Part15

2.2K 256 2
                                    

'ကလျာ´
'ပြောလေ၊အကြည်´
'မ...မဟုတ်ပါဘူး၊အကြည်ကလေ´
'အကြည်သိလား၊ခင်မေကြည်ဆိုတဲ့မိန်ကလေးကလေတို့ကိုချစ်လွန်းလို့အမှတ်သည်းခြေတောင်ပျက်ပြီးရူးဖူးတယ်´
'ဟုတ်တယ်၊အကြည်အချစ်တွေကတို့ထက်တောင်ပိုတယ်၊အကြည်ဟာအကြည်မဟုတ်တော့ဘူး၊အကြည်သာဆိုတို့ကိုအကြမ်းရေနဲ့လက်ဖတ်ကျွေးနေကြ၊အခုတော့ကော်ဖီနဲ့မုန့်တွေချတယ်၊အကြည်ဆိုရေမွှေးမစွတ်ဘူး၊သဘာဝစံပယ်၊ခရေ၊နုင်းဆီကိုသုံးတယ်၊အကြည်ဆိုသနပ်ခါးနဲ့ဆေးဆိုးပန်းရိုက်မျက်နုာမဟုတ်ဘူး၊ဆံပင်ကိုတပတ်လျိုထိုးထားတတ်တဲ့သူ၊ဘယ်တော့မှဆံပင်ကိုဖားလျားမချဘူး၊မင်းဟာအကြည်မဟုတ်ဘူး၊ခင်ခင်ကြည်ရဲ့မအေတူသမီးခင်မေကြည်ပဲ၊တို့ချစ်တာအကြည်ကို၊ဗမာမှူကိုထိန်းသိမ်းတဲ့သူလေးကိုတို့ချစ်တာ၊ဘိလပ်ပြန်တွေကိုမချစ်တဲ့ဗမာအမျိုးသမီးလေး၊ခင်မေကြည်ကိုမဟုတ်ဘူး၊တို့ချစ်တာအကြည်ကို၊´
တစ်နေ့ကျတော့
'အင်း၊ကြည့်မယ်´
'မမလေး၊ငိုနေပြန်ပြီ´
နေ့စဉ်ရက်ဘာကြောင့်မှန်းမသိအကြောင်းတိုက်ဆိုင်တိုင်းသတိရပါသည်၊အသိစိတ်ကတော့ဘာမှမဖြစ်သလိုနေပေ့မဲ့မသိစိတ်ကြောင့်နေရခက်လှသည်၊ကလျာဆိုတဲ့မိန်းကလေးစိတ်ဆိုးနေသည်ဆိုတဲ့အသိဟာတော်တော်ကိုပူလောင်စေသည်၊
'ပါဆယ်ဗျို့!´
မခွေးမလေးဆင်းယူကာ
'ဘယ်သူဆီကလဲ၊မခွေးမလေး´
'ကလျာထိုက်ဆီကပါ၊မမလေး´
'အကြည်ကိုပေး၊´
*သို့ခင်မေကြည် 
                                အကြည်ရဲ့ကလျာ*
'ပြန်မလာတော့ဘူးလား´
'လွမ်းနေသလား´
အသံကြားတော့ပြုံးကာ
'ကလျာ?´
'လွမ်းနေသလား၊အကြည်´
'ဟွန်း´
'ဘာလို့လဲ´
'ဒါပေါ့´
'ဟာ´
'သမီးလေး!´
'အဲ့တာတို့နဲ့တူတာလေ၊´
Unicode
ထိုက်တန်ဆုံးသွားတော့အားလုံးပူဆွေးရသည်၊ပြသာနာတစ်ခုကမဆုံးသေးခင်နောက်ပြသာနာကဆင့်လာတော့သက်ပြင်းတချချနုင့်ဖြစ်ကုန်ကြသည်၊မင်းနောင်လည်းအခန်းထဲကအခန်းပြင်မထွက်တော့ပေ၊အချိန်တွေရယ်အကုန်မြန်လိုက်တာ၊သမီးဖြစ်သူကလျာခင်ကြည်လေးတောင်လမ်းလျှောက်တတ်နေပြီ၊ခင်မေကြည်နဲ့ကလျာခြံထဲမှာထိုင်ကာနေတုန်း
'ကလျာ´
'ပြောလေ၊အကြည်´
'ကလျာမှာယောကျာ်းရှိတယ်ဆို၊ဘာလို့အကြည်နဲ့အတူနေနေရတာလဲ´
'အိမ်ကသဘောတူတဲ့လူပါအကြည်ရယ်၊သူလည်းသူအလုပ်နဲ့သူပါ၊တို့ကိုတောင်စိတ်မဝင်စားဘူး´
'ဒါပေမဲ့လင်နဲ့မယားဆိုတာအတူရှိသင့်တယ်လေ´
ခင်မေကြည်ဘယ်နုယ့်ပြောသလဲ၊
အရင်တုန်းကတော့ချစ်လွန်းခဲ့တာ
အခုတော့သူစိမ်းတစ်ယောက်လိုစကားတွေဆိုနေပါလား
'အကြည်တို့ကိုနုင်နေတာလား´
'မ...မဟုတ်ပါဘူး၊အကြည်ကလေ´
'အကြည်သိလား၊ခင်မေကြည်ဆိုတဲ့မိန်ကလေးကလေတိူ့ကိုချစ်လွန်းလို့အမှတ်သည်းခြေတောင်ပျက်ပြီးရူးဖူးတယ်´
ခင်မေကြည်ကလျာကိုကြည့်ကာ
'အကြည်အဲ့လောက်တောင်ချစ်ခဲ့သလား´
'ဟုတ်တယ်၊အကြည်အချစ်တွေကတို့ထက်တောင်ပိုတယ်၊အကြည်ဟာအကြည်မဟုတ်တော့ဘူး၊အကြည်သာဆိုတို့ကိုအကြမ်းရေနဲ့လက်ဖတ်ကျွေးနေကြ၊အခုတော့ကော်ဖီနဲ့မုန့်တွေချတယ်၊အကြည်ဆိုရေမွှေးမစွတ်ဘူး၊သဘာဝစံပယ်၊ခရေ၊နုင်းဆီကိုသုံးတယ်၊အကြည်ဆိုသနပ်ခါးနဲ့ဆေးဆိုးပန်းရိုက်မျက်နုာမဟုတ်ဘူး၊ဆံပင်ကိုတပတ်လျိုထိုးထားတတ်တဲ့သူ၊ဘယ်တော့မှဆံပင်ကိုဖားလျားမချဘူး၊မင်းဟာအကြည်မဟုတ်ဘူး၊ခင်ခင်ကြည်ရဲ့မအေတူသမီးခင်မေကြည်ပဲ၊တို့ချစ်တာအကြည်ကို၊ဗမာမူှကိုထိန်းသိမ်းတဲ့သူလေးကိုတို့ချစ်တာ၊ဘိလပ်ပြန်တွေကိုမချစ်တဲ့ဗမာအမျိုးသမီးလေး၊ခင်မေကြည်ကိုမဟုတ်ဘူး၊တို့ချစ်တာအကြည်ကို၊´
မျက်ရည်များနဲ့ပြောလာသူကိုသနားမိသည်၊
မေ့လျော့နေသောအရာတွေကြောင့်အပြုမူတွေပင်ပြောင်းလဲသွားသည်၊
'ကလျာပြန်ပါ၊ကျွန်မဟာအကြည်မဟုတ်တဲ့အတွက်လည်းတောင်းပန်ပါတယ်´
ခင်မေကြည်အိမ်ကြီးထဲဝင်သွားရန်ခြေလှမ်းတွေစလေသည်၊
'တို့မလာတော့ဘူး၊တို့ရွှေဘိုကအိမ်မှာသွားနေဦးမယ်၊´
'ဟုတ်ကဲ့ပါ၊ခရီးလမ်းဖြောင့်ဖြူးပါစေ´
ကလျာလည်းထကာရထားလုံးပေါ်တတ်ကာပြန်သွားလေသည်၊ခင်မေကြည်ခြံထဲကထွက်သွားတဲ့ရထားလုံးကိုကြည့်နေသည်
'ဟယ်၊မမလေး၊မျက်ရည်တွေကျနေတယ်´
မခွေးမလေးကကလေးကိုချီထားကာပြောလာတော့၊ခင်မေကြည်မျက်နုာပေါ်လက်နဲ့စမ်းမိကာ
'ဟုတ်ပါရဲ့၊အကြည်ဘာကြာင့်များငိုနေပါလဲ´
သမီးငယ်လေးနဲ့သာရက်တွေကိုကုန်ဆုံးရသည်၊စိတ်တိုတိုနုင့်မျက်ရည်ကျကာဆူသွားသူလေးကိုသတိရပါသည်၊
'သမီးလေး၊မင်းလည်းမေမေလေးကိုလွမ်းနေသလား´
မျက်လုံးအဝိုင်းသားနဲ့ကလေးမလေးကကြည့်နေသည်၊
'မေမေကြီးလည်းမေမေလေးကိုလွမ်းတယ်ကွယ်၊ဘာကြောင့်မှန်းမသိကိုလွမ်းနေတာ´
တစ်နေ့ကျတော့
'မမလေး၊ပွဲသွားကြည့်ကြမယ်လေ၊´
'အင်း၊ကြည့်မယ်´
ကလျာပြောသလိုဗမာရင်ဖုံးအဝါလေးနဲ့ရွှေဘိုသနပ်ခါးခါးစစ်ကိုပါးမှာတင်ကာတပတ်လျိုဆံထုံးထုံးကာကံကော်ပွင့်လေးပန်ကာမြေဝိုင်းသဘင်ရှိရာသို့ထွက်လာကြသည်၊
လေပါတီမမြရင်ရဲ့သဝန်ကြောင်သီချင်းကိုတိုင်ဆိုင်စွာကနေတော့
'မမလေး၊ငိုနေပြန်ပြီ´
'ဟောတော့၊အကြည်ဘာဖြစ်နေလဲမသိပါဘူး၊မခွေးမလေးရယ်´
'မမလေး၊နေမကောင်းရင်ပြန်ကြမယ်လေ´
'အင်း၊အကြည်ပြန်ချင်ပြီ´
နေ့စဉ်ရက််ဘာကြောင့်မှန်းမသိအကြောင်းတိုက်ဆိုင်တိုင်းသတိရပါသည်၊အသိစိတ်ကတော့ဘာမှမဖြစ်သလိုနေပေ့မဲ့မသိစိတ်ကြောင့်နေရခက်လှသည်၊ကလျာဆိုတဲ့မိန်းကလေးစိတ်ဆိုးနေသည်ဆိုတဲ့အသိဟာတော်တော်ကိုပူလောင်စေသည်၊
'ပါဆယ်ဗျို့!´
မခွေးမလေးဆင်းယူကာ
'ဘယ်သူဆီကလဲ၊မခွေးမလေး´
'ကလျာထိုက်ဆီကပါ၊မမလေး´
'အကြည်ကိုပေး၊´
ပျော်ရွှင်စွာပါဆယ်ကိုဖောက်လိုက်တော့စာတစ်စောင်နဲ့သနပ်ခါးများပင်ဖြစ်သည်၊
*သို့ခင်မေကြည် 
                   ရွှေဘိုသနပ်ခါးတွေဟာခင်မေကြည်အတွက်မဟုတ်ပါ၊တို့ချစ်တဲ့အကြည်နဲ့သမီးလေးကလျာခင်ကြည်အတွက်ပါ၊
                                အကြည်ရဲ့ကလျာ*
သနပ်ခါးတုံးကိုတချက်နမ်းရှိုက်ကာငိုနေပြန်သည်၊
'အကြည်...အကြည်လိမ်းမှာ...ဘယ်နုယ့်တော်၊အကြည်ပဲလိမ်းမှာ၊ကလျာပေးတာအကြည်လိမ်းမှာ´
အသံများတုန်ကာမျက်ရည်ကျလာသည်၊
စာမလာသတင်းမကြားသိမှာကြည်ပြီမို့ဝမ်းသားမျက်ရည်ကျမိသည်၊
မျက်ရည်တွေဟာသနပ်ခါးတုံးများပေါ်ပင်စီးကျကုန်သည်၊ငိုချင်သည်၊ခင်မေကြည်မျက်ရည်များပေါသလားထင်ရသည်၊
တပတ်နေတော့သူပို့တဲ့ဇီးထန်းလျက်ကိုပါးစပ်ထဲငုံကာ
'ပြန်မလာတော့ဘူးလား´
'လွမ်းနေသလား´
အသံကြားတော့ပြုံးကာ
'ကလျာ?´
တင်းကျပ်စွာဖက်လိုက်ပါသည်၊ဘာကိုမှမသိချင်တော့ပါ၊တွေ့ချင်သူရောက်လာရုံနဲ့တင်ရပါပြီလေ
'လွမ်းနေသလား၊အကြည်´
'လွမ်းတယ်ပြောရင်အကြည်လို့သတ်မှတ်ဦးမှာလား´
'အကြည်နဲ့တူရင်ခင်မေကြည်လည်းတို့အချစ်ကိုရမှာပဲ´
'ဟွန်း´
'ဘာလို့လဲ´
'ဒီလိုသာဆိုအကြည်နဲ့တူတဲ့လူတွေ့ရင်ကလျာကိုချစ်မှာပေါ့´
'ဒါပေါ့´
'ဟာ´
'ဟားဟား..နောက်တာပါ၊အကြည်ဟာအကြည်ပဲ၊အကြည်နဲ့တူတဲ့လူထပ်ပေါ်လာရင်တောင်တို့ချစ်တာမင်းပဲ၊အကြည်´
'မမလေးရေ!!ကလျာလေးလမ်းလျှောက်နေပြီ!!!´
အိမ်ထဲကအော်သံကြောင့်ခင်မေကြည်နဲ့ကလျာဧည့်ခန်းထဲကြေးဝင်သွားတော့
'သမီးလေး!´
ကလေးမလေးကဧည်းခန်းတံခါးဝကိုကြည့်ကာလက်ကလေးဆန့်ကာဖင်လေးနောက်ပစ်ပြီးယိုင်နဲ့နဲ့နုင့်စလှမ်းလိုက်သည်၊
တစ်လှမ်း၊နုစ်လှမ်း၊သုံးလှမ်းမြောက်မှာပြန်လဲကျသွားသည်၊လဲကျသွားတော့မိဘကိုအားကိုချင်စိတ်ပေါ်ကာငိုလာတော့သည်၊
'ကလျာလေးရေ၊သမီးလေးရေ၊မေမေကြီးဆီလာပါဦး´
လပ်ခုတ်လက်ဝါးတီးကာအော်ခေါ်တော့ဆက်မငိုပဲလက်ကလေးနဲ့ကြမ်းပြင်ထောက်ကာပြန်ထကာလှမ်းလာသည်၊တစ်လှမ်း၊နုစ်လှမ်းနောက်ဆုံးတော့မိခင်လက်ထဲရောက်သွားသည်၊
'အမယ်လေး၊မေမေသမီးလေးကတော်လိုက်တာ၊´
'အဲ့တာတို့နဲ့တူတာလေ၊´
'ဘယ်ကသာ၊အကြည်နဲ့တူတာ၊ဟုတ်တယ်နော်၊မေမေကြီးသမီးလေးကမေမေကြီးနဲ့တူတာ´
ရယ်သံလေးတွေတွေနဲ့အိမ်ကြီးဟာသာယာလှသည်၊

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now