Part16

2.2K 242 0
                                    

အိမ္ပင္မျပန္ဘဲကလ်ာထိုက္ခင္ေမၾကည္တို႔သားအမိနဲ႔ေနျဖစ္သည္၊
'ကလ်ာ´
အိပ္ရာေပၚလဲေလ်ာင္းေနသူေဘးပစ္လဲခ်လိုက္ေတာ့၊ရင္ခြင္ထဲဝင္ကာအေႏြးဓာတ္ယူရင္းနဖူးေလးကိုနမ္းရိုွက္ေတာ့ပန္းနံ႔သင္းသင္းေလးကရေနေလ့ရဲ႕
'အၾကည္တို႔ပုဂံသြားရေအာင္´
'ပုဂံ?´
'အင္း၊မယ္မယ္ႀကီးေျပာတယ္ပုဂံကျမင္းကပါအရပ္မွာအိမ္ရွိတယ္တဲ့´
'အဲ့အိမ္ကိုကိုယ္တို႔ေတြေရာက္ဖူးၿပီးသားေလ၊အၾကည္´
'အၾကည္ေတာင္းပန္ပါတယ္´
'ဘာကိုလဲ´
'လွပတဲ့အတိတ္ေတြကိုမွေ႐ြးၿပီးေမ့မိလို႔´
'အၾကည္ရယ္...´
တကယ္တမ္းလွပတဲ့အတိတ္ဆိုတာအနည္းငယ္ပါ
တို႔တေတြနာက်င္ခဲ့ရတာမ်ားသား...
အခ်စ္ေၾကာင့္ရူးမိုက္ခဲ့ေတာ့ေပ်ာ္ခဲ့ရတယ္
ရုတ္တရပ္ျပန္ဝင္လာတဲ့အသိစိတ္ေၾကာင့္
တို႔တေတြကြဲၾကျပန္တာပါပဲေလ
တကယ္တမ္းအၾကည္အတိ္တ္ေမ့သြားတာဟာ
အေကာင္းဆံုးပါပဲ
'ပုဂံဘုရားဖူးခ်င္တယ္၊ကလ်ာ´
'ေဆာင္းတြင္းႀကီးအၾကည္၊ပုဂံမွာအရမ္းေအးမွာ´
'ေအးပါေစ၊အၾကည္မွာအေႏြးဓာတ္ေပးမယ္လူရွိၿပီးသားပါ´
မ်က္ေစာင္းကေလးထိုးကာေျပာလာေလသူရယ္
တို႔ေတာ့အၾကည္မ်က္ေစာင္းေလးေအာက္မွာ
အရည္ေပ်ာ္ေလၿပီ
'ေျပာတတ္လိုက္တာအၾကည္ရယ္၊ေျပာပါ၊အခုသြားခ်င္သလား၊တို႔လိုက္ပို႔ပါ့မယ္´
'အိုေတာ္...အခုေတာ့ဟုတ္ပါဘူးရယ္၊အထုတ္ေတြျပင္ရဦးမယ္ေလေတာ္´
သမီးကငယ္ေသးတာမို႔ထားရစ္ကာႏုစ္ေယာက္သားပုဂံကိုထြက္ခဲ့သည္၊ပုဂံမနက္ဟာေႏြလိုေခါင္သေလာက္၊ညေတြကအေအးကဲသည္၊
'အၾကည္´
'ရွင္´
'အေႏြးဓာတ္ရနည္းအသစ္ေလးစမ္းမလားကြယ္´
'ဘာႀကီးတုန္းေတာ့´
'သိခ်င္လာေလ´
ကုတင္ေပၚကေနလွမ္းေခၚေတာ့အနားေရာက္ေတာ့မွာအတင္းဆြဲလွဲခ်ထလိုက္ေတာ့
'ကလ်ာ!´
'တို႔ရဲ႕အၾကည္ေလး၊´
နဖူးကိုတစ္ခ်က္ရိႈက္ကာနမ္းလိုက္သည္၊
'တို႔ရဲ႕အညာသူေလး´
ႏုာဖ်ားေလးကိုတခခ်က္နမ္းလိုက္ျပန္သည္၊
'တို႔သိပ္ခ်စ္တဲ့ဗမာမေလး´
ႏႈတ္ခမ္းႏုစ္ခုထိကပ္ကာနမ္းေလေတာ့ရွက္သြားေလ့ရဲ႕၊နား႐ြက္ကေလးေတြနီျမန္းေနလိုက္တာ
'တို႔အပိုင္ပဲလုပ္ပါေတာ့လား၊ခင္ေမၾကည္ရယ္´
ဆံႏြယ္ေတြကျဖည္ခ်ေပးကာနမ္းရိႈက္လိုက္သည္၊
ႏုင္းဆီပြင့္ႀကီးေခါင္းေပၚကလိမ့္ဆင္းလာပံုဟာေလ
ကိုယ္ခ်စ္သူရဲ႕အလွဟာစာဖြဲ႕လိုေတာင္မရေအာက္လွသည္၊
အညာသူေလးဟာအျဖဴမေတြနဲ႔ကြဲျပားကာလွေနသည္၊
'ကလ်ာ၊သိပ္အတင့္ရဲတာပါပဲ၊အၾကည္မ်က္ႏုာဘယ္နားသြားထားရမလဲကြယ္´
'အလံုၿခံဳဆံုးေနရာ၊တို႔ရင္ခြင္ထဲထားလိုက္ပါ´
လွခ်င္တိုင္းလွေနေသာပန္းကိုခူးဆြတ္လိုသူမ်ားသလို
တို႔ရဲ႕အၾကည္ကိုလည္းလိုခ်င္သူကမ်ားသာ
တခ်ိဳ႕ရက္ေတြအၾကည္နဲ႔အျပင္သြားရင္
ေယာက်ာ္းေတြလိုက္ျကည့္တိူ႔မႀကိဳက္ေပ
ကေလးတစ္ေယာက္မေအျဖစ္ေနတာေတာင္လိုခ်င္သူကေပါတုန္းကြယ္
ဘယ္ႏုယ့္မ်ားစိတ္ခ်ရပ႕၊
'တို႔ေတာ့ေလ၊အၾကည္ကိုစိတ္မခ်ေလဘူး´
'ဘာလိုတုန္း´
ရင္ခြင္ထဲကေနေမာ့ကာေမးလာသူေလး
'တို႔သာအရင္ေသသြားရင္၊အၾကည္ကိုဘယ္သူေစာင့္ေရွာက္မတုန္း´
'အို...ဘာစကားလဲကြယ္´
ရင္ခြင္ထဲကထြက္ၿပီးမ်က္ႏုာခ်ငး္ဆိုင္ထိုင္ကာ
'သေဘာပါ၊အၾကည္ရဲ႕´
'ေတာ္ပါရွင္၊အၾကည္ေဘးနားမွကလ်ာမရွိရင္အၾကည္ဘယ္ႏုယ္ေနရပါ့´
ဝမ္းနည္းသြားသည့္သူမဟာေခါင္းေလးငံုသြားသည္၊
'အၾကည္ရယ္၊တို႔ႏုစ္ေယာက္ကနီးေနပ႔မဲ့ဘာေၾကာင့္ေဝးရမယ္လို႔စိတ္ကထင္ေနသလဲမသိပါဘူး´
'ဒါဆိုလည္းမနက္ျဖန္စြယ္ေတာ္ေလးဆူသြားဖူးမယ္၊အဲ့မွာဆုေတာင္း´
'ဘာလို႔လဲ´
'ေၾသာ္ေရွးလူႀကီးေတြေျပာတယ္၊စြယ္ေတာ္ေလးဆူမွာဆုတခုကိုစိတ္ကျပင္းျပင္းပ်ပ်နဲ႔ေတာင္းရင္တကယ္ရတယ္တဲ့´
'ဟုတ္ပါၿပီ၊မနက္က်သြားဖို႔အခုေတာ့အိပ္ၾကမယ္´
'ရိုးရိုးပဲအိပ္မွာေနာ္´
'ဆန္းဆန္းေလးအိပ္ခ်င္ဘူးလား´
'အိပ္ခ်င္ဘူးေတာ္´
နႈတ္ခမ္းေလးဆူကာေျပာၿပီးေဘးမွာေစာင္ၿခံဳဝင္အိပ္ေလသူကိုဖက္ကာအိပ္လိုက္သည္၊
ေ႐ႊစည္းခံု၊တုရင္းေတာင္၊တန္ၾကည့္ေတာင္၊ေလာကနႏၵစြယ္ေတာ္ေလးဆူအသီးသီးဖူးေမ်ွာ္ၿပီးေနာက္မွာ
'ကလ်ာ၊ဘာဆုေတာင္းလဲ´
'ဆုေတာင္းကေျပာျပရင္မျပည့္တတ္ဘူး၊ဒါေပမဲ့ေသခ်ာတာဟာတို႔ႏုစ္ေယာက္အတြက္ပဲအၾကည္´
ေလာကနႏၵာေဘးကဧရာဝတီျမစ္ႀကီးကိုၾကည့္ေနမိသည္၊ညေနေစာင္းေတာ့ေလစိမ္းတိုက္လာသည္၊ေအးစက္ေနတဲ့လက္ေတြကိုဆုပ္ကိုင္ေပးလာေတာ့ေႏြးလာသည္၊
'ခ်စ္တယ္၊အၾကည္´
အၾကည္မ်က္ႏုာမွာအၿပံဳးေလးနဲ႔
'အၾကည္လည္းခ်စ္ပါတယ္၊ကလ်ာ´
'စြယ္ေတာ္ေလးဆူကိူရည္မွန္းကာဆုေတာင္းပါသည္၊ခ်စ္ရသူနဲ႔ေနာင္ဘဝက်လ်ွင္ေပါင္းရပါေစသား´
အခ်စ္ႀကီးသူတစ္ဦးရဲ႕ဆုေတာင္းဟာပုဂံေျမမွာရွိေလသည္၊
Unicode
အိမ်ပင်မပြန်ဘဲကလျာထိုက်ခင်မေကြည်တို့သားအမိနဲ့နေဖြစ်သည်၊
'ကလျာ´
အိပ်ရာပေါ်လဲလျောင်းနေသူဘေးပစ်လဲချလိုက်တော့၊ရင်ခွင်ထဲဝင်ကာအနွေးဓာတ်ယူရင်းနဖူးလေးကိုနမ်းရိုှက်တော့ပန်းနံ့သင်းသင်းလေးကရနေလေ့ရဲ့
'အကြည်တို့ပုဂံသွားရအောင်´
'ပုဂံ?´
'အင်း၊မယ်မယ်ကြီးပြောတယ်ပုဂံကမြင်းကပါအရပ်မှာအိမ်ရှိတယ်တဲ့´
'အဲ့အိမ်ကိုကိုယ်တို့တွေရောက်ဖူးပြီးသားလေ၊အကြည်´
'အကြည်တောင်းပန်ပါတယ်´
'ဘာကိုလဲ´
'လှပတဲ့အတိတ်တွေကိုမှရွေးပြီးမေ့မိလို့´
'အကြည်ရယ်...´
တကယ်တမ်းလှပတဲ့အတိတ်ဆိုတာအနည်းငယ်ပါ
တို့တတွေနာကျင်ခဲ့ရတာများသား...
အချစ်ကြောင့်ရူးမိုက်ခဲ့တော့ပျော်ခဲ့ရတယ်
ရုတ်တရပ်ပြန်ဝင်လာတဲ့အသိစိတ်ကြောင့်
တို့တတွေကွဲကြပြန်တာပါပဲလေ
တကယ်တမ်းအကြည်အတိ်တ်မေ့သွားတာဟာ
အကောင်းဆုံးပါပဲ
'ပုဂံဘုရားဖူးချင်တယ်၊ကလျာ´
'ဆောင်းတွင်းကြီးအကြည်၊ပုဂံမှာအရမ်းအေးမှာ´
'အေးပါစေ၊အကြည်မှာအနွေးဓာတ်ပေးမယ်လူရှိပြီးသားပါ´
မျက်စောင်းကလေးထိုးကာပြောလာလေသူရယ်
တို့တော့အကြည်မျက်စောင်းလေးအောက်မှာ
အရည်ပျော်လေပြီ
'ပြောတတ်လိုက်တာအကြည်ရယ်၊ပြောပါ၊အခုသွားချင်သလား၊တို့လိုက်ပို့ပါ့မယ်´
'အိုတော်...အခုတော့ဟုတ်ပါဘူးရယ်၊အထုတ်တွေပြင်ရဦးမယ်လေတော်´
သမီးကငယ်သေးတာမို့ထားရစ်ကာနုစ်ယောက်သားပုဂံကိုထွက်ခဲ့သည်၊ပုဂံမနက်ဟာနွေလိုခေါင်သလောက်၊ညတွေကအအေးကဲသည်၊
'အကြည်´
'ရှင်´
'အနွေးဓာတ်ရနည်းအသစ်လေးစမ်းမလားကွယ်´
'ဘာကြီးတုန်းတော့´
'သိချင်လာလေ´
ကုတင်ပေါ်ကနေလှမ်းခေါ်တော့အနားရောက်တော့မှာအတင်းဆွဲလှဲချထလိုက်တော့
'ကလျာ!´
'တို့ရဲ့အကြည်လေး၊´
နဖူးကိုတစ်ချက်ရှိုက်ကာနမ်းလိုက်သည်၊
'တို့ရဲ့အညာသူလေး´
နုာဖျားလေးကိုတခချက်နမ်းလိုက်ပြန်သည်၊
'တို့သိပ်ချစ်တဲ့ဗမာမလေး´
နှုတ်ခမ်းနုစ်ခုထိကပ်ကာနမ်းလေတော့ရှက်သွားလေ့ရဲ့၊နားရွက်ကလေးတွေနီမြန်းနေလိုက်တာ
'တို့အပိုင်ပဲလုပ်ပါတော့လား၊ခင်မေကြည်ရယ်´
ဆံနွယ်တွေကဖြည်ချပေးကာနမ်းရှိုက်လိုက်သည်၊
နုင်းဆီပွင့်ကြီးခေါင်းပေါ်ကလိမ့်ဆင်းလာပုံဟာလေ
ကိုယ်ချစ်သူရဲ့အလှဟာစာဖွဲ့လိုတောင်မရအောက်လှသည်၊
အညာသူလေးဟာအဖြူမတွေနဲ့ကွဲပြားကာလှနေသည်၊
'ကလျာ၊သိပ်အတင့်ရဲတာပါပဲ၊အကြည်မျက်နုာဘယ်နားသွားထားရမလဲကွယ်´
'အလုံခြုံဆုံးနေရာ၊တို့ရင်ခွင်ထဲထားလိုက်ပါ´
လှချင်တိုင်းလှနေသောပန်းကိုခူးဆွတ်လိုသူများသလို
တို့ရဲ့အကြည်ကိုလည်းလိုချင်သူကများသာ
တချို့ရက်တွေအကြည်နဲ့အပြင်သွားရင်
ယောကျာ်းတွေလိုက်ကြည့်တိူ့မကြိုက်ပေ
ကလေးတစ်ယောက်မအေဖြစ်နေတာတောင်လိုချင်သူကပေါတုန်းကွယ်
ဘယ်နုယ့်များစိတ်ချရပ့၊
'တို့တော့လေ၊အကြည်ကိုစိတ်မချလေဘူး´
'ဘာလိုတုန်း´
ရင်ခွင်ထဲကနေမော့ကာမေးလာသူလေး
'တို့သာအရင်သေသွားရင်၊အကြည်ကိုဘယ်သူစောင့်ရှောက်မတုန်း´
'အို...ဘာစကားလဲကွယ်´
ရင်ခွင်ထဲကထွက်ပြီးမျက်နုာချငး်ဆိုင်ထိုင်ကာ
'သဘောပါ၊အကြည်ရဲ့´
'တော်ပါရှင်၊အကြည်ဘေးနားမှကလျာမရှိရင်အကြည်ဘယ်နုယ်နေရပါ့´
ဝမ်းနည်းသွားသည့်သူမဟာခေါင်းလေးငုံသွားသည်၊
'အကြည်ရယ်၊တို့နုစ်ယောက်ကနီးနေပ့မဲ့ဘာကြောင့်ဝေးရမယ်လို့စိတ်ကထင်နေသလဲမသိပါဘူး´
'ဒါဆိုလည်းမနက်ဖြန်စွယ်တော်လေးဆူသွားဖူးမယ်၊အဲ့မှာဆုတောင်း´
'ဘာလို့လဲ´
'သြော်ရှေးလူကြီးတွေပြောတယ်၊စွယ်တော်လေးဆူမှာဆုတခုကိုစိတ်ကပြင်းပြင်းပျပျနဲ့တောင်းရင်တကယ်ရတယ်တဲ့´
'ဟုတ်ပါပြီ၊မနက်ကျသွားဖို့အခုတော့အိပ်ကြမယ်´
'ရိုးရိုးပဲအိပ်မှာနော်´
'ဆန်းဆန်းလေးအိပ်ချင်ဘူးလား´
'အိပ်ချင်ဘူးတော်´
နှုတ်ခမ်းလေးဆူကာပြောပြီးဘေးမှာစောင်ခြုံဝင်အိပ်လေသူကိုဖက်ကာအိပ်လိုက်သည်၊
ရွှေစည်းခုံ၊တုရင်းတောင်၊တန်ကြည့်တောင်၊လောကနန္ဒစွယ်တော်လေးဆူအသီးသီးဖူးမျှော်ပြီးနောက်မှာ
'ကလျာ၊ဘာဆုတောင်းလဲ´
'ဆုတောင်းကပြောပြရင်မပြည့်တတ်ဘူး၊ဒါပေမဲ့သေချာတာဟာတို့နုစ်ယောက်အတွက်ပဲအကြည်´
လောကနန္ဒာဘေးကဧရာဝတီမြစ်ကြီးကိုကြည့်နေမိသည်၊ညနေစောင်းတော့လေစိမ်းတိုက်လာသည်၊အေးစက်နေတဲ့လက်တွေကိုဆုပ်ကိုင်ပေးလာတော့နွေးလာသည်၊
'ချစ်တယ်၊အကြည်´
အကြည်မျက်နုာမှာအပြုံးလေးနဲ့
'အကြည်လည်းချစ်ပါတယ်၊ကလျာ´
'စွယ်တော်လေးဆူကိူရည်မှန်းကာဆုတောင်းပါသည်၊ချစ်ရသူနဲ့နောင်ဘဝကျလျှင်ပေါင်းရပါစေသား´
အချစ်ကြီးသူတစ်ဦးရဲ့ဆုတောင်းဟာပုဂံမြေမှာရှိလေသည်၊

ခ်စ္တဲ့အၾကည္(ချစ်တဲ့အကြည်)completed Where stories live. Discover now