္၊တို႔အိမ္ျပန္ေတာ့မယ္´
ပုဂံကေနျပန္လာၿပီးကတည္းကခင္ေမၾကည္အိမ္မွာပဲေနေနခဲ့တာ၊၂ပတ္ရိွေလၿပီ၊အိမ္ကိုျပန္လာေတာ့ေလွကားအတတ္မွာလဲက်သြားေတာ့သည္၊
'Julia!!!ဒါလင္!!!လာပါဦး!!သမီးလဲက်သြားၿပီ!!!´
အိမ္ကလူေတြအကုန္အထိတ္တလန္႔ေတြျဖစ္ကုန္သည္၊
နာရီေပါင္းမ်ားစြာအိပ္မိသြားသည္၊မ်က္လံုးကိူမဖြင့္ခ်င္ဖြင့္ခ်င္ဖြင့္လိုက္သည္၊အိမ္မက္ကေလးကလွလြန္းေတာ့မနိုးခ်င္ရံုေလးပါ၊
'အၾကည္ကလွလိုက္တာ....အိမ္မက္ကေလးထဲမွာ´
Dandelionပန္းခင္းျဖဴျဖဴထဲမွာသမီးေလးနဲ႔အတူရွိေနတဲ့အၾကည္ဟာမိခင္တစ္ေယာက္လို႔၊ဇနီးမယားတစ္ေယာက္လိုလွေနသည္၊
အၿပံဳးခ်ိဳခ်ိဳေလးနဲ႔သတ္တတ္သူရယ္...
ေျဖးေျဖးသတ္လည္းေသပါတယ္ရွင္...
အေတြးေတြေၾကာင့္ေပ်ာ္သြားေပ့မယ္မိခင္ျဖစ္သူဝင္လာေတာ့မ်က္ႏုာမေကာင္းတာသတိထားမိလာသည္၊
'မာမီ?´
'သမီး၊ခင္ေမၾကည္နဲ႔မေတြ႕ပါနဲ႔ေတာ့လား´
'ဘာလို႔လဲ...´
ေျဖရခက္တဲ့ေမးခြန္းမ်ိဳးမဟုတ္ေပမယ့္မိခင္ကမ်က္ႏုာပ်က္ေနသည္၊
'သမီးတို႔ႏုစ္ေယာက္ကိုခြဲဦးမို႔မလား´
'အဂၤလန္ျပန္ၾကမယ္၊Julia၊မာမီနဲ႔ျပန္လိုက္ခဲ့ပါ´
'မလိုက္ဘူး!´
'Julia!´
'နားမလည္ေသးတာလား၊နားမလည္ခ်င္ေယာင္ေဆာင္တာလား´
'Julia!!!´
'အား....´
'သမီး၊ဘယ္နားနာလို႔လဲ´
ထိုးကိုက္လာတဲ့ေခါင္းေၾကာင့္ဘာကိုမွေခါင္းထဲမထားနိုင္ပဲေအာ္ဟစ္ေနမိသည္၊မိခင္ျဖစ္သူအျပင္ေျပးထြက္ကာေဆးနဲ႔ေရယူလာကာတိုက္ၿပီးတဲ့အခ်ိန္ျပန္အိပ္ေပ်ာ္သြားျပန္သည္၊
ေနတိုင္းနီပါးဒီလိုႀကီးျဖစ္ေနေတာ့ကလ်ာထိုက္စိတ္ထဲတမ်ိဳးျဖစ္လာသည္၊ရယ္ရင္ေခါင္းကကိုက္၊ငိုရင္ေခါင္းကကိုက္၊ေအာ္ရင္ေခါင္းကကိုက္တခ်ိန္လံုးေခါင္းကိုက္ေဝဒနာခံစားေနရတာဟာတမ်ိဳးျဖစ္ေနသည္၊တစ္ေန႔ေတာ့ကလ်ာထိုက္မွန္ေရွ႕ထိုင္ကာကိုယ့္ကိုကိုၾကည့္ေနလိုက္သည္၊ေခ်ာင္က်သြားတဲ့မ်က္ႏုာ၊လူမမာလိုခႏၶာကိုယ္၊ေအးစက္ေနတဲ့ေျခဖ်ား၊လက္ဖ်ားေတြ၊ဆြဲနႈတ္စရာမလိုေအာင္ကြၽတ္က်ေနတဲ့ဆံပင္ေတြ၊တျဖည္းျဖည္းပါးသထက္ပါးေနတဲ့ဆံပင္ေတြကိုကိုင္ၾကည့္ရင္း၊မွန္တင္ခံုေပၚမွာတင္ထားတဲ့ေသတၱာေလးထဲကခေရေျခာက္ေလးေတြကိုၾကည့္မိသည္၊
'Julia´
'သမီးေသေတာ့မွာလား´
'ကုသလို႔ရပါတယ္၊ဦးေႏုာက္ကအက်ိတ္ကိုခြဲထုတ္လိုက္လို႔ရွိရင္...´
'ခြဲစိတ္မႈကေအာင္ျမင္နိုင္မွာလား´
'50%ေသနိုင္သလို၊50%အသက္ရွင္နိုင္တယ္၊အခ်ိန္မမွီေတာ့တာမ်ိဳးလည္းရွိနိုင္တယ္၊သမီးမွာအခ်ိန္နည္းနည္းပဲရွိေတာ့တယ္´
သမီးျဖစ္သူကိုၾကည့္ကာမ်က္ရည္ေတြမက်ေအာင္ႀကိဳးစားေနပ႔မယ္က်လာသည္၊
'ေက်းဇူးျပဳၿပီး၊Juliaမာမီတို႔နဲ႔လိုက္ခဲ့ပါ၊အဂၤလန္ကနန္းတြင္းသမားေတာ္ေတြနဲ႔ကုရင္ေပ်ာက္သြားမွာပါ၊´
မိခင္ကိုမွန္ထဲကေနၾကည့္ကာၿပံဳးျပၿပီး
'ေက်းဇူးပါမာမီ၊သမီးေနာက္ဆံုးအခ်ိန္က်မွအဂၤလန္ျပန္ပါရေစ၊´
မိခင္ျဖစ္သူအခန္းထဲကထြက္သြားကာခင္ပြန္းသည္ရင္ခြင္ထဲငိုခ်မိသည္၊
ခင္ေမၾကည္လြမ္းေနၿပီေလ၊အခ်ိန္အၾကာႀကီးအိမ္မလာေတာ့၊
အၾကည္နဲ႔ေတြ႕ဖို႔မ်က္ႏုာကိုျပင္ဆင္ခ်ယ္သေနရၿပီ
လူမမာရုပ္မေပါက္ေအာင္ေပါင္ဒါေတြ၊နႈတ္ခမ္းနီေတြကိုဆိုးရသည္၊မာမီေပးတဲ့ဦးထုတ္ကိုေဆာင္းကာ၊ထြက္လာသည္၊
'အၾကည္...´
မ်က္ႏုာကေလးဆူပုတ္ကာမ်က္ေစာင္းေလးထိုးေနသည္၊
'သြားပါ၊ေပ်ာက္ခ်င္တိုင္းေပ်ာက္ၿပီးမွ´
'ေမ..ေမ´
ခင္ေမၾကည္လက္ထဲကသမီးငယ္ေလးကေပ်ာ္သလိုလိုနဲ႔ရယ္ကာေျပာလာသည္၊
'သမီးကစကာေတြပါေျပာေနပါလား´
'သမီးေလးကကလ်ာမရွိတဲ့အခ်ိန္အတြင္းေတာ္ေတာ္ေတြတတ္လာတာ၊´
ခင္ေမၾကည္ေသခ်ာၾကည့္ကာ
'ကလ်ာ?´
'ေျပာေလ၊အၾကည္´
'ေနမေကာင္းဘူးလား၊ပိန္သြားသလိုပဲ´
'ဟုတ္တယ္..´
ခင္ေမၾကည္အထိတ္တလန္႔ၾကည့္ေလေတာ့
'အၾကည္ေကြၽးတဲ့အၾကမ္းေရနဲ႔လက္ဖက္မစားရလို႔ေနလို႔မေကာင္းဘူး´
'ေဟာ..မေနာက္ပါနဲ႔၊အၾကည္ျဖင့္လန္႔သြားတာပဲ၊ဒါဆိုခဏေစာင့္ေနာ္အၾကည္အၾကမ္းေရနဲ႔လက္ဖက္ယူခဲ့မယ္ပ့၊ကေလးေခၚထားေပးဦး´
ခင္ေမၾကည္ရဲ႕ေနာက္ေက်ာေလးကိုလွမ္းၾကည့္ကာၿပံဳးမိသည္၊
ေၾကာက္မိပါသည္၊အၾကည္ကိုအသက္ႀကီးသည္အထိအတူမရွိနိုင္ေတာ့မည္ကို
သမီးေလးဘဝမွာႀကံဳရမဲ့အခက္အခဲေတြကိုမေျဖရွင္းေပးနိုင္မည္ကို
အၾကည္ကိုတစ္ေယာက္တည္းထားခဲ့ရမည္ကိုတို႔ေသေလာက္ေအာင္ေၾကာက္သည္
Unicode
ပုဂံမြေမှာအချစ်နဲ့အတူနေခဲ့သည်၊
ဝမ်းနည်းစရာအချစ်ဇာတ်လမ်းတွေ
ကြေကွဲစရာသမိုင်းကြောင်းတွေ
သွေးစွန်းနေတဲ့ကျိန်စာများရှိရာ
မဟာပုဂံမှာအချစ်နဲ့အတူရှိခဲ့သည်၊
တွေးမိလေ့ရဲ့အကြည်မျက်နုာဟာ
အရင်ကထက်ပိုပြီးပွင့်လန်းနေရသလဲ
အကြည်မျက်နုာလှလှလေးကိုနမ်းရတာကြည်နူးဖို့ကောင်းပေ့မယ်နောက်ဆက်တွဲခံစားချက်ကဟာတာတာနဲ့ဝမ်းနည်းဖို့ကောင်းနေတယ်၊အိမ်မက်တခုကိုမက်နေရသလိုမျိုးတချိန်ကျရင်အဆုံးသတ်ရမယ်ဆိုတာမျိုးဟာဘာကြောင့်မှာအပူတပြင်းခေါင်းထဲရောက်နေသလဲ
စဉ်းစားနေရင်းခေါင်းကကိုက်လာသည်၊မခံမရပ်နိုင်အောင်ကိုထိုးအောင့်လာသည်၊
'အား....´
'ကလျာ...ဘာဖြစ်လို့လဲ၊´
'ဘာ...ဘာမှမဟုတ်ပါဘူး၊တို့ခေါင်းနည်းနည်းကိုက်နေလို့´
'ဟောတော်၊အဆင်ပြေရဲ့လား၊အကြည်ဆရာဝန်ခေါ်ရမလား´
'ရတယ်၊တို့အိမ်ပြန်တော့မယ်´
ပုဂံကနေပြန်လာပြီးကတည်းကခင်မေကြည်အိမ်မှာပဲနေနေခဲ့တာ၊၂ပတ်ရှိလေပြီ၊အိမ်ကိုပြန်လာတော့လှေကားအတတ်မှာလဲကျသွားတော့သည်၊
'Julia!!!ဒါလင်!!!လာပါဦး!!သမီးလဲကျသွားပြီ!!!´
အိမ်ကလူတွေအကုန်အထိတ်တလန့်တွေဖြစ်ကုန်သည်၊
နာရီပေါင်းများစွာအိပ်မိသွားသည်၊မျက်လုံးကိူမဖွင့်ချင်ဖွင့်ချင်ဖွင့်လိုက်သည်၊အိမ်မက်ကလေးကလှလွန်းတော့မနိုးချင်ရုံလေးပါ၊
'အကြည်ကလှလိုက်တာ....အိမ်မက်ကလေးထဲမှာ´
Dandelionပန်းခင်းဖြူဖြူထဲမှာသမီးလေးနဲ့အတူရှိနေတဲ့အကြည်ဟာမိခင်တစ်ယောက်လို့၊ဇနီးမယားတစ်ယောက်လိုလှနေသည်၊
အပြုံးချိုချိုလေးနဲ့သတ်တတ်သူရယ်...
ဖြေးဖြေးသတ်လည်းသေပါတယ်ရှင်...
အတွေးတွေကြောင့်ပျော်သွားပေ့မယ်မိခင်ဖြစ်သူဝင်လာတော့မျက်နုာမကောင်းတာသတိထားမိလာသည်၊
'မာမီ?´
'သမီး၊ခင်မေကြည်နဲ့မတွေ့ပါနဲ့တော့လား´
'ဘာလို့လဲ...´
ဖြေရခက်တဲ့မေးခွန်းမျိုးမဟုတ်ပေမယ့်မိခင်ကမျက်နုာပျက်နေသည်၊
'သမီးတို့နုစ်ယောက်ကိုခွဲဦးမို့မလား´
'အင်္ဂလန်ပြန်ကြမယ်၊Julia၊မာမီနဲ့ပြန်လိုက်ခဲ့ပါ´
'မလိုက်ဘူး!´
'Julia!´
'နားမလည်သေးတာလား၊နားမလည်ချင်ယောင်ဆောင်တာလား´
'Julia!!!´
'အား....´
'သမီး၊ဘယ်နားနာလို့လဲ´
ထိုးကိုက်လာတဲ့ခေါင်းကြောင့်ဘာကိုမှခေါင်းထဲမထားနိုင်ပဲအော်ဟစ်နေမိသည်၊မိခင်ဖြစ်သူအပြင်ပြေးထွက်ကာဆေးနဲ့ရေယူလာကာတိုက်ပြီးတဲ့အချိန်ပြန်အိပ်ပျော်သွားပြန်သည်၊
နေတိုင်းနီပါးဒီလိုကြီးဖြစ်နေတော့ကလျာထိုက်စိတ်ထဲတမျိုးဖြစ်လာသည်၊ရယ်ရင်ခေါင်းကကိုက်၊ငိုရင်ခေါင်းကကိုက်၊အော်ရင်ခေါင်းကကိုက်တချိန်လုံးခေါင်းကိုက်ဝေဒနာခံစားနေရတာဟာတမျိုးဖြစ်နေသည်၊တစ်နေ့တော့ကလျာထိုက်မှန်ရှေ့ထိုင်ကာကိုယ့်ကိုကိုကြည့်နေလိုက်သည်၊ချောင်ကျသွားတဲ့မျက်နုာ၊လူမမာလိုခန္ဓာကိုယ်၊အေးစက်နေတဲ့ခြေဖျား၊လက်ဖျားတွေ၊ဆွဲနှုတ်စရာမလိုအောင်ကျွတ်ကျနေတဲ့ဆံပင်တွေ၊တဖြည်းဖြည်းပါးသထက်ပါးနေတဲ့ဆံပင်တွေကိုကိုင်ကြည့်ရင်း၊မှန်တင်ခုံပေါ်မှာတင်ထားတဲ့သေတ္တာလေးထဲကခရေခြောက်လေးတွေကိုကြည့်မိသည်၊
'Julia´
'သမီးသေတော့မှာလား´
'ကုသလို့ရပါတယ်၊ဦးနေုာက်ကအကျိတ်ကိုခွဲထုတ်လိုက်လို့ရှိရင်...´
'ခွဲစိတ်မှုကအောင်မြင်နိုင်မှာလား´
'50%သေနိုင်သလို၊50%အသက်ရှင်နိုင်တယ်၊အချိန်မမှီတော့တာမျိုးလည်းရှိနိုင်တယ်၊သမီးမှာအချိန်နည်းနည်းပဲရှိတော့တယ်´
သမီးဖြစ်သူကိုကြည့်ကာမျက်ရည်တွေမကျအောင်ကြိုးစားနေပ့မယ်ကျလာသည်၊
'ကျေးဇူးပြုပြီး၊Juliaမာမီတို့နဲ့လိုက်ခဲ့ပါ၊အင်္ဂလန်ကနန်းတွင်းသမားတော်တွေနဲ့ကုရင်ပျောက်သွားမှာပါ၊´
မိခင်ကိုမှန်ထဲကနေကြည့်ကာပြုံးပြပြီး
'ကျေးဇူးပါမာမီ၊သမီးနောက်ဆုံးအချိန်ကျမှအင်္ဂလန်ပြန်ပါရစေ၊´
မိခင်ဖြစ်သူအခန်းထဲကထွက်သွားကာခင်ပွန်းသည်ရင်ခွင်ထဲငိုချမိသည်၊
ခင်မေကြည်လွမ်းနေပြီလေ၊အချိန်အကြာကြီးအိမ်မလာတော့၊
အကြည်နဲ့တွေ့ဖို့မျက်နုာကိုပြင်ဆင်ချယ်သနေရပြီ
လူမမာရုပ်မပေါက်အောင်ပေါင်ဒါတွေ၊နှုတ်ခမ်းနီတွေကိုဆိုးရသည်၊မာမီပေးတဲ့ဦးထုတ်ကိုဆောင်းကာ၊ထွက်လာသည်၊
'အကြည်...´
မျက်နုာကလေးဆူပုတ်ကာမျက်စောင်းလေးထိုးနေသည်၊
'သွားပါ၊ပျောက်ချင်တိုင်းပျောက်ပြီးမှ´
'မေ..မေ´
ခင်မေကြည်လက်ထဲကသမီးငယ်လေးကပျော်သလိုလိုနဲ့ရယ်ကာပြောလာသည်၊
'သမီးကစကာတွေပါပြောနေပါလား´
'သမီးလေးကကလျာမရှိတဲ့အချိန်အတွင်းတော်တော်တွေတတ်လာတာ၊´
ခင်မေကြည်သေချာကြည့်ကာ
'ကလျာ?´
'ပြောလေ၊အကြည်´
'နေမကောင်းဘူးလား၊ပိန်သွားသလိုပဲ´
'ဟုတ်တယ်..´
ခင်မေကြည်အထိတ်တလန့်ကြည့်လေတော့
'အကြည်ကျွေးတဲ့အကြမ်းရေနဲ့လက်ဖက်မစားရလို့နေလို့မကောင်းဘူး´
'ဟော..မနောက်ပါနဲ့၊အကြည်ဖြင့်လန့်သွားတာပဲ၊ဒါဆိုခဏစောင့်နော်အကြည်အကြမ်းရေနဲ့လက်ဖက်ယူခဲ့မယ်ပ့၊ကလေးခေါ်ထားပေးဦး´
ခင်မေကြည်ရဲ့နောက်ကျောလေးကိုလှမ်းကြည့်ကာပြုံးမိသည်၊
ကြောက်မိပါသည်၊အကြည်ကိုအသက်ကြီးသည်အထိအတူမရှိနိုင်တော့မည်ကို
သမီးလေးဘဝမှာကြုံရမဲ့အခက်အခဲတွေကိုမဖြေရှင်းပေးနိုင်မည်ကို
အကြည်ကိုတစ်ယောက်တည်းထားခဲ့ရမည်ကိုတို့သေလောက်အောင်ကြောက်သည်

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now